ပရိသတ္ေတြ႔ဆုံပြဲလုပ္ေနရင္း စင္ေပၚမွာဟန္မေဆာင္ႏုိင္စြာငိုခဲ႔တဲ႔ Lee Jong Suk 😢

ေတာင္ကုိရီးယားႏုိင္ငံရဲ႔နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္သူ မင္းသားေခ်ာ Lee Jong Suk ဟာ မၾကာေသးခင္ရက္ပုိင္း ၾသဂုတ္လ ၁၇ရက္ေန႔က ဂ်ပန္ႏုိင္ငံမွာ ပရိသတ္ေတြ႔ဆံုပြဲလုပ္ခဲ့ျပီး သူ႔ရဲ႔ စိတ္ခံစားခ်က္တစ္ခ်ိဳ႔ကုိဖြင့္လွစ္ျပခဲ႔ပါတယ္။

ပရိသတ္ေတြကုိခ်စ္တဲ့သူ၊ပရိသတ္ေတြကလည္းခ်စ္ၾကတဲ႔ Lee Jong Suk ဟာ မၾကာခင္ စစ္မႈထမ္းေဆာင္ရေတာ့မယ့္အေၾကာင္းနဲ႔ေျပာျပခဲ႔တာျဖစ္ျပီး ပရိသတ္ေတြနဲ႔ခြဲရေတာ့မွာျဖစ္လို႔မ်က္ရည္ေတာင္က်ခဲ႔ပါသတဲ႔ 😪

Jong Suk က သူ႔ရဲ ႔ပရိသတ္ေတြကုိေျပာခဲ႔တဲ႔စကားေတြဟာဆုိရင္ျဖင့္ သူကုိယ္တုိင္သာ မ်က္ရည္က်ရံုမက ပရိသတ္ေတြကုိပါမ်က္ရည္က်ေစခဲ႔တာပါ။သူေျပာခဲ႔တာကေတာ့ “ဒါက ဒီေန႔အတြက္ ကြ်န္ေတာ္ျပင္ဆင္လာခဲ႔တာ အားလံုးပါပဲ။ကြ်န္တာ္ႏွစ္တုိင္း ပရိသတ္ေတြ႔ဆံုပြဲကုိ က်င္းပခဲ႔ပါတယ္။
ဂ်ပန္ႏုိင္ငံကပရိသတ္ေတြဟာဆုိရင္ တစ္ႏွစ္ထက္တစ္ႏွစ္ကုိပုိျပီး ကြ်န္ေတာ့္ကုိအားေပးလာၾကတာပါ။အဲ့ဒီအတြက္ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ကြ်န္ေတ္ာ့ကုိခ်စ္ေပးၾကတဲ႔အတြက္ ကြ်န္ေတာ္ခင္ဗ်ားတုိ႔ကိုျပန္ျပီးတံု႔ျပန္ရမယ္ဆုိတာလည္း သိပါတယ္။ေနာက္ႏွစ္ဆုိရင္ေတာ့ ခင္ဗ်ားတုိ႔ ကြ်န္ေတာ့္မ်က္ႏွာကုိ ခဏေတာ့ေတြ႔ရမွာမဟုတ္ပါဘူး။ကြ်န္ေတာ္ အရမ္း၀မ္းနည္းလုိ႔ ငိုမိမတက္ပါပဲ။ဒါေပမဲ႔ တစ္ျခားအႏုပညာရွင္ေတြလုိ ကြ်န္ေတာ့္ကုိေစာင့္ေနေပးၾကမွာလားလုိ႔ ကြ်န္ေတာ္ဘယ္သူ႔ကုိမွမေမးခ်င္ပါဘူး။ကြ်န္ေတာ္အဆင္ေျပပါတယ္။ငိုခ်င္ေနေပမဲ႔ …ကြ်န္ေတာ္အဆင္ေျပပါတယ္၊ဒီလုိမ်ိဳး ကြ်န္ေတာ္ဟန္ေဆာင္ေျပာေနရေလ ပုိျပီးစိတ္ပင္ပန္းေလပါပဲ။ဒါေပမဲ႔ အခုစစ္မႈထမ္းေဆာင္ဖုိ႔သြားရမွာက ခင္ဗ်ားတုိ႔ကိုျပဖုိ႔ ေနာက္ထပ္အလုပ္တစ္ခုလို႔ပဲကြ်န္ေတာ္ေတြးပါတယ္။ျပီးေတာ့ ရုပ္ရွင္ရိုက္ကူးမႈေတြျပီးဆံုးသြားတာနဲ႔ ကြ်န္ေတာ္သြားရေတာ့မွာပါ။လုပ္ေနက်မဟုတ္တဲ႔အလုပ္တစ္ခုကုိ ေရြးခ်ယ္ရတာ ကြ်န္ေတာ့္အတြက္ အရမ္းခက္ခဲပါတယ္(😢ငိုျပီးေျပာခဲ႔တာပါ)ကြ်န္ေတာ္နဲ႔အံ၀င္ခြင္က်ျဖစ္ေနတဲ႔သရုပ္ေဆာင္အလုပ္မွာေတာင္ ကြ်န္ေတာ္စိတ္မႏွစ္ႏုိင္ေတာ့ဘူး။ေတာင္းပန္ပါတယ္။ဒါေပမဲ႔ ပရိသတ္ေတြကုိ ေက်းဇူးတင္တဲ႔ႏွလံုးသားနဲ႔  ကြ်န္ေတာ္ရေအာင္ဆက္သရုပ္ေဆာင္သြားမွာပါ”လုိ႔ေျပာရင္း ငုိေနခဲ႔ပါတယ္။”ကြ်န္ေတာ္ အခုဘာလို႔ဒီလုိလုပ္ေနရတာလဲ? ဘာလို႔ငိုေနရတာလဲ?”ဆိုျပီးဆက္ေျပာတဲ႔အခါမွာေတာ့ ပရိသတ္ေတြက မငိုပါနဲ႔။အဆင္ေျပသြားမွာပါ။အဆင္ေျပပါတယ္လုိ႔၀ိုင္းျပီးအားေပးခဲ႔ၾကေပမဲ႔ “ကြ်န္ေတာ္ တကယ္အဆင္မေျပပါဘူး။ကြ်န္ေတာ့္ကို ဒီေန႔လာေတြ႔ဆုံအားေပးၾကတဲ႔အတြက္ေက်းဇူးအမ်ားၾကီးတင္ပါတယ္။တကယ္လို႔အခြင့္အေရးရွိခဲ႔ဦးမယ္ဆုိရင္ ေနာက္ထပ္တစ္ၾကိမ္ကြ်န္ေတာ္တုိ႔ေတြ႔ရေအာင္။ဂရုစုိက္ၾကပါ။ေက်းဇူးတင္ပါတယ္”ဆုိျပီး မ်က္ရည္ေတြက်ကာ၀မ္းပန္းတနည္းေျပာသြားခဲ႔တာျဖစ္ပါတယ္ 😪

