လက္ႏွစ္ဖက္ကုိ အေပၚေျမွာက္ေပးရံုနဲ႔ ဒီလုိအက်ိဳးေက်းဇူးေတြရသတဲ႔လား 😮

သင့္လက္ႏွစ္ဖက္ကုိ မၾကာခဏဆုိသလို အေပၚကုိေျမွာက္ထားေလ့ရွိပါသလား? ဟင္ ေမးခြန္းကဘယ္လိုၾကီးလဲလို႔ေတြးမိသြားၾကမယ္ထင္ပါတယ္။ေမးခြန္းကေတာ့မမွားပါဘူး။လက္ႏွစ္ဖက္ကုိ မၾကာခဏအေပၚကုိေျမွာက္ထားေလ့ရွိလားလုိ႔ေမးရတာက ဒီလုိေျမွာက္ေပးထားရင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြရလာႏုိင္တယ္ဆုိတဲ႔အေၾကာင္းေလး မ်ွေ၀ေပးခ်င္လို႔ပါ 😁လက္ႏွစ္ဖက္ကုိ အေပၚကုိ ေျမွာက္ထားေပးရံုနဲ႔ဘယ္လိုအက်ဳိးေက်းဇူးေတြရလာမွာလဲ? စိတ္၀င္စားစရာပါပဲ။အတူတူ ဖတ္ၾကည့္လိုက္ရေအာင္

တကယ္ေတာ့ ဒီလုိလက္ႏွစ္ဖက္ကုိ ဦးေခါင္းအေပၚဘက္ ေျမွာက္ေပးတာက က်န္းမာေရးအတြက္ေကာင္းမြန္ေစတဲ႔ လြယ္ကူတဲ႔ေလ့က်င့္ခန္းတစ္ခုပါတဲ႔။

*တင္းမာေနတဲ႔ပုခံုးအေၾကာေတြကို ေျဖေလ်ာ့ေပးတယ္
တစ္ေနကုန္စားပြဲမွာထုိင္ျပီး ကြန္ပ်ဴတာၾကည့္ေနရတဲ႔သူေတြအတြက္ ဒီေလ့က်င့္ခန္းေလးကအသံုး၀င္ပါတယ္။ထုိင္ရတာ ေညာင္းလာျပီဆုိရင္ လက္သီးဆုပ္ေလးဆုပ္ျပီး လက္ႏွစ္ဖက္ကုိ အားရွိပါးရွိ အေပၚကုိ ေျမွာက္ထည့္လိုက္ပါ။အေၾကာေတြကုိဆြဲဆန္႔သလိုျဖစ္သြားပါလိမ့္မယ္။ေျမွာက္လုိက္တဲ႔အခ်ိန္မွာအသက္ကုိ၀၀ရႈသြင္းျပီး လက္ႏွစ္ဖက္ကုိျပန္ခ်ပါ။ျပီးရင္ ထပ္လုပ္ပါ။ငါးခါေလာက္လုပ္ေပးမယ္ဆုိရင္ေတာင္ ပုခံုးနဲ႔လည္ပင္းက ၾကြက္သားေတြတင္းေနတာကုိ ေျဖေလ်ာ့ေပးပါလိမ့္မယ္။

*ကုိယ္ေနဟန္ထားမွန္ကန္ေစတယ္
က်န္းမာေရးျပႆနာအမ်ားစုက အေလ့အက်င့္ဆုိးေတြေၾကာင့္ျဖစ္တာမ်ားပါတယ္။ထုိင္တဲ႔အခါ ခါးကုန္းျပီးထုိင္တာက ပုိျပီးသက္ေတာင့္သက္သာရွိေစတယ္လို႔ကုိယ္ေတြ ေတြးျပီး ခါးကုန္းျပီးထုိင္ေလ့ရွိၾကတယ္။ဒါေပမဲ႔ အဲ႔ဒါက တကယ္ေတာ့ဆုိး၀ါးပါတယ္။ခႏၶာကုိယ္ရဲ ႔ကုိယ္ေနဟန္ထားကုိပံုပ်က္ေစျပီးလမ္းေလ်ွာက္တဲ႔အခါမွာေတာင္ ခါးကမတ္မတ္မျဖစ္ပဲေနပါလိမ့္မယ္။လက္ႏွစ္ဖက္ကုိ အေပၚေျမွာက္ေပးတာက ကုိယ္ေနဟန္ထားမွန္ကန္ေစဖုိ႔အစပါ။လက္ႏွစ္ဖက္ကုိအေပၚကုိေျမွာက္လိုက္ျပီး တတ္ႏုိင္သေလာက္ပူးကပ္ေပးပါ။၉၀ ဒီဂရီျဖစ္ေအာင္ေပါ့။မိနစ္ ၂၀ တုိင္း တစ္ၾကိမ္စီထလုပ္ေပးမယ္ဆုိရင္ ေက်ာရိုးကုိပံုမွန္အတုိင္းျဖစ္လာေစပါတယ္။

