Unicode
ဘောလိဝုဒ်မင်းသမီးချော Priyanka Chopra နဲ့ အမေရိကန်အဆိုတော်လေး Nick Jonas တို့ မနဲ့မောင်အချစ်ဇာတ်လမ်းလေးကဖြင့် အားကျစရာပါပဲ။
ချစ်သူတွေအဖြစ်အချိန်ကာလအနည်းငယ်ကိုဖြတ်သန်းခဲ့ကြပြီးနောက် ပြီးခဲ့တဲ့စနေနေ့၊သြဂုတ်လ ၁၈ရက်နေ့ကတော့ နှစ်ယောက်သား တရားဝင်စေ့စပ်ကြောင်းလမ်းပွဲလေးကျင်းပခဲ့ကြပါတယ်။စေ့စပ်ပွဲမှာလည်း Nick က သူ့မမရဲ့သဘောဆန္ဒအတိုင်း ဘောလိဝုဒ်ရိုးရာဓလေ့အတိုင်း ကျင်းပခဲ့တာဖြစ်ပါတယ်။မိန်းကလေးပရိသတ်တွေကတော့ Nick ရဲ ့ချစ်တတ်ပုံကို စွန်းကိုအားကျနေကြတာပါ။
အခုလည်း ထပ်ပြီးအားကျအောင် ရိုလိုက်ပြန်ပါပြီ။စေ့စပ်ပွဲကျင်းပပြီးနောက် Nick ကလည်း အမေရိကန်ကိုပြန်သွားရမှာဖြစ်ပြီး မပြန်ခင် သူ့ရဲ့ မိသားစုနဲ့အတူ မိဘမဲ့ဂေဟာတစ်ခုကိုဝင်ခဲ့ပါသေးတယ်။ပြီးတော့ ကလေးတွေနဲ့အတူ ခဏတာအချိန်ကုန်ဆုုံးခဲ့ပါတယ်။
ပရိသတ်တွေလည်းသိတဲ့အတိုင်း Chopra ဟာ ကလေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်သလို တစ်ချို့အရေးကိစ္စတွေမှာလည်း Supporting ပေးခဲ့သူတစ်ယောက်ပါ။အခုလည်း မိဘမဲ့ဂေဟာပရိဟတကျောင်းလေးမှာ ကလေးမလေးတစ်ယောက်နဲ့အတူ သီချင်းလေးဖွင့်ပြီး ပေါ့ပေါ့ပါးပါးပဲ အတူကနေခဲ့ပါတယ်။Nick က သူ့မမ ကနေတဲ့ဗီဒီယိုလေးကို အင်စတာဂရမ်မှာ ပြန်ရှယ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်သူ့ရဲ ့Caption က ပရိသတ်တွေရဲ ့အသည်းနှလုံးကိုအရည်ပျော်စေခဲ့တာပါပဲ။ဘယ်လိုရေးထားတာလဲဆိုတော့ “St.Catherine’s orphanage today.My Heart is full”ဆိုတာပါပဲ။တကယ်ကို ချစ်တတ်တဲ့ Nick ရယ်ပါ။အသည်းတစ်ခြမး်တောင်မဟုတ်ဘူး။အသည်းတစ်ခုလုံးပေးထားတာ
သူတို့စုံတွဲ စေ့စပ်ပွဲပုံရိပ်လေးတွေကိုလည်းကြည့်လိုက်ပါဦး 😍