Tom Cruise နဲ့ Brad Pitt တို့အတူပူးပေါင်းပြီးသရုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ ဒီတစ်ခါမှာတော့ သွေးစုပ်ဖုတ်ကောင်ပါတဲ့ ဇာတ်ကားမဟုတ်ပါဘူး။
နာမည်ကြီးသရုပ်ဆောင်နှစ်ဦးဟာ ၁၉၉၄ ခုနှစ်က Interview With a Vampire ရုပ်ရှင်မှာ အတူတကွသရုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်မှ ပြန်လည်လက်တွဲသရုပ်ဆောင်ဖို့ အကြောင်းဖန်လာတာဖြစ်ပါတယ်။ 20th Century Fox ကုမ္ပဏီကသာ ၁၉၆၀ ကာလာနောက်ခံ ပြိုင်ကားရုပ်ရှင် မှာ Brad Pitt ကိုခေါ်ယူသရုပ်ဆောင်စေမယ်ဆိုရင် ဒီကိစ္စဖြစ်ပါပြီ။ အဲဒီ့ရုပ်ရှင်မှာ Tom Cruise နဲ့ Oblivion ဇာတ်ကားရဲ့ဒါရိုက်တာ Joseph Kosinski တို့ပါဝင်ဖို့အတွက် လက်မှတ်ထိုးထားပြီးပါပြီ။
ဒီဇာတ်ကားဟာ Go Like Hell လို့အမည်ရပြီး စာရေးဆရာ A.J. Baime ရဲ့စာအုပ် Go Like Hell: ford, Ferrari an Their Battle for Speed and Glory at Le Mans ကိုအခြေခံထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ နောက်ခံကတော့ Ford ကားကုမ္ပဏီ ဥက္ကဌ Henry Ford II ဟာ ပြိုင်ကားသမားဟောင်းနဲ့ လက်ရှိ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Carroll Shelby (Cruise) ကို Ford ကုမ္ပဏီရဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်ခန့်အပ်ပြီး Enzo Ferrari ရဲ့ အီတာလျံ Ferrari ကားနဲ့ ၁၉၆၆ ခုနှစ် ပြင်သစ်နိုင်ငံ Le Mans မှာပြိုင်ပွဲဝင်ဖို့ကြိုးပမ်းရတာဖြစ်ပါတယ်။
Brad Pitt ကိုထည့်သွင်းသရုပ်ဆောင်ဖို့ဆိုတာ အပြီးသတ်အတည်မပြုသေးပေမယ့် အရမ်းအလှမ်းဝေးတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဟောလီးဝုဒ် သီတင်းထောင်တစ်ယောက်ရဲ့အဆိုအရ ၂၀၀၉ခုနှစ်တုန်းက ဒါရိုက်တာ Michael Mann နဲ့အတူ ဒီရုပ်ရှင်ရဲ့မတူညီတဲ့ version တစ်ခုမှာပါဝင်သရုပ်ဆောင်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ Pitt ဟာ ဒီအစီအစဉ်နဲ့ အဆက်အသွယ်မပျက်သေးဘဲ ဇာတ်ညွှန်းကိုလည်းသိမ်းထားသေးတယ်လို့ဆိုပါတယ်။
Ref:entertainmenttime