ဒီအရာေတြအတြက္ေၾကာင့္ေတာ့ ဘယ္ေတာ့မွ မေတာင္းပန္ပါနဲ႔…🍀

တစ္ခါတစ္ေလ ကုိယ္တုိ႔ေတြေတာင္းပန္ၾကတယ္။ဘာလို႔လဲဆုိေတာ့ ကုိယ္ေျပာလိုက္တဲ႔စကားေၾကာင့္ တစ္ျခားသူစိတ္ထဲဘယ္လိုျဖစ္သြားမလဲ၊စိတ္မေကာင္းမ်ားျဖစ္သြားသလားစသျဖင့္
အစုိးရိမ္လြန္ၾကတဲ႔အတြက္ေၾကာင့္ပါ။ဒါေပမဲ႔ ေတာင္းပန္စရာမလိုတဲ႔၊ေတာင္းပန္ဖုိ႔မလိုအပ္တဲ႔ အေျခအေနေတြအမ်ားၾကီးရွိေနပါတယ္။ကုိယ္ေတြကေတာင္းပန္သင့္တယ္ထင္ေပမဲ႔ ေတာင္းပန္စရာမလိုတဲ႔အေျခအေနေတြကုိ Trend ပရိသတ္ၾကီးလည္းသိေအာင္ ျပန္လည္မ်ွေ၀ေပးလိုက္ပါတယ္။

*No လုိ႔ေျပာမိတဲ႔အတြက္ ေတာင္းပန္စရာမလိုပါဘူး

လူတုိင္းမွာ ကုိယ့္အတုိင္းအတာနဲ႔ကုိယ္ ကုိယ့္စီမံခ်က္နဲ႔ကုိယ္ရွိပါတယ္။ကုိယ္က ဒီအခ်ိန္မွာ ေအးေအးေဆးေဆးအနားယူမယ္လို႔ေတြးထားတဲ႔အခ်ိန္ တစ္ျခားသူကအကူအညီလာေတာင္းတဲ႔အခါ ျငင္းလိုက္မိျပီဆုိပါစုိ႔။အဲ႔ဒီအတြက္ ေတာင္းပန္စရာမလိုသလုိ မကူညီလုိက္ႏုိင္တဲ႔အတြက္ စိတ္မေကာင္းျဖစ္စရာလည္းမလိုပါဘူး။ကူညီမယ္ေျပာျပီး မကူညီပဲေနလိုက္တာထက္ အစကတည္းကျပတ္ျပတ္သားသား ျငင္းလုိက္တာက ပုိေကာင္းပါတယ္။စိတ္မပါပဲျပံဳးျပတာထက္စာရင္ မျပံဳးျပတာက ပုိျပီးစစ္မွန္ပါတယ္။

*ကုိယ့္အိပ္မက္ကုိ အေကာင္အထည္ေဖာ္မိတဲ႔အတြက္ ေတာင္းပန္စရာမလုိပါဘူး
အိပ္မက္ေတြက ကုိယ္ဘယ္သူလဲဆုိတာ ဖန္တီးေပးပါတယ္။ကုိယ့္အိပ္မက္ေနာက္ကုိလိုက္တဲ႔အတြက္ ဘယ္သူ႔ကုိမွေတာင္းပန္ဖုိ႔မလိုအပ္ပါဘူး။တစ္ျခားသူျဖစ္ေစခ်င္တဲ့အတုိင္း လုိက္မလုပ္ေပးႏုိင္လို႔ ေတာင္းပန္စရာမလိုပါဘူး။