*ပုခံုးနဲ႔လက္ေမာင္းကုိ က်စ္လစ္သန္မာလာေစပါတယ္။
အဆီက်လိုသူေတြအတြက္ ဒါကလြယ္ကူထိေရာက္တဲ႔ေလ့က်င့္ခန္းေလးပါပဲ။ေနရာေကာင္းတစ္ခုကုိရွာပါ။ျပီးရင္ ပုခံုးအက်ယ္အတိုင္းေျခေထာက္ႏွစ္ဖက္ကုိခြဲပါ။ခြဲျပီးရင္လက္ႏွစ္ဖက္ကုိအေပၚေျမွာက္လိုက္ျပီး အဲ႔ဒီအေနအထားအတုိင္း ၂မိနစ္ကေန ၃မိနစ္ထိေနပါ။၂မိနစ္ေလာက္ေနျပီးရင္
လက္ႏွစ္ဖက္ကုိ အေရွ႔ကုိတစ္ခါငိုက္ခ်လိုက္၊အေနာက္ကုိတစ္ခါလွန္ခ်လိုက္လုပ္ေပးပါ။ပုခံုးမွာတင္းအားခံစားလာရျပီဆုိရင္ လက္ႏွစ္ဖက္ကိုေအာက္ကုိျပန္ခ်လို႔ရပါျပီ။ဒါက ေယာဂေလ့က်င့္ခန္းတစ္ခုလိုမ်ိဳးလည္းျဖစ္ပါေသးတယ္။

*ေနာက္ေက်ာဘက္နာက်င္မႈကိုေလွ်ာ့ခ်ေပးတယ္
အထိုင္မ်ားျပီး ကြန္ပ်ဴတာေန႔တုိင္းၾကည့္ေနရတဲ႔သူေတြဟာ မၾကာခဏဆုိသလို ခါးရုိး၊ေက်ာရုိးနာက်င္မႈကိုခံစားရတတ္ပါတယ္။အဲ႔ဒီလိုခံစားရတာကေရရွည္ဆုိမေကာင္းပါဘူးေနာ္။ဒါေၾကာင့္ ေနာက္ေက်ာဘက္နာက်င္မႈမၾကာခဏမျဖစ္ဖုိ႔ ဒီေလ့က်င့္ခန္းေလးကုိလုပ္ေပးဖုိ႔လိုပါတယ္။လက္ႏွစ္ဖက္ကုိ
အေပၚကုိေျမွာက္လိုက္ျပီး အေၾကာေတြဆြဲဆန္႔ေပးတာက ေနာက္ေက်ာနာက်င္မႈကုိသက္သာေစပါတယ္တဲ႔။

*Balance ျဖစ္ေစတယ္
ခႏၶာကုိယ္ Balance မညီတာက ၾကြက္သားေတြအားနည္းေစဖုိ႔ကိုဦးေဆာင္ေနျပီး အေၾကာ၊ႏွလံုးနဲ႔ေသြးေၾကာေတြကိုပါထိခိုုက္ေစဖုိ႔ဆက္ႏြယ္ေနပါတယ္။အဲ႔ဒါေၾကာင့္ ခႏၶာကုိယ္အေနအထားညီမ်ွဖုိ႔ လက္ႏွစ္ဖက္ကိုအေပၚကို မၾကာခဏေျမွာက္ေျမွာက္ေပးပါ။ဒီလြယ္ကူတဲ႔ေလ့က်င့္ခန္းေလးက
Balance ညီမ်ွဖုိ႔ ကူညီေပးပါလိမ့္မယ္။

