သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲကြီးကို တပျော်တပါးကျင်းပခဲ့တဲ့ Cara Delevingne

Happy belated birthday, Cara Delevingne! 🎈🎉🎉

Cara Delevingne, Ashley Benson, Celebs, Birthday

မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်တဲ့ Cara ကတော့ အသက် ၂၆နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ကို အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Ashley Benson, Kate Beckinsale, Suki Waterhouse, Zoë Kravitz, Sienna Miller and Margot Robbie တို့နဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ပါတယ်။

Cara Delevingne, Ashley Benson, Celebs, Birthday

ပြီးခဲ့တဲ့ စနေနေ့က မွေးနေ့ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Benson နဲ့ဆို ထွက်ရှိလာတော့မယ့် ”Her Smell” ရုပ်ရှင်ကားမှာ အတူတူပါဝင် သရုပ်ဆောင်ထားပြီး Beckinsale နဲ့ ၂ဝ၁၄ခုနှစ်စက The Face of an Angel ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ထွက် Suicide Squad မှာ Robbieနဲ့အတူတူသရုပ်ဆောင်ခဲ့ရပါတယ်။

Cara နဲ့ Benson တို့ဟာ ပြီးခဲ့တဲ့လကလည်း ခရီးတွေအတူတူသွားခဲ့ကြတာဖြစ်ပါတယ်။ Cara ကိုယ်တိုင်ကလည်း သူမရဲ့Bisexuality နဲ့ပတ်သတ်ပြီး ပွင့်လင်းစွာ ပရိတ်သတ်တွေကို ဖွင့်ဟပြီးနောက် လွတ်လွတ်လပ်လပ်ပဲ သွားလာနေထိုင်နေတာ တွေ့ရပါတယ်။

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.