*ကုိယ့္ရဲ႔ဦးစားေပးအရာေတြအတြက္ ေတာင္းပန္စရာမလိုပါဘူး
ကုိယ့္ရဲ ႔ဦးစားေပးအရာေတြထက္ တစ္ျခားဘယ္သူ႔ဆႏၵမွ လိုက္ေလ်ာစရာမလိုပါဘူးေနာ္။အျမဲတမ္း ကုိယ္ဘာျဖစ္ခ်င္တာလဲ။ကုိယ္တကယ္လိုခ်င္တာကဘာလဲဆုိတာ စဥ္းစားပါ။ဦးစားေပးပါ။ကုိယ့္ဆႏၵကုိယ္ပဲေရြးခ်ယ္မိလုိ႔ တစ္ျခားသူေတြကုိေတာင္းပန္စရာမလိုပါဘူး။ကုိယ့္ေရြးခ်ယ္မႈကုိ ေလးစားတဲ႔သူကသာကုိယ့္အတြက္အေရးပါတာပါ။

*အဆိပ္အေတာက္ေတြျပည့္ေနတဲ႔အခ်စ္ေရးကုိ စျပီးျဖတ္ေတာက္ခဲ႔ရလို႔ ေတာင္းပန္စရာမလိုအပ္ပါဘူး

အခ်စ္ေရးတစ္ခုအဆင္မေျပဘူး။ႏွစ္ေယာက္လံုးကလည္း ကုိယ္စီစိတ္ခ်မ္းသာမႈေတြမရဘူး။အဲ႔ဒါေၾကာင့္ အဲ႔ဒီအခ်စ္ေရးကုိ ကိုယ့္ဘက္ကစျပီးျဖတ္ေတာက္လိုက္တယ္ဆုိပါေတာ့။အဲ႔ဒီအတြက္ ေတာင္းပန္စရာမလိုအပ္သလို စိတ္မေကာင္းျဖစ္စရာလည္းမလိုပါဘူး။အဆင္မေျပတဲ႔အခ်စ္ေရးက
သင့္အတြက္ ဘာေကာင္းက်ိဳးမွမရေစပါဘူး။သင့္ရဲ ႔ျပတ္သားခိုင္မာမႈအတြက္၀မ္းသာဂုဏ္ျပဳေပးတဲ႔သူေတြနဲ႔သာ သင့္ဘ၀ကုိ ၀န္းရံေနပါေစ။

*ကုိယ့္ရဲ႔မျပည့္စံုမႈေတြအတြက္ ေတာင္းပန္ဖုိ႔မလိုအပ္ပါဘူး

လူတုိင္းကျပည့္စံုတယ္ရယ္မရွိပါဘူး။ကုိယ့္မွာ သူ႔မွာ တစ္ခုမဟုတ္တစ္ခုေတာ့ မျပည့္စံုၾကပါဘူး။အဲ႔ဒီအတြက္ ကုိယ့္အျပစ္ဆုိျပီး ေတာင္းပန္ဖုိ႔မလိုအပ္ပါဘူး။

*ကုိယ္ပုိင္ရပ္တည္မႈတစ္ခုအတြက္ ေတာင္းပန္စရာမလိုပါဘူး
လူတုိင္းက ကုိယ္မွန္တယ္ထင္တဲ႔ဘက္မွာပဲရပ္တည္ၾကတာပါ။ကုိယ္မွန္တယ္ဆုိတဲ႔ဘက္မွာရပ္တည္ေနလုိ႔ ကုိယ့္ကိုတုိက္ခိုက္လာတဲ႔အျပဳအမူေတြကုိ ကာကြယ္တာ၊ကုိယ္ယံုၾကည္တဲ႔အရာေတြကုိ ကာကြယ္တာျဖစ္လို႔ တစ္ျခားသူေတြကုိေတာင္းပန္စရာမလိုပါဘူး။

*အေျဖတိုင္းကုိမသိတဲ႔အတြက္ ေတာင္းပန္စရာမလိုပါဘူး

ေမးခြန္းရဲ႔အေျဖတုိင္းကုိ ဘယ္သူမွေတာ့အလံုးစံုမသိနုိင္ပါဘူး။ျဖည္းျဖည္းခ်င္းေလ့လာေနရတာပါ။ဒီလုိေလ့လာေနတဲ႔အခ်ိန္မွာ တစ္ေယာက္ေယာက္ကအေျဖကုိမသိရေကာင္းလားလို႔ေျပာလာရင္ေတာင္ ကိုယ္မသိတဲ႔အရာကုိမသိဘူးေျပာလိုက္ရတဲ႔အတြက္ေတာင္းပန္စရာမလိုပါဘူး။မသိတာကုိ ၀န္ခံရဲတာကုိက သတိၱတစ္မ်ိဳးပါပဲ။