အထူးသျဖင့္ “ေနာက္ႏွစ္ဆုိရင္ ဒီလုိမ်ိဳးခင္ဗ်ားတုိ႔နဲ႔ကြ်န္ေတာ္မေတြ႔ႏုိင္ေတာ့ဘူး။ကြ်န္ေတာ့္ကုိ ေစာင့္ေနေပးၾကမွာလားလို႔လည္း ဘယ္သူ႔ကုိမွ ကြ်န္ေတာ္ေမးမွာမဟုတ္ပါဘူး။ကြ်န္ေတာ့္ထက္ပုိေတာ္ျပီး ပုိေကာင္းတဲ႔သူေတြရွိေနပါတယ္”ဆုိတဲ႔၀မ္းနည္းစကားေလးက ပရိသတ္ေတြကုို၀မ္းနည္းေစခဲ႔ပါတယ္။သူ႔ရဲ ႔အင္စတာဂရမ္၊တြစ္တာေတြေအာက္မွာေတာ့ ပရိသတ္ေတြက သူဘာေတြပဲေျပာေျပာ အျမဲေစာင့္ေနမယ္ဆုိတဲ႔အေၾကာင္းေကာမန္႔ေတြေရးသားကာ သူတုိ႔ရဲ႔အခ်စ္ေတြကုိ ေဖာ္ျပခ့ဲၾကပါတယ္။

