သင္႔ဘ၀ရဲ႕ ျကမ္းတမ္းတဲ႔အခိုက္တန္႕ေတြမွာေတာင္သူရွိေနေသးရင္သင္႔ဘ၀ရဲ႕ေနာက္ဆံုးခ်ိန္ထိသင္႔အနားမွာသူ႕ကိုေက်ေက်နပ္နပ္ျကီးရွိခြင္႔ေပးလုိက္ပါ…😙

ဘယ္ေလာက္ပဲျပီးျပည္႔စံုတဲ႔သူျဖစ္ပါေစ တစ္ခ်ိန္ခ်ိန္မွာ အခက္ခဲဆံုးေသာအခ်ိန္ေတြ ပင္ပန္းရဆံုးေသာအခိုက္အတန္႕ေတြကို ျကံဳခဲ႔ဖူးျကမယ္ ၊ ျကံဳျကအံုးမွာ ျကီးပါပဲ။
ဒီလိုအေျခေနမ်ိဳးေတြမွာ တစ္ခါတစ္ရံသင္႔ကိုယ္သင္ေတာင္ ဘယ္လုိရပ္တည္ရမွန္းဘယ္လုိအေကာင္းဆံုးေနရမွန္းမသိဘူးျဖစ္ေနတတ္ျကမွာအေသခ်ာပါပဲ။ ကိုယ္႔အတြက္ကိုယ္ေတာင္
ေဆာက္တည္ရာမရပဲဒုကၡမ်ားေနတဲ႔အခ်ိန္မွာ သင္႔ဆီက ဘာလုိ ျကီးမားတဲ႔ေမ်ွာ္လင္႔ခ်က္မ်ိဳးကိုမွမထားပဲ သင္႔အနားမွာ ေနေပးေနရရင္ကို ေက်နပ္ေနတဲ႔ခ်စ္သူတစ္ေယာက္ရထားျပီဆုိရင္သင္လူျဖစ္ရက်ိဳးနပ္ျပီလို႕သာ မွတ္လုိက္ပါ။ ေလာကမွာ မိတ္ေဆြေပါနုိင္တယ္ သူငယ္ခ်င္းမ်ားနုိင္တယ္ ခ်စ္သူရည္းစားတစ္ေယာက္မကရွိနိုင္ပင္မဲ႔ သင္႔ရဲ႕ ျကမ္းတမ္းခ်ိန္ေတြမွာေတာင္သင္႔ကို စြန္႔လႊတ္ဖို႕ မစဥ္းစားမိတဲ႔သူသာသင္႔ဘ၀ရဲ႕ အဖိုးတန္ပါ။ ဒုကၡမ်ားေနတဲ႔သင္လုိလူဆီက ဘာမွမရနိုင္မွန္းသိလည္းကပ္တြယ္ေနျပီး အဆင္ေျပဖုိ႕သာျကိုးစားေပးေနတတ္ရင္ သူ႕အေပၚသင္ဘယ္ေတာ႔မွ နာက်င္ေအာင္မလုပ္မိပါေစနဲ႕။တစ္ခါတစ္ရံမွာလူေတြဟာ အေတြးမ်ား စိတ္ေထြျပားျပီး အနားကလူထက္ အေ၀းကလူေတြကို အေမေက်ာ္ေဒြးေတာ္လြမ္းတတ္ျကပါတယ္။ အခ်ိန္တန္ဒုကၡေရာက္မွသာ အစစ္မွန္ကို ျမင္တတ္ျကတာမလို႕ ဒုကၡေရာက္မွေနာင္တျကီးတစ္ခြဲသားနဲ႕ အသိမွတ္ျပဳတာထက္စာရင္ အခ်ိန္မလြန္ခင္တန္ဖိုးကိုနားလည္တတ္ပါေစ။ သင္႔နားမွာ ေနရရံနဲ႕တင္ ေက်နပ္ေနျကျပီးသင္႔ဒုကၡေတာအတြင္းမွာေတာင္ သင္႔အနားကမခြာ မရက္ရွိေနနိုင္တဲ႔သူကို သင္႔တစ္ဘ၀လံုးစာအတြက္သင္႔နားမွာ ရွိေနဖို႕ရဲရဲ၀ံ့၀ံံ့နဲ႕ အသိမွတ္ျပဳျပီးတန္ဖိုးရွိရွိေခၚထားနုိင္ပါေစ…သင္႔ဘ၀ရဲ႕ျကမ္းတမ္းတဲ႔အခိုက္တန္႕ေတြမွာ သူအနားမွာရွိေပးေနခဲ႔ရင္ တစ္ဘ၀လံုးစာအထိသင္႔အနားမွာသူေနဖုိ႕ထိုက္တန္ပါတယ္…သင္တုိ႕ေရာ ဒီလုိ တစ္ဘ၀လံုးစာထိအနားမွာေခၚထားခ်င္တဲ႔သူရွိေနျပီလား…