*Text-neck syndrome ကုိ ဖယ္ရွားေပးတယ္
Text-neck syndrome ဆုိတာ ဆုိရွယ္မီဒီယာနဲ႔ဆုိင္တဲ႔ေရာဂါတစ္ခုပါပဲ။လမ္းသြားရင္ဖုန္းၾကည့္တယ္။ထုိင္ေနရင္းဖုန္းၾကည့္တယ္။ဖုန္းၾကည့္တယ္ဆုိကတည္းကဦးေခါင္းကုိငံု႔ေနရျပီမဟုတ္လား။အဲ႔ဒီအခါ ကုိယ္ေတြငံု႔ထားသေလာက္လည္ပင္းကပါ အေလးခ်ိန္ကုိထမ္းထားေနရသလိုပါ။ခဏေလးငံု႔ေနရင္ေတာင္ ခ်က္ခ်င္းေညာင္းလာတာသတိထားမိပါလိမ့္မယ္။ဒီလုိျဖစ္တာက မေကာင္းပါဘူး။အဲ႔ဒါေၾကာင့္ ဖုန္းကုိ ခဏခဏငု႔ံၾကည့္တာမိ်ဳးမလုပ္ပဲ ျဖစ္ႏုိင္ရင္ ဦးေခါင္းနဲ႔တစ္တန္းတည္းအေနအထားေလာက္နီးနီးမွာၾကည့္သင့္ပါတယ္။ျပီးေတာ့လက္ႏွစ္ဖက္ကုိ မၾကာခဏဆုိသလို အေပၚေျမွာက္ျပီး ဦးေခါင္းကုိဘယ္ညာေလ့က်င့္ခန္းလုပ္ေပးပါ။ဖုန္းကုိငံု႔ၾကည့္တဲ႔အခ်ိန္၊အေရအတြက္ကိုလည္းတတ္ႏုိင္သေလာက္ေလ်ွာ့သင့္ပါတယ္။

*ေျခေထာက္နဲ႔ေက်ာရုိးအားနည္းမႈကုိကာကြယ္ေပးတယ္
လက္ႏွစ္ဖက္ကုိအေပၚေျမွာက္ျပီးဟိုလွည့္ဒီလွည့္လုပ္ေပးတဲ႔ေလ့က်င့္ခန္းေလးဟာ အေတာ္ၾကီးကုိထိေရာက္တယ္ေျပာရမလားပဲ။ေျခေထာက္နဲ႔ေက်ာရိုးေတြအားနည္းတဲ႔အခါ ေသြးလည္ပတ္မႈကုိထိခိုက္ေစတဲ႔အတြက္က်န္းမာေရးဆုိးက်ိဳးကေတာ္ေတာ္မ်ားပါတယ္။ဒါေပမဲ႔ လက္ႏွစ္ဖက္ကုိ
အေပၚေျမွာက္ေပးတာက ေသြးလည္ပတ္မႈကို ပံုမွန္ထက္ေကာင္းမြန္ေစပါတယ္တဲ႔။လက္ႏွစ္ဖက္ကုိလႈပ္ရွားေပး၊ဆြဲဆန္႔ေပးတဲ႔အခါ ေက်ာရိုးမွာရွိတဲ႔ႏူးညံ႔တဲ႔တစ္ရွဴးေတြကလည္းအလုပ္လုပ္ျပီးေသြးလည္ပတ္မႈကိုပံုမွန္ထက္ေကာင္းမြန္ေစတာပဲျဖစ္ပါတယ္။

*ပင္ပန္းႏြမ္းနယ္မႈကုိ ဂြတ္ဘုိင္လုပ္ၾကရေအာင္
တစ္ေနကုန္ ဘာလုပ္လုပ္ပင္ပန္းေနတယ္။တက္ၾကြမႈမရွိဘူးဆုိရင္ေန႔ရက္တုိင္းက ပ်င္းရိျငီးေငြ႔စရာေကာင္းေနမွာေတာ့အမွန္ပါပဲ။ပင္ပန္းႏြမ္းနယ္မႈဆုိတာစိတ္နဲ႔လည္းသက္ဆုိင္ေနပါတယ္။ေနထုိင္မႈုပံုစံကုိေျပာင္းလဲလိုက္ရံုနဲ႔ ပင္ပန္းႏြမး္နယ္မႈေတြေ၀းေ၀းေျပးႏုိင္ေအာင္လုပ္ႏုိင္စြမ္းရွိတယ္လုိ႔ေျပာရင္ယံုလိုက္ပါ။မနက္ခင္းျဖစ္ေစ၊အလုပ္ခဏနားတဲ႔အခ်ိန္အတြင္းျဖစ္ေစ ဒီလက္ႏွစ္ဖက္အေပၚေျမွာက္ေပးတဲ႔ေလ့က်င့္ခန္းလုပ္ေပးမယ္ဆုိရင္ ပင္ပန္းႏြမ္းနယ္မႈကုိေျပေပ်ာက္သြားေစပါတယ္တဲ႔။

