ကိုယ့်အပေါ်သံသယများလွန်းတဲ့ချစ်သူကိုပိုင်ဆိုင်ထားရပြီ ဆိုရင်…


Unicode

တစ်ယောက်နဲ့တစ်ယောက်လည်းလက်လွှတ်ဖို့မဖြစ်နိုင်တဲ့အချစ်မျိုးနဲ့လည်းချစ်နေမိပြီ..ဒါပင်မဲ့ ချစ်လွန်းလို့ပဲပြောရမလား သံသယစိတ်တွေသဝန်တို စိတ်ပူတာတွေတရားလွန်ဖြစ်တတ်ကြတဲ့သူတစ်ချို့ရှိပါတယ်။ သိပ်ချစ်ကြတဲ့သူနှစ်ဦးမှာ ဒီလိုကိစ္စတွေနဲ့ပြဿနာတတ်ရတဲ့အခါ ပိုပြီးဝေးကွာတတ်တာမလို့ဒီလိုစိတ်ရှိတဲ့သင့်ချစ်သူကို သံသယစိတ်တွေဖြေလျော့နိုင်အောင် ဘယ်လိုလုပ်ပေးသင့်သလဲဆိုတာ…
(၁) အမှန်တိုင်းပြောပြတတ်တဲ့အကျင့်လုပ်ပါ
ဘာပြောပြောမလိမ်ပဲပြောတာအကောင်းဆုံးပါပဲ။ ဘယ်သူ့အတွက်မှမထိခိုက်ဘူးဆိုရင် အရာအားလုံးကို ကိုယ့်ချစ်သူသိအောင်အမှန်သာပြောပြပါ။ နောက်မှပေါ်လို့သိတာထက် အစတည်းကအမှန်ပြောပြထားတာအကောင်းဆုံးပါပဲ။
(၂) သိသင့်သမျှကိုတလေးတစားပြောပြပါ
သိသင့်သမျှကို တလေးတစားပြောပြပါ။ သင့်ဘဝမှာသူကအရေးပါကြောင်း သူမြင်မှသင့်အပေါ်ပိုပြီးယုံကြည်သက်ဝင်လာမှာပါ။ သင့်ချစ်သူရဲ့သံသယစိတ်တွေကိုဖျောက်ဖို့ဒီလောက်တော့ကြိုးစားရပါလိမ့်မယ်။
(၃) ကိုယ့်မိတ်ဆွေ အပေါင်းသင်းသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးထားပါ
ကိုယ့်မိတ်ဆွေသူငယ်ချင်းအပေါင်းသင်းတွေနဲ့ မိတ်ဆက်ပေးထားပါ။ ကိုယ့်မိတ်ဆွေတွေအပေါင်းသင်းတွေကိုသူသိနေခြင်းကကိုယ့်အပေါ်ပိုပြီးစိတ်ချနိုင်စေပါတယ်။
(၄) ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို အကြမ်းဖျင်းသိပါစေ
ကိုယ့်ရဲ့လက်ရှိလုပ်ကိုင်နေတဲ့အလုပ်တွေ ကိုအကြမ်းဖျင်းပြောပြထားပါ။ ကိုယ့်ရဲ့ လက်ရှိအလုပ်ကိုင်တွေအကြောင်းသိနေပါစေ။
(၅) သူ့ကိုချစ်ကြောင်းပြောပြောပေးပါ
ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်းပြောပြဖို့ဝန်မလေးပါနဲ့။ မထားသင့်တဲ့မာနထားရင်ပိုပြီးဝေးကွာတတ်တာမလို့ ကိုယ့်ဘက်ကသူ့အပေါ်ထားတဲ့စိတ်ရင်းအမှန်တရားကိုချပြပါ။

627 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.