Lee Kwang Soo အေပၚ ပရိသတ္ေတြအခ်စ္ပုိေအာင္လုပ္ခဲ႔ျပန္တဲ႔ မင္းသားၾကီး Shin Ha Kyun

နာမည္ေက်ာ္မင္းသားၾကီးတစ္ေယာက္ျဖစ္တဲ႔ Shin Ha Kyun ကေတာ့ အႏုပညာမ်ိဳးဆက္သစ္ဂ်ဴနီယာျဖစ္တဲ႔ Lee Kwang Soo အေပၚခ်စ္ခင္စြာနဲ႔ခ်ီးက်ဴးစကားဆုိလိုက္တယ္လို႔သိရပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ မၾကာခင္ရုိက္ကူးမယ့္ “My Special Brother” ဆုိတဲ႔ဇာတ္ကားသစ္မွာ တြဲဖက္သရုပ္ေဆာင္ရမွာျဖစ္ပါတယ္။အဲ႔ဒီဇာတ္ကားမွာ Shin Ha Kyun နဲ႔ Lee Kwang Soo တုိ႔ကို အတန္းေဖာ္သူငယ္ခ်င္းေတြအျဖစ္ျမင္ေတြ႔ရမွာပါ။EXO အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔  D.O လည္းပါ၀င္သရုပ္ေဆာင္မွာျဖစ္ပါတယ္။

Running Man အစီအစဥ္မွာ သစ္ကုလားအုတ္လို႔ခ်စ္စႏုိးေခၚၾကတဲ႔ Lee Kwang Soo နဲ႔ပတ္သက္ျပီး အင္တာဗ်ဴးေမးသူက Lee Kwang Soo ဟာ ဘယ္ေနရာသြားသြား ပရိသတ္ေတြရဲ႔ အခ်စ္ခံရတာနဲ