ဒီေလ့က်င့္ခန္းက ေယာဂေလ့က်င့္ခန္းတစ္ခုလိုပဲျဖစ္တာေၾကာင့္ ညဘက္လည္းေကာင္းေကာင္းအိပ္ေပ်ာ္ေစျပီး ေန႔ရက္တုိင္းကုိလန္းဆန္းစြာျဖတ္သန္းသြားႏုိင္ေစတဲ႔အစြမ္းရွိပါတယ္။ဒါေၾကာင့္ ဒီေလ့က်င့္ခန္းေလးကုိ သတိရတဲ႔အခိ်န္တုိင္းလုပ္ေပးပါလို႔ အၾကံျပဳလိုက္ပါတယ္။

Unicode

သင့်လက်နှစ်ဖက်ကို မကြာခဏဆိုသလို အပေါ်ကိုမြှောက်ထားလေ့ရှိပါသလား? ဟင် မေးခွန်းကဘယ်လိုကြီးလဲလို့တွေးမိသွားကြမယ်ထင်ပါတယ်။မေးခွန်းကတော့မမှားပါဘူး။လက်နှစ်ဖက်ကို မကြာခဏအပေါ်ကိုမြှောက်ထားလေ့ရှိလားလို့မေးရတာက ဒီလိုမြှောက်ပေးထားရင် ကျန်းမာရေးအကျိုးကျေးဇူးတွေရလာနိုင်တယ်ဆိုတဲ့အကြောင်းလေး မျှဝေပေးချင်လို့ပါ 😁လက်နှစ်ဖက်ကို အပေါ်ကို မြှောက်ထားပေးရုံနဲ့ဘယ်လိုအကျိုးကျေးဇူးတွေရလာမှာလဲ? စိတ်ဝင်စားစရာပါပဲ။အတူတူ ဖတ်ကြည့်လိုက်ရအောင်

တကယ်တော့ ဒီလိုလက်နှစ်ဖက်ကို ဦးခေါင်းအပေါ်ဘက် မြှောက်ပေးတာက ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းတစ်ခုပါတဲ့။

*တင်းမာနေတဲ့ပုခုံးအကြောတွေကို ဖြေလျော့ပေးတယ်
တစ်နေကုန်စားပွဲမှာထိုင်ပြီး ကွန်ပျူတာကြည့်နေရတဲ့သူတွေအတွက် ဒီလေ့ကျင့်ခန်းလေးကအသုံးဝင်ပါတယ်။ထိုင်ရတာ ညောင်းလာပြီဆိုရင် လက်သီးဆုပ်လေးဆုပ်ပြီး လက်နှစ်ဖက်ကို အားရှိပါးရှိ အပေါ်ကို မြှောက်ထည့်လိုက်ပါ။အကြောတွေကိုဆွဲဆန့်သလိုဖြစ်သွားပါလိမ့်မယ်။မြှောက်လိုက်တဲ့အချိန်မှာအသက်ကိုဝဝရှုသွင်းပြီး လက်နှစ်ဖက်ကိုပြန်ချပါ။ပြီးရင် ထပ်လုပ်ပါ။ငါးခါလောက်လုပ်ပေးမယ်ဆိုရင်တောင် ပုခုံးနဲ့လည်ပင်းက ကြွက်သားတွေတင်းနေတာကို ဖြေလျော့ပေးပါလိမ့်မယ်။

*ကိုယ်နေဟန်ထားမှန်ကန်စေတယ်
ကျန်းမာရေးပြဿနာအများစုက အလေ့အကျင့်ဆိုးတွေကြောင့်ဖြစ်တာများပါတယ်။ထိုင်တဲ့အခါ ခါးကုန်းပြီးထိုင်တာက ပိုပြီးသက်တောင့်သက်သာရှိစေတယ်လို့ကိုယ်တွေ တွေးပြီး ခါးကုန်းပြီးထိုင်လေ့ရှိကြတယ်။ဒါပေမဲ့ အဲ့ဒါက တကယ်တော့ဆိုးဝါးပါတယ်။ခန္ဓာကိုယ်ရဲ ့ကိုယ်နေဟန်ထားကိုပုံပျက်စေပြီးလမ်းလျှောက်တဲ့အခါမှာတောင် ခါးကမတ်မတ်မဖြစ်ပဲနေပါလိမ့်မယ်။လက်နှစ်ဖက်ကို အပေါ်မြှောက်ပေးတာက ကိုယ်နေဟန်ထားမှန်ကန်စေဖို့အစပါ။လက်နှစ်ဖက်ကိုအပေါ်ကိုမြှောက်လိုက်ပြီး တတ်နိုင်သလောက်ပူးကပ်ပေးပါ။၉၀ ဒီဂရီဖြစ်အောင်ပေါ့။မိနစ် ၂၀ တိုင်း တစ်ကြိမ်စီထလုပ်ပေးမယ်ဆိုရင် ကျောရိုးကိုပုံမှန်အတိုင်းဖြစ်လာစေပါတယ်။