Lee Jong Suk ဟာ ၂၀၁၇ ၾသဂုတ္လမွာစစ္မႈထမ္းေဆာင္ဖုိ႔စာရင္းေရာက္ခဲ႔ေပမဲ႔ ရုပ္ရွင္ရိုက္ကူးမႈလက္ခံထားတာေတြေၾကာင့္ ေနာက္ဆုတ္ခဲ႔ရတာပါ။ႏုိ၀င္ဘာလ ၁၈ရက္ေန႔မွာ မနီလာက ပရိသတ္ေတြနဲ႔ေတြ႔ဆံုပြဲက်င္းပမွာျဖစ္ျပီး ဒီႏွစ္မကုန္ခင္မွာ ၂ႏွစ္ၾကာစစ္မႈထမ္းေဆာင္ဖုိ႔သြားရေတာ့မွာျဖစ္ပါတယ္။အဲ႔ဒါေၾကာင့္သူ႔ရဲ ႔ပရိသတ္ေတြနဲ႔ အဆက္ျပတ္ေနမွာျဖစ္ကာ ဒီၾကားထဲမွာသူ႔ကုိေမ့သြားၾကမွာလည္းစုိးရိမ္၊သူစစ္မႈထမ္းေဆာင္ျပီးလုိ႔ျပန္လာတဲ႔အခါမွာလည္းပရိသတ္ေတြ သူ႔ကုိအရင္လုိမခ်စ္ေတာ့မွာစိုးရိမ္ကာ အခုလိုပရိသတ္ေတြ႔ဆံုပြဲမွာေတာင္သူ႔ခံစားခ်က္ကုိ မဖံုးကြယ္ႏုိင္ပဲ ငိုမိခဲ႔တာျဖစ္ပါတယ္။

ဒီကပရိသတ္ၾကီးေရာ သူ႔ကုိမေမ့သြားပဲ ေစာင့္ေနေပးၾကမယ္မဟုတ္လား?

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်သူ မင်းသားချော Lee Jong Suk ဟာ မကြာသေးခင်ရက်ပိုင်း သြဂုတ်လ ၁ရရက်နေ့က ဂျပန်နိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲလုပ်ခဲ့ပြီး သူ့ရဲ့ စိတ်ခံစားချက်တစ်ချို့ကိုဖွင့်လှစ်ပြခဲ့ပါတယ်။

ပရိသတ်တွေကိုချစ်တဲ့သူ၊ပရိသတ်တွေကလည်းချစ်ကြတဲ့ Lee Jong Suk ဟာ မကြာခင် စစ်မှုထမ်းဆောင်ရတော့မယ့်အကြောင်းနဲ့ပတ်သက်ပြီးပြောပြခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ခွဲရတော့မှာဖြစ်လို့မျက်ရည်တောင်ကျခဲ့ပါသတဲ့။

Jong Suk က သူ့ရဲ ့ပရိသတ်တွေကိုပြောခဲ့တဲ့စကားတွေဟာဆိုရင်ဖြင့် သူကိုယ်တိုင်သာ မျက်ရည်ကျရုံမက ပရိသတ်တွေကိုပါမျက်ရည်ကျစေခဲ့တာပါ။သူပြောခဲ့တာကတော့ “ဒါက ဒီနေ့အတွက် ကျွန်တော်ပြင်ဆင်လာခဲ့တာ အားလုံးပါပဲ။ကျွန်တာ်နှစ်တိုင်း ပရိသတ်တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။
ဂျပန်နိုင်ငံကပရိသတ်တွေဟာဆိုရင် တစ်နှစ်ထက်တစ်နှစ်ကိုပိုပြီး ကျွန်တော့်ကိုအားပေးလာကြတာပါ။အဲ့ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တေ်ာ့ကိုချစ်ပေးကြတဲ့အတွက် ကျွန်တော်ခင်ဗျားတို့ကိုပြန်ပြီးတုံ့ပြန်ရမယ်ဆိုတာလည်း သိပါတယ်။နောက်နှစ်ဆိုရင်တော့ ခင်ဗျားတို့ ကျွန်တော့်မျက်နှာကို ခဏတော့တွေ့ရမှာမဟုတ်ပါဘူး။ကျွန်တော် အရမ်းဝမ်းနည်းလို့ ငိုမိမတက်ပါပဲ။ဒါပေမဲ့ တစ်ခြားအနုပညာရှင်တွေလို ကျွန်တော့်ကိုစောင့်နေပေးကြမှာလားလို့ ကျွန်တော်ဘယ်သူ့ကိုမှမမေးချင်ပါဘူး။ကျွန်တော်အဆင်ပြေပါတယ်။ငိုချင်နေပေမဲ့ …ကျွန်တော်အဆင်ပြေပါတယ်၊ဒီလိုမျိုး ကျွန်တော်ဟန်ဆောင်ပြောနေရလေ ပိုပြီးစိတ်ပင်ပန်းလေပါပဲ။ဒါပေမဲ့ အခုစစ်မှုထမ်းဆောင်ဖို့သွားရမှာက ခင်ဗျားတို့ကိုပြဖို့ နောက်ထပ်အလုပ်တစ်ခုလို့ပဲကျွန်တော်တွေးပါတယ်။ပြီးတော့ ရုပ်ရှင်ရိုက်ကူးမှုတွေပြီးဆုံးသွားတာနဲ့ ကျွန်တော်သွားရတော့မှာပါ။လုပ်နေကျမဟုတ်တဲ့အလုပ်တစ်ခုကို ရွေးချယ်ရတာ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်(😢ငိုပြီးပြောခဲ့တာပါ)ကျွန်တော်နဲ့အံဝင်ခွင်ကျဖြစ်နေတဲ့သရုပ်ဆောင်အလုပ်မှာတောင် ကျွန်တော်စိတ်မနှစ်နိုင်တော့ဘူး။တောင်းပန်ပါတယ်။ဒါပေမဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့နှလုံးသားနဲ့  ကျွန်တော်ရအောင်ဆက်သရုပ်ဆောင်သွားမှာပါ”လို့ပြောရင်း ငိုနေခဲ့ပါတယ်။”ကျွန်တော် အခုဘာလို့ဒီလိုလုပ်နေရတာလဲ? ဘာလို့ငိုနေရတာလဲ?”ဆိုပြီးဆက်ပြောတဲ့အခါမှာတော့ ပရိသတ်တွေက မငိုပါနဲ့။အဆင်ပြေသွားမှာပါ။အဆင်ပြေပါတယ်လို့ဝိုင်းပြီးအားပေးခဲ့ကြပေမဲ့ “ကျွန်တော် တကယ်အဆင်မပြေပါဘူး။ကျွန်တော့်ကို ဒီနေ့လာတွေ့ဆုံအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တကယ်လို့အခွင့်အရေးရှိခဲ့ဦးမယ်ဆိုရင် နောက်ထပ်တစ်ကြိမ်ကျွန်တော်တို့တွေ့ရအောင်။ဂရုစိုက်ကြပါ။ကျေးဇူးတင်ပါတယ်”ဆိုပြီး မျက်ရည်တွေကျကာဝမ်းပန်းတနည်းပြောသွားခဲ့တာဖြစ်ပါတယ် 😪

