မင်းသား Song Seung Heon က”Player”ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်တွေဆီက ဒီစကားမျိုးကြားချင်ပါတယ်တဲ့…
ဒီဇာတ်ကားမှာ Song Seung Heon ဟာ အမှန်မဟုတ်တာတောင် တစ်ဖက်သားယုံသွားလောက်တဲ့အထိလှည့်စားတာကျွမ်းကျင်သူ၊လှည့်ကွက်တွေမျိုးစုံဖန်တီးနိုင်သူ Kang Ha Ri ဆိုသူအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီး မင်းသမီးKrystal ကိုတော့ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းယာဉ်မောင်ငးကျွမ်းကျင်သူ Cha Ah Ryung အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။Lee Si Eon ကိုတော့ ဥာဏ်ကောင်းပြီးကျွမ်းကျင်တဲ့ဟက်ခ်ကာတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်သလို Tae Won Suk ကို Do Jin Woong ဆိုတဲ့ဖိုက်တာတစ်ယောက်အဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Unicode
နာမည်ကျော်တောင်ကိုရီးယားမင်းသားချော Song Seung Heon ဟာ သူ့ရဲ ့အသစ်ထွက်ရှိလာမယ့်ဒရာမာဇာတ်လမ်းတွဲအသစ် “Player” နဲ့ပတ်သက်လို့ အင်တာဗျူးမှာ အနည်းငယ်ပြောပြသွားခဲ့တယ်လို့သိရပါတယ်။”Player” ဇာတ်လမ်းတွဲဟာ အချစ်ဇာတ်လမ်းပုံစံမဟုတ်ပဲ အရည်အချင်းကိုယ်စီရှိကြတဲ့ဇာတ်ကောင်တွေပေါင်းစညး်ပြီး လက်တုံ့ပြန်ကြတဲ့ဇာတ်လမ်းမျိုး၊စိတ်လှုပ်ရှားစရာတွေ၊အသည်းယားတုန်လှုပ်စရာဇာတ်လမ်းဇာတ်ကွက််တွေနဲ့ဖန်တီးထားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Song Seung Heon ဟာ အမှန်မဟုတ်တာတောင် တစ်ဖက်သားယုံသွားလောက်တဲ့အထိလှည့်စားတာကျွမး်ကျင်သူ၊လှည့်ကွက်တွေမျိုးစုံဖန်တီးနိုင်သူ Kang Ha Ri ဆိုသူအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီး မင်းသမီးKrystal ကိုတော့ ကိုရီးယားနိုင်ငံရဲ ့ထိပ်တန်းယာဉ်မောင်ငးကျွမ်းကျင်သူ Cha Ah Ryung အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။Lee Si Eon ကိုတော့ ဉာဏ်ကောင်းပြီးကျွမ်းကျင်တဲ့ဟက်ခ်ကာတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်သလို Tae Won Suk ကို Do Jin Woong ဆိုတဲ့ဖိုက်တာတစ်ယောက်အဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
“Player” ဇာတ်ကားနဲ့ပတ်သက်ပြီး Song Seung Heon က “ဒီဇာတ်ကားပုံစံနဲ့ဇာတ်ကောင်ကို အရင်က တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်လို့ အရာအားလုံးက အသစ်အဆန်းဖြစ်နေပြီး စိတ်လှုပ်ရှားစရာတွေဖြစ်နေပါတယ်။ကျွန်တော်အခုချိန်ထိ တစ်ခါမှ
မလုပ်ဖူးတဲ့ပုံစံမျိုးကို ကြိုးစားပြီးသရုပ်ဆောင်သွားရမှာပါ။Ha Ri ဟာ အတိတ်မှာနာကျင်စရာတွေပြည့်နှက်နေခဲ့ပေမဲ့ အပြင်ပန်းမှာတော့ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတဲ့ပုံပေါက်နေပြီး တောက်ပတဲ့ပုံစံကိုပဲ ပြဖို့ကြိုးစားနေတဲ့ကာရိုက်တာပါ။အပြင်မှာ မာကျောသန်မာသလိုဟန်ဆောင်နေပေမဲ့ တကယ့်အထဲမှာတော့ နာကျင်မှုတွေအပြည့်နဲ့ဂရုစိုက်မှုလိုအပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
သူ့ရဲ့တွဲဖက်အနုပညာရှင်တွေနဲ့ပတ်သက်လို့မေးမြန်းကြည့်တဲ့အခါမှာလည်း သူဟာ “Lee Si Eon ၊ Do Jin Woong နဲ့ f(x)’s Krystal တို့က သူတို့ရဲ့ဇာတ်ကောင်စရိုက်ကိုယ်စီနဲ့ တကယ့်ကို အံဝင်ခွင်ကျလိုက်ဖက်နေပါတယ်။တစ်ခြားသူတွေ သူတို့နေရာမှာသရုပ်ဆောင်ဖို့ဆိုတာ မဖြစ်နို
င်ဘူးလို့တောင် ကျွန်တော်ထင်ပါတယ်။ပရိသတ်တွေ ဒီဇာတ်လမ်းတွဲကိုကြည့်တဲ့အခါ အံ့သြတကြီးနဲ့ ကြိုက်နှစ်သက်သွားကြပါလိမ့်မယ်။ဒီလိုတော်တဲ့သရုပ်ဆောင်တွေရဲ့ကြိုးစားမှုက ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်စေမယ်ဆိုတာ ကျွန်တော်ယုံထားပါတယ်”ဆိုပြီးချီးကျူးစကားပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မင်းသား Song Seung Heon က “Kang Ha Ri ဆိုတဲ့ဇာတ်ကောင်နေရာမှာ မင်းသား Song Seung Heon ကလွဲလို့ တစ်ခြားသူသရုပ်မဆောင်နိုင်ဘူးဆိုတဲ့အသံမျိုး ကျွန်တော်ကြားချင်ပါတယ်။ပရိသတ်တွေ ဒီဇာတ်လမ်းကို လုံးဝလက်မလွှတ်နိုင်ဘူးလို့ ခံစားသွားရတဲ့အထိ ကျွန်တော်အကောင်းဆုံးလုပ်သွားမှာပါ။စက်တင်ဘာ ၂၉ရက်နေ့ကျရင် အကြိုပြသပွဲလုပ်မှာဖြစ်လို့ စိတ်ဝင်တစားစောင့်ပေးကြပါဦးလို့ တောင်းဆိုပါတယ်”ဆိုပြီးဖြေကြားသွားခဲ့ပါတယ်။
“Player” ရဲ ့ပထမဆုံးအပိုင်းကို စက်တင်ဘာ ၂၉ရက်နေ့ ကိုရီးယားစံတော်ချိန် ၁၀ နာရီ ၂ဝမိနစ်မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့သိရပါတယ်။ပရိသတ်တွေလည်း ဒီဇာတ်ကားကိုလက်မလွှတ်နိုင်ဖြစ်သွားမယ်ဆိုတာ သေချာပါတယ်။Teaser လေးအရင်ကြည့်လိုက်ပါဦး
128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.