*ပုခုံးနဲ့လက်မောင်းကို ကျစ်လစ်သန်မာလာစေပါတယ်။
အဆီကျလိုသူတွေအတွက် ဒါကလွယ်ကူထိရောက်တဲ့လေ့ကျင့်ခန်းလေးပါပဲ။နေရာကောင်းတစ်ခုကိုရှာပါ။ပြီးရင် ပုခုံးအကျယ်အတိုင်းခြေထောက်နှစ်ဖက်ကိုခွဲပါ။ခွဲပြီးရင်လက်နှစ်ဖက်ကိုအပေါ်မြှောက်လိုက်ပြီး အဲ့ဒီအနေအထားအတိုင်း ၂မိနစ်ကနေ ၃မိနစ်ထိနေပါ။၂မိနစ်လောက်နေပြီးရင်
လက်နှစ်ဖက်ကို အရှေ့ကိုတစ်ခါငိုက်ချလိုက်၊အနောက်ကိုတစ်ခါလှန်ချလိုက်လုပ်ပေးပါ။ပုခုံးမှာတင်းအားခံစားလာရပြီဆိုရင် လက်နှစ်ဖက်ကိုအောက်ကိုပြန်ချလို့ရပါပြီ။ဒါက ယောဂလေ့ကျင့်ခန်းတစ်ခုလိုမျိုးလည်းဖြစ်ပါသေးတယ်။

*နောက်ကျောဘက်နာကျင်မှုကိုလျှော့ချပေးတယ်
အထိုင်များပြီး ကွန်ပျူတာနေ့တိုင်းကြည့်နေရတဲ့သူတွေဟာ မကြာခဏဆိုသလို ခါးရိုး၊ကျောရိုးနာကျင်မှုကိုခံစားရတတ်ပါတယ်။အဲ့ဒီလိုခံစားရတာကရေရှည်ဆိုမကောင်းပါဘူးနော်။ဒါကြောင့် နောက်ကျောဘက်နာကျင်မှုမကြာခဏမဖြစ်ဖို့ ဒီလေ့ကျင့်ခန်းလေးကိုလုပ်ပေးဖို့လိုပါတယ်။လက်နှစ်ဖက်ကို
အပေါ်ကိုမြှောက်လိုက်ပြီး အကြောတွေဆွဲဆန့်ပေးတာက နောက်ကျောနာကျင်မှုကိုသက်သာစေပါတယ်တဲ့။

*Balance ဖြစ်စေတယ်
ခန္ဓာကိုယ် Balance မညီတာက ကြွက်သားတွေအားနည်းစေဖို့ကိုဦးဆောင်နေပြီး အကြော၊နှလုံးနဲ့သွေးကြောတွေကိုပါထိခိုုက်စေဖို့ဆက်နွယ်နေပါတယ်။အဲ့ဒါကြောင့် ခန္ဓာကိုယ်အနေအထားညီမျှဖို့ လက်နှစ်ဖက်ကိုအပေါ်ကို မကြာခဏမြှောက်မြှောက်ပေးပါ။ဒီလွယ်ကူတဲ့လေ့ကျင့်ခန်းလေးက
Balance ညီမျှဖို့ ကူညီပေးပါလိမ့်မယ်။

