သင်ရွေးချယ်ထားတဲ့သူက သင့်ကိုချစ်တဲ့သူဖြစ်ပါစေ😌😌
Unicode
လက်ရှိသင်ရွေးချယ်ထားတဲ့သူက သင့်ကိုချစ်တဲ့သူဖြစ်နေပါစေ…ဒီလိုပြောလို့ကိုယ်တိုင်မချစ်ပဲရွေးရမှာလားမေးလာမယ် ဒီလိုဆိုလိုတာမျိုးမဟုတ်ပင်မဲ့ သေချာတာကတော့ကိုယ့်ကိုချစ်တဲ့သူပဲဖြစ်နေပါစေ။ အတ္တကြီးတယ်ပဲပြောပြောတစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆို ကိုယ်တစ်ယောက်တည်းကပဲလိုက်ချစ် ကိုယ်ဘက်ကပဲတစ်ဖက်သတ်တွေခံစား ကိုယ်တစ်ယောက်တည်းပဲရူးရူးမိုက်မိုက်တွေပေးဆပ်၊ ကိုယ်တစ်ယောက်တည်းကပဲ သူ့ရဲ့ပြောင်းလဲလာမှုကို စိတ်ရှည်ရှည်နဲ့စောင့်နေတဲ့ လူပေါကြီးအဖြစ်မခံပါနဲ့။ လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ဒါကို တန်ဖိုးမထားတတ်တဲ့သူနား သွားပြီး ထုတ်ပြပြောပြလည်း ကျွဲပါးစောင်းတီးသလို၊ ခွေးမြီးကောက် ကျည်တောက်စွပ်သလိုဖြစ်နေမှာပါပဲ … ဒါကြောင့် လက်ရှိကိုယ်ရွေးချယ်ထားတဲ့သူ(သို့) ကိုယ်ရွေးချယ်မဲ့သူက ကိုယ့်ဘက်ကကြီးပဲချစ်နေရတာမျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ပါချစ်နေတဲ့သူမျိုးဖြစ်ပါစေ…ဆိုတော့ ချစ်တယ်မချစ်ဘူးဆိုတာ ပါးစပ်ပါတိုင်းချစ်တယ်ပြောနေလို့လည်းပြီးတာမျိုးတွေမဟုတ်ပါဘူး။
သူတို့ပါးစပ်က ထွက်လာတဲ့ချစ်တယ်ဆိုတဲ့စကားထက် ကိုယ့်အပေါ်ဆက်ဆံတဲ့အပြုမူနဲ့သာဆုံးဖြတ်ပါ…ဥပမာ-
(၁) ကိုယ်စိတ်ဆင်းရဲမှာစိုးရိမ်တာမျိုး
(၂) ကိုယ့်ကိုအဆုံးရှုံးမခံနိုင်တာမျိုး
(၃) ကိုယ့်အတွက်ဆိုပြီးသူ့မာနတစ်ချို့ကိုခဝါချပေးခဲ့တာမျိုး
(၄) နှစ်ယောက်တစ်ဘဝဆိုတဲ့နောင်ရေးရည်မှန်းချက်တွေရှိနေတာမျိုး(တကယ်ဖြစ်လာတာမဖြစ်လာတာအပထား ဒါကတော့ကံနဲ့ပဲဆိုင်တယ်)
(၅) ကိုယ့်အတွက်လိုအပ်ချိန်တိုင်းခွန်အားဖြစ်စေတာမျိုး
အများကြီးမဟုတ်ပါဘူး ဒီလောက်လေးတော့ ချစ်မိတဲ့သူတိုင်းလုပ်ပေးကြမှာအသေချာပဲ …ဒီလို အချက်မျိုးတွေနဲ့တောင် မကိုက်ညီပဲ သူနေချင်သလိုနေနေပြီးသင့်ကိုချစ်တယ်
ပြောနေရင်တော့ ရူးနေတယ်ပဲမှတ်ပြီးချက်ချင်းသာလမ်းခွဲပလိုက်ပါ။ 🤭အများဆုံးသင်ခံစားရ တစ်နှစ်ပေါ့ (သိပ်ချစ်နေရင်ပြောပါတယ်) နောက်ပိုင်းသင်သိသိလာမှာက လမ်းခွဲလိုက်တာမှန်သွားတယ်ငါ့ဆုံးဖြတ်ချက် မှန်သွားတယ်ဆိုတာပါပဲ…အစပိုင်းတော့နာကျင်ကောင်းနာကျင်မယ်… ကြာလာတဲ့အခါသင့်ရဲ့နာကျင်မှုက သင့်အပေါ်မချစ်တဲ့သူ မကြင်နာတဲ့သူနားမှာနေရတဲ့နာကျင်မှုထက်စာရင်
သက်သာတယ်ဆိုတာ သင်သဘောပေါက်လာမှာပါ။ ဆိုတော့ နောက်ဆုံးခြုံငုံပြောရရင် ဘယ်သူ့မျက်နှာ ဘယ်ဝါ့မျက်နှာ မှထောက်မနေပဲ သင့်အပေါ်မကောင်းဘူးဆိုတာ သေချာရင် ဒီလူနားက
နေမတုံ့မဆိုင်းချက်ချင်းသာပြေးထွက်လာလိုက်ပါ..ဒါကိုသာကျော်ဖြတ်နိုင်ရင် နောက်တစ်ကြိမ် စိတ်ပျက်စရာအချစ်ရေးမှာသင်မကျရှုံးတော့မှာအသေချာပါပဲ…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.