*တစ္ျခားသူတစ္ေယာက္လုပ္ခဲ႔တဲ႔အမွားကုိ ေတာင္းပန္ဖုိ႔မလိုအပ္ပါဘူး
တစ္ခါတစ္ေလ တစ္ျခားတစ္ေယာက္လုပ္ခဲ႔ေပမဲ႔ ကုိယ္ကပဲၾကားထဲကေတာင္းပန္လုိက္တာမ်ိဳးရွိတတ္ပါတယ္။တကယ္ေတာ့ ေတာင္းပန္ဖုိ႔မလိုအပ္ပါဘူး။လူတုိင္းက ကုိယ္လုပ္တဲ႔အျပဳအမူအတြက္ ကုိယ္တာ၀န္ယူသင့္ပါတယ္။တစ္ျခားသူတစ္ေယာက္ရဲ႔အျပဳအမူေတြက လူမႈအဖြဲ႔အစည္းနဲ႔မသင့္ေတာ္ဘူး၊မွားယြင္းေနတယ္ဆုိရင္ေတာင္ သင္ေတာင္းပန္ေပးဖုိ႔မလိုပါဘူး။

*ျပန္လည္တံု႔ျပန္ဖုိ႔ေနာက္က်ေနတဲ႔အတြက္ ေတာင္းပန္စရာမလိုပါဘူး
ေအာင္ျမင္တဲ႔လူတစ္ေယာက္ဆုိတာ အလကားျဖစ္လာတာမဟုတ္ပါဘူး။ေသခ်ာစဥ္းစားဖုိ႔အတြက္ အခိ်န္ယူရပါတယ္။ေလာေလာ ေလာေလာနဲ႔ဆံုးျဖတ္လိုက္လို႔ မွားသြားရင္ အဲ႔ဒီအက်ိဳးဆက္က ကုိယ္ပဲရမွာပါ။အဲ႔ဒါေၾကာင့္ ဘယ္လိုကိစၥပဲျဖစ္ျဖစ္ဆံုးျဖတ္ေတာ့မယ္ဆုိရင္ အခ်ိန္ယူသင့္ပါတယ္။အဲ႔ဒီအတြက္ေၾကာင့္ ေတာင္းပန္စရာမလိုပါဘူး 🍀

Unicode

တစ်ခါတစ်လေ ကိုယ်တို့တွေတောင်းပန်ကြတယ်။ဘာလို့လဲဆိုတော့ ကိုယ်ပြောလိုက်တဲ့စကားကြောင့် တစ်ခြားသူစိတ်ထဲဘယ်လိုဖြစ်သွားမလဲ၊စိတ်မကောင်းများဖြစ်သွားသလားစသဖြင့်
အစိုးရိမ်လွန်ကြတဲ့အတွက်ကြောင့်ပါ။ဒါပေမဲ့ တောင်းပန်စရာမလိုတဲ့၊တောင်းပန်ဖို့မလိုအပ်တဲ့ အခြေအနေတွေအများကြီးရှိနေပါတယ်။ကိုယ်တွေကတောင်းပန်သင့်တယ်ထင်ပေမဲ့ တောင်းပန်စရာမလိုတဲ့အခြေအနေတွေကို Trend ပရိသတ်ကြီးလည်းသိအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