*Text-neck syndrome ကို ဖယ်ရှားပေးတယ်
Text-neck syndrome ဆိုတာ ဆိုရှယ်မီဒီယာနဲ့ဆိုင်တဲ့ရောဂါတစ်ခုပါပဲ။လမ်းသွားရင်ဖုန်းကြည့်တယ်။ထိုင်နေရင်းဖုန်းကြည့်တယ်။ဖုန်းကြည့်တယ်ဆိုကတည်းကဦးခေါင်းကိုငုံ့နေရပြီမဟုတ်လား။အဲ့ဒီအခါ ကိုယ်တွေငုံ့ထားသလောက်လည်ပင်းကပါ အလေးချိန်ကိုထမ်းထားနေရသလိုပါ။ခဏလေးငုံ့နေရင်တောင် ချက်ချင်းညောင်းလာတာသတိထားမိပါလိမ့်မယ်။ဒီလိုဖြစ်တာက မကောင်းပါဘူး။အဲ့ဒါကြောင့် ဖုန်းကို ခဏခဏငု့ံကြည့်တာမျိုးမလုပ်ပဲ ဖြစ်နိုင်ရင် ဦးခေါင်းနဲ့တစ်တန်းတည်းအနေအထားလောက်နီးနီးမှာကြည့်သင့်ပါတယ်။ပြီးတော့လက်နှစ်ဖက်ကို မကြာခဏဆိုသလို အပေါ်မြှောက်ပြီး ဦးခေါင်းကိုဘယ်ညာလေ့ကျင့်ခန်းလုပ်ပေးပါ။ဖုန်းကိုငုံ့ကြည့်တဲ့အချိန်၊အရေအတွက်ကိုလည်းတတ်နိုင်သလောက်လျှော့သင့်ပါတယ်။

*ခြေထောက်နဲ့ကျောရိုးအားနည်းမှုကိုကာကွယ်ပေးတယ်
လက်နှစ်ဖက်ကိုအပေါ်မြှောက်ပြီးဟိုလှည့်ဒီလှည့်လုပ်ပေးတဲ့လေ့ကျင့်ခန်းလေးဟာ အတော်ကြီးကိုထိရောက်တယ်ပြောရမလားပဲ။ခြေထောက်နဲ့ကျောရိုးတွေအားနည်းတဲ့အခါ သွေးလည်ပတ်မှုကိုထိခိုက်စေတဲ့အတွက်ကျန်းမာရေးဆိုးကျိုးကတော်တော်များပါတယ်။ဒါပေမဲ့ လက်နှစ်ဖက်ကို
အပေါ်မြှောက်ပေးတာက သွေးလည်ပတ်မှုကို ပုံမှန်ထက်ကောင်းမွန်စေပါတယ်တဲ့။လက်နှစ်ဖက်ကိုလှုပ်ရှားပေး၊ဆွဲဆန့်ပေးတဲ့အခါ ကျောရိုးမှာရှိတဲ့နူးညံ့တဲ့တစ်ရှူးတွေကလည်းအလုပ်လုပ်ပြီးသွေးလည်ပတ်မှုကိုပုံမှန်ထက်ကောင်းမွန်စေတာပဲဖြစ်ပါတယ်။

*ပင်ပန်းနွမ်းနယ်မှုကို ဂွတ်ဘိုင်လုပ်ကြရအောင်
တစ်နေကုန် ဘာလုပ်လုပ်ပင်ပန်းနေတယ်။တက်ကြွမှုမရှိဘူးဆိုရင်နေ့ရက်တိုင်းက ပျင်းရိငြီးငွေ့စရာကောင်းနေမှာတော့အမှန်ပါပဲ။ပင်ပန်းနွမ်းနယ်မှုဆိုတာစိတ်နဲ့လည်းသက်ဆိုင်နေပါတယ်။နေထိုင်မှုုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့ ပင်ပန်းနွမး်နယ်မှုတွေဝေးဝေးပြေးနိုင်အောင်လုပ်နိုင်စွမ်းရှိတယ်လို့ပြောရင်ယုံလိုက်ပါ။မနက်ခင်းဖြစ်စေ၊အလုပ်ခဏနားတဲ့အချိန်အတွင်းဖြစ်စေ ဒီလက်နှစ်ဖက်အပေါ်မြှောက်ပေးတဲ့လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်သွားစေပါတယ်တဲ့။

ဒီလေ့ကျင့်ခန်းက ယောဂလေ့ကျင့်ခန်းတစ်ခုလိုပဲဖြစ်တာကြောင့် ညဘက်လည်းကောင်းကောင်းအိပ်ပျော်စေပြီး နေ့ရက်တိုင်းကိုလန်းဆန်းစွာဖြတ်သန်းသွားနိုင်စေတဲ့အစွမ်းရှိပါတယ်။ဒါကြောင့် ဒီလေ့ကျင့်ခန်းလေးကို သတိရတဲ့အချိန်တိုင်းလုပ်ပေးပါလို့ အကြံပြုလိုက်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.