လက်ရှိယူတို့အသက်ဟာ ၂၀ ကနေ ၂၅ ၀န်းကျင်ဆိုရင် အချိန်မလွန်ခင်ဒါတွေကိုလုပ်နိုင်ပါစေ…
Unicode
အရွယ်ကောင်းလို့ဆိုရမဲ့အချိန်ပါပဲနော်…ဘယ်အတွက်အရွယ်ကောင်းတာလည်းဆိုရင်တော့ အားလုံးနီးပါးလုပ်လို့ကောင်းတဲ့အရွယ်မျိုးပါပဲ။ဒီလိုအရွယ်မှာ သင်ကိုယ်တိုင်လုပ်ကိုလုပ်သင့်တဲ့ အရာလေးတွေက ဘာလဲဆိုတာ…
(၁) လေ့လာပါ ၊ ကိုယ်တတ်ချင်သိချင်တဲ့အရာတွေစိတ်ဝင်စားတဲ့အရာတွေကို အပတ်တကုတ်လေ့လာပါ၊ ပင်ပန်းမှာ အကြောက်ပါနဲ့၊ ဒီအရွယ်ကတကယ်ကိုလေ့လာလို့ကောင်းတဲ့ လန်းဆန်းတဲ့အချိန်မလို့ပညာရသလောက်ယူပါ။
(၂) ဘုရားတရား လုပ်ပါ(ကိုးကွယ်တဲ့ဘာသာပေါ်မူတည်)ပြီးကိုယ့်ယုံကြည်ရာကို တလေးတစားကိုးကွယ်အချိန်ပေးပါ။ ပျော်ချိန်တန်ပျော် ဘုရားတရားလုပ်ချိန်တန်လုပ်ပါ။ ကုသိုလ်ဆိုတာ
ကြီးမှလုပ်ရမယ် ငယ်တုန်းမလုပ်ရဘူးမသတ်မှတ်ထားပါဘူး။ ဘယ်အချိန်သေမှာမှန်းမသိလို့အချိန်ရှိတုန်းရအောင်ယူပါ။
(၃) စွန့်လွှတ်ပါ၊ တစ်ခုခုကို စွန့်လွှတ်ဖို့မကြောက်ပါနဲ့ အရှုံးပေးခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်အတွက်မကောင်းဘူးထင်တဲ့အရာ ကိုယ့်အတွက်မကောင်းဘူးထင်တဲ့သူကို ကိုယ့်အနားကနေ
စွန့်ပစ်လိုက်ဖို့တွန့်ဆုတ်မနေပါနဲ့။ တုန်လှုပ်မနေပါနဲ့။🤨
(၄) အလွယ်လမ်းမှာမမွေ့ပျော်ပါနဲ့။ ကြမ်းတမ်းတယ်ဆိုတဲ့လမ်းတွေ ခက်ခဲတယ်ဆိုတဲ့လမ်းတွေကို ပါအန္တရာယ်ကင်းကင်းနဲ့ထိုးဖောက်နိုင်အောင်ကြိုးစားပါ။🙃
(၅) ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်ချင်တာလည်းအသေချာဆုံးဖြတ်ပါ။ ဒီအရွယ်ဟာကိုယ့်ကိုယ်ကိုယ်ထိန်းကြောင်းဖို့ လိုအပ်တဲ့အရွယ် ကိုယ့်အသက်မွေးဝမ်းကြောင်းကိုယ့်ဘဝရပ်တည်မှုကို
ရှာဖွေရမဲ့အရွယ်ဖြစ်နေပါပြီ။ ဒါကြောင့် နောင်တစ်ချိန်အေးအေးလူလူနေနိုင်ဖို့ အခုတည်းက ဦးတည်ချက်တစ်ခုနဲ့ရပ်တည်နိုင်ပါစေ…🙌🙌
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.