အထူးသဖြင့် “နောက်နှစ်ဆိုရင် ဒီလိုမျိုးခင်ဗျားတို့နဲ့ကျွန်တော်မတွေ့နိုင်တော့ဘူး။ကျွန်တော့်ကို စောင့်နေပေးကြမှာလားလို့လည်း ဘယ်သူ့ကိုမှ ကျွန်တော်မေးမှာမဟုတ်ပါဘူး။ကျွန်တော့်ထက်ပိုတော်ပြီး ပိုကောင်းတဲ့သူတွေရှိနေပါတယ်”ဆိုတဲ့ဝမ်းနည်းစကားလေးက ပရိသတ်တွေကိုုဝမ်းနည်းစေခဲ့ပါတယ်။သူ့ရဲ ့အင်စတာဂရမ်၊တွစ်စ်တာတွေအောက်မှာတော့ ပရိသတ်တွေက သူဘာတွေပဲပြောပြော အမြဲစောင့်နေမယ်ဆိုတဲ့အကြောင်းကောမန့်တွေရေးသားကာ သူတို့ရဲ့အချစ်တွေကို ဖော်ပြခဲ့ကြပါတယ်။

Lee Jong Suk ဟာ ၂၀၁၇ သြဂုတ်လမှာစစ်မှုထမ်းဆောင်ဖို့စာရင်းရောက်ခဲ့ပေမဲ့ ရုပ်ရှင်ရိုက်ကူးမှုလက်ခံထားတာတွေကြောင့် နောက်ဆုတ်ခဲ့ရတာပါ။နိုဝင်ဘာလ ၁၈ရက်နေ့မှာ မနီလာက ပရိသတ်တွေနဲ့တွေ့ဆုံပွဲကျင်းပမှာဖြစ်ပြီး ဒီနှစ်မကုန်ခင်မှာ ၂နှစ်ကြာစစ်မှုထမ်းဆောင်ဖို့သွားရတော့မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ရဲ ့ပရိသတ်တွေနဲ့ အဆက်ပြတ်နေမှာဖြစ်ကာ ဒီကြားထဲမှာသူ့ကိုမေ့သွားကြမှာလည်းစိုးရိမ်၊သူစစ်မှုထမ်းဆောင်ပြီးလို့ပြန်လာတဲ့အခါမှာလည်းပရိသတ်တွေ သူ့ကိုအရင်လိုမချစ်တော့မှာစိုးရိမ်ကာ အခုလိုပရိသတ်တွေ့ဆုံပွဲမှာတောင်သူ့ခံစားချက်ကို မဖုံးကွယ်နိုင်ပဲ ငိုမိခဲ့တာဖြစ်ပါတယ်။

ဒီကပရိသတ်ကြီးရော သူ့ကိုမမေ့သွားပဲ စောင့်နေပေးကြမယ်မဟုတ်လား?

215 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.