နေ့ရက်တွေကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ အဓိကလိုအပ်တဲ့ ဘဝနေထိုင်မှုပုံစံ🔮

အကြောင်းပြချက် ရေရရာရာမရှိပဲနဲ့လည်း ကျွန်တော်တို့တစ်ခါတစ်လေ စိတ်ဓာတ်ကျ ၊ ပင်ပန်းနွမ်းနယ်နေသလို ခံစားရပါတယ်။ စိတ်ဓာတ်ကျခြင်း ၊ မပျော်ရွှင်ဖြစ်ရတယ်ဆိုတာ များစွာသောအကြောင်းပြချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းဓာတ် မညီမျှမှု ၊ ဖိအားများတဲ့ ဘဝနေထိုင်မှု စတဲ့အကြောင်းပြချက်တွေကြောင့်ပါ။ တစ်ချို့ ကြုံတွေ့လိုက်ရတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့အနေနဲ့ မထိန်းချုပ်နိုင်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီလို အခြေအနေကြုံတွေ့လာခဲ့ရင် ဘယ်လိုကိုင်တွယ်ဖြေရှင်း နေထိုင်ကြမလဲ ?

ဝေဖန်မှု

ကိုယ်တိုင်ကိုဖြစ်စေ ၊ တစ်ဦးတစ်ယောက်ကိုဖြစ်စေ ပြင်းထန်တဲ့ဝေဖန်မှုဟာ မင်းကို ဘယ်လိုမှစိတ်ချမ်းသာစေမှာမဟုတ်ပါဘူး။ အကောင်းမမြင်တဲ့ ဝေဖန်မှုဟာ မင်းဆီက potential တွေကို လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း ပျက်စီးစေပါတယ်။ သူများရဲ့အားနည်းချက်တွေကို လိုက်ပြီးဝေဖန်တိုက်ခတ်တာတွေရပ်လိုက်ပါတော့။ ဒီအကျင့်ဟာ မင်းကိုပိုအားလျော့စေတယ်။

အတိတ်ကဖြစ်ပြီးအမှားတွေနဲ့ အပြစ်ရှိသလိုခံစားနေရခြင်း


လူတိုင်း အမှားနဲ့မကင်းပါဘူး။ ဒါဟာ ဘဝကပို့ချပေးတဲ့ အကောင်းသန်ခန်းစာကြီးပါ။ ယူတတ်ရင်တော့ တန်ဖိုးရှိတာပေါ့။ ပြီးခဲ့တဲ့ အမှားတွေအတွက် နောင်တရသင့်သလောက်ရပြီး ရှေ့ဆက်ဖို့ ကြိုးစားပါ။ ဒီလိုအပြစ်ရှိစိတ်တွေကို လက်ရှိချိန်ထိသယ်လာပြီး ကိုယ့်ကိုကိုယ် ထပ်ပြီးလမ်းကြောင်းလွဲအောင်မလုပ်နဲ့။ တစ်ယောက်ယောက်အပေါ် အမှားလုပ်မိတယ်ထင်ရင် တောင်းပန်လိုက်ပါ။ မာနတင်းခံပြီး ကိုယ့်ကိုကိုယ်မနှိပ်စက်ပါနဲ့။

အကြောက်တရားကို ရင်ဆိုင်ပါ


အင်တာဗျုးသွားဖြေရမှာကို ကြောက်လား၊ စင်ပေါ်တက်ရမှာ ကြောက်လား ၊ လူတွေများတဲ့နေရာကို
သွားရမှာကြောက်လား ၊ ရေကူးရမှာ ကြောက်လား ၊ ဘာတွေ ကြောက်လဲ ? မင်းကြောက်တဲ့အရာတွေအကုန်လုံး ချရေးပြီး အကုန်လုပ်ပစ်လိုက်။ အကြောက်တရားကို အနိုင်ယူပါ။ အေးဆေး သက်တောင့်သက်သာဖြစ်တဲ့နေရာမှာပဲ ခိုကပ်မနေပါနဲ့။ ကိုယ်တိုင် ကြိုးစားအားထုတ်ရတဲ့ အရာတွေကို အခုချက်ချင်းပဲလုပ်ဆောင်လိုက်ပါ။

ထိန်းချုပ်မှု


တစ်ခု မင်းမှတ်ထားရမှာက အရာအားလုံးကို ထိန်းချုပ်လို့မရဘူးဆိုတာပါပဲ။ ဖြစ်ပျက်လာတဲ့ ကိစ္စတွေ ၊ လူတစ်ယောက်ယောက်ကိုပဲဖြစ်စေ မင်းအနေနဲ့ လိုက်ပြီးထိန်းချုပ်လို့မရပါဘူး။ ထိန်းချုပ်ဖို့ ကြိုးစားလေမင်းမှာ စိတ်ဖိစီးမှုပိုရလေပါပဲ။ အခြားလူအတွက် တာဝန်ကြီးတစ်ခုလို လိုက်ပြီးထိန်းချုပ်နေတာတွေ တော်ပါတော့။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေပြီး စိတ်ကိုဖွင့်ထားပါ။ လူတိုင်းဟာ မတူညီနိုင်ပါဘူး။ သူ့စိတ် ၊ သူ့ခံစားချက်နဲ့ ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။ ဒါကို လက်ခံနိုင်ဖို့ လိုပါတယ်။

မင်းသာလျှင် မင်းဘ၀အတွက် တာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် အခြားအရာတွေ၊ လူတွေကို လိုက်ထိန်းချုပ် ၊ ဝေဖန်နေမယ့်အစား ကိုယ့်ကိုကိုယ်သာ ကောင်းအောင်နေပါ။ တစ်နေ့မှာ မင်းဟာကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံးလူသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

193 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.