Unicode

ဘယ်လောက်ပဲပြီးပြည့်စုံတဲ့သူဖြစ်ပါစေ တစ်ချိန်ချိန်မှာ အခက်ခဲဆုံးသောအချိန်တွေ ပင်ပန်းရဆုံးသောအခိုက်အတန့်တွေကို ကြုံခဲ့ဖူးကြမယ် ၊ ကြုံကြအုံးမှာ ကြီးပါပဲ။
ဒီလိုအခြေနေမျိုးတွေမှာ တစ်ခါတစ်ရံသင့်ကိုယ်သင်တောင် ဘယ်လိုရပ်တည်ရမှန်းဘယ်လိုအကောင်းဆုံးနေရမှန်းမသိဘူးဖြစ်နေတတ်ကြမှာအသေချာပါပဲ။ ကိုယ့်အတွက်ကိုယ်တောင်
ဆောက်တည်ရာမရပဲဒုက္ခများနေတဲ့အချိန်မှာ သင့်ဆီက ဘာလို ကြီးမားတဲ့မျှော်လင့်ချက်မျိုးကိုမှမထားပဲ သင့်အနားမှာ နေပေးနေရရင်ကို ကျေနပ်နေတဲ့ချစ်သူတစ်ယောက်ရထားပြီဆိုရင်သင်လူဖြစ်ရကျိုးနပ်ပြီလို့သာ မှတ်လိုက်ပါ။ လောကမှာ မိတ်ဆွေပေါနိုင်တယ် သူငယ်ချင်းများနိုင်တယ် ချစ်သူရည်းစားတစ်ယောက်မကရှိနိုင်ပင်မဲ့ သင့်ရဲ့ ကြမ်းတမ်းချိန်တွေမှာတောင်သင့်ကို စွန့်လွှတ်ဖို့ မစဉ်းစားမိတဲ့သူသာသင့်ဘဝရဲ့ အဖိုးတန်ပါ။ ဒုက္ခများနေတဲ့သင်လိုလူဆီက ဘာမှမရနိုင်မှန်းသိလည်းကပ်တွယ်နေပြီး အဆင်ပြေဖို့သာကြိုးစားပေးနေတတ်ရင် သူ့အပေါ်သင်ဘယ်တော့မှ နာကျင်အောင်မလုပ်မိပါစေနဲ့။တစ်ခါတစ်ရံမှာလူတွေဟာ အတွေးများ စိတ်ထွေပြားပြီး အနားကလူထက် အဝေးကလူတွေကို အမေကျော်ဒွေးတော်လွမ်းတတ်ကြပါတယ်။ အချိန်တန်ဒုက္ခရောက်မှသာ အစစ်မှန်ကို မြင်တတ်ကြတာမလို့ ဒုက္ခရောက်မှနောင်တကြီးတစ်ခွဲသားနဲ့ အသိမှတ်ပြုတာထက်စာရင် အချိန်မလွန်ခင်တန်ဖိုးကိုနားလည်တတ်ပါစေ။ သင့်နားမှာ နေရရံနဲ့တင် ကျေနပ်နေကြပြီးသင့်ဒုက္ခတောအတွင်းမှာတောင် သင့်အနားကမခွာ မရက်ရှိနေနိုင်တဲ့သူကို သင့်တစ်ဘဝလုံးစာအတွက်သင့်နားမှာ ရှိနေဖို့ရဲရဲဝံ့ဝံံ့နဲ့ အသိမှတ်ပြုပြီးတန်ဖိုးရှိရှိခေါ်ထားနိုင်ပါစေ…သင့်ဘဝရဲ့ကြမ်းတမ်းတဲ့အခိုက်တန့်တွေမှာ သူအနားမှာရှိပေးနေခဲ့ရင် တစ်ဘဝလုံးစာအထိသင့်အနားမှာသူနေဖို့ထိုက်တန်ပါတယ်…သင်တို့ရော ဒီလို တစ်ဘဝလုံးစာထိအနားမှာခေါ်ထားချင်တဲ့သူရှိနေပြီလား…

128 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.