*No လို့ပြောမိတဲ့အတွက် တောင်းပန်စရာမလိုပါဘူး
လူတိုင်းမှာ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကိုယ့်စီမံချက်နဲ့ကိုယ်ရှိပါတယ်။ကိုယ်က ဒီအချိန်မှာ အေးအေးဆေးဆေးအနားယူမယ်လို့တွေးထားတဲ့အချိန် တစ်ခြားသူကအကူအညီလာတောင်းတဲ့အခါ ငြင်းလိုက်မိပြီဆိုပါစို့။အဲ့ဒီအတွက် တောင်းပန်စရာမလိုသလို မကူညီလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်စရာလည်းမလိုပါဘူး။ကူညီမယ်ပြောပြီး မကူညီပဲနေလိုက်တာထက် အစကတည်းကပြတ်ပြတ်သားသား ငြင်းလိုက်တာက ပိုကောင်းပါတယ်။စိတ်မပါပဲပြုံးပြတာထက်စာရင် မပြုံးပြတာက ပိုပြီးစစ်မှန်ပါတယ်။

*ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်မိတဲ့အတွက် တောင်းပန်စရာမလိုပါဘူး
အိပ်မက်တွေက ကိုယ်ဘယ်သူလဲဆိုတာ ဖန်တီးပေးပါတယ်။ကိုယ့်အိပ်မက်နောက်ကိုလိုက်တဲ့အတွက် ဘယ်သူ့ကိုမှတောင်းပန်ဖို့မလိုအပ်ပါဘူး။တစ်ခြားသူဖြစ်စေချင်တဲ့အတိုင်း လိုက်မလုပ်ပေးနိုင်လို့ တောင်းပန်စရာမလိုပါဘူး။

*ကိုယ့်ရဲ့ဦးစားပေးအရာတွေအတွက် တောင်းပန်စရာမလိုပါဘူး
ကိုယ့်ရဲ ့ဦးစားပေးအရာတွေထက် တစ်ခြားဘယ်သူ့ဆန္ဒမှ လိုက်လျောစရာမလိုပါဘူးနော်။အမြဲတမ်း ကိုယ်ဘာဖြစ်ချင်တာလဲ။ကိုယ်တကယ်လိုချင်တာကဘာလဲဆိုတာ စဉ်းစားပါ။ဦးစားပေးပါ။ကိုယ့်ဆန္ဒကိုယ်ပဲရွေးချယ်မိလို့ တစ်ခြားသူတွေကိုတောင်းပန်စရာမလိုပါဘူး။ကိုယ့်ရွေးချယ်မှုကို လေးစားတဲ့သူကသာကိုယ့်အတွက်အရေးပါတာပါ။

*အဆိပ်အတောက်တွေပြည့်နေတဲ့အချစ်ရေးကို စပြီးဖြတ်တောက်ခဲ့ရလို့ တောင်းပန်စရာမလိုအပ်ပါဘူး
အချစ်ရေးတစ်ခုအဆင်မပြေဘူး။နှစ်ယောက်လုံးကလည်း ကိုယ်စီစိတ်ချမ်းသာမှုတွေမရဘူး။အဲ့ဒါကြောင့် အဲ့ဒီအချစ်ရေးကို ကိုယ့်ဘက်ကစပြီးဖြတ်တောက်လိုက်တယ်ဆိုပါတော့။အဲ့ဒီအတွက် တောင်းပန်စရာမလိုအပ်သလို စိတ်မကောင်းဖြစ်စရာလည်းမလိုပါဘူး။အဆင်မပြေတဲ့အချစ်ရေးက
သင့်အတွက် ဘာကောင်းကျိုးမှမရစေပါဘူး။သင့်ရဲ ့ပြတ်သားခိုင်မာမှုအတွက်ဝမ်းသာဂုဏ်ပြုပေးတဲ့သူတွေနဲ့သာ သင့်ဘဝကို ဝန်းရံနေပါစေ။

*ကိုယ့်ရဲ့မပြည့်စုံမှုတွေအတွက် တောင်းပန်ဖို့မလိုအပ်ပါဘူး
လူတိုင်းကပြည့်စုံတယ်ရယ်မရှိပါဘူး။ကိုယ့်မှာ သူ့မှာ တစ်ခုမဟုတ်တစ်ခုတော့ မပြည့်စုံကြပါဘူး။အဲ့ဒီအတွက် ကိုယ့်အပြစ်ဆိုပြီး တောင်းပန်ဖို့မလိုအပ်ပါဘူး။

*ကိုယ်ပိုင်ရပ်တည်မှုတစ်ခုအတွက် တောင်းပန်စရာမလိုပါဘူး
လူတိုင်းက ကိုယ်မှန်တယ်ထင်တဲ့ဘက်မှာပဲရပ်တည်ကြတာပါ။ကိုယ်မှန်တယ်ဆိုတဲ့ဘက်မှာရပ်တည်နေလို့ ကိုယ့်ကိုတိုက်ခိုက်လာတဲ့အပြုအမူတွေကို ကာကွယ်တာ၊ကိုယ်ယုံကြည်တဲ့အရာတွေကို ကာကွယ်တာဖြစ်လို့ တစ်ခြားသူတွေကိုတောင်းပန်စရာမလိုပါဘူး။

*အဖြေတိုင်းကိုမသိတဲ့အတွက် တောင်းပန်စရာမလိုပါဘူး
မေးခွန်းရဲ့အဖြေတိုင်းကို ဘယ်သူမှတော့အလုံးစုံမသိနိုင်ပါဘူး။ဖြည်းဖြည်းချင်းလေ့လာနေရတာပါ။ဒီလိုလေ့လာနေတဲ့အချိန်မှာ တစ်ယောက်ယောက်ကအဖြေကိုမသိရကောင်းလားလို့ပြောလာရင်တောင် ကိုယ်မသိတဲ့အရာကိုမသိဘူးပြောလိုက်ရတဲ့အတွက်တောင်းပန်စရာမလိုပါဘူး။မသိတာကို ဝန်ခံရဲတာကိုက သတ္တိတစ်မျိုးပါပဲ။

*တစ်ခြားသူတစ်ယောက်လုပ်ခဲ့တဲ့အမှားကို တောင်းပန်ဖို့မလိုအပ်ပါဘူး
တစ်ခါတစ်လေ တစ်ခြားတစ်ယောက်လုပ်ခဲ့ပေမဲ့ ကိုယ်ကပဲကြားထဲကတောင်းပန်လိုက်တာမျိုးရှိတတ်ပါတယ်။တကယ်တော့ တောင်းပန်ဖို့မလိုအပ်ပါဘူး။လူတိုင်းက ကိုယ်လုပ်တဲ့အပြုအမူအတွက် ကိုယ်တာဝန်ယူသင့်ပါတယ်။တစ်ခြားသူတစ်ယောက်ရဲ့အပြုအမူတွေက လူမှုအဖွဲ့အစည်းနဲ့မသင့်တော်ဘူး၊မှားယွင်းနေတယ်ဆိုရင်တောင် သင်တောင်းပန်ပေးဖို့မလိုပါဘူး။

*ပြန်လည်တုံ့ပြန်ဖို့နောက်ကျနေတဲ့အတွက် တောင်းပန်စရာမလိုပါဘူး
အောင်မြင်တဲ့လူတစ်ယောက်ဆိုတာ အလကားဖြစ်လာတာမဟုတ်ပါဘူး။သေချာစဉ်းစားဖို့အတွက် အချိန်ယူရပါတယ်။လောလော လောလောနဲ့ဆုံးဖြတ်လိုက်လို့ မှားသွားရင် အဲ့ဒီအကျိုးဆက်က ကိုယ်ပဲရမှာပါ။အဲ့ဒါကြောင့် ဘယ်လိုကိစ္စပဲဖြစ်ဖြစ်ဆုံးဖြတ်တော့မယ်ဆိုရင် အချိန်ယူသင့်ပါတယ်။အဲ့ဒီအတွက်ကြောင့် တောင်းပန်စရာမလိုပါဘူး 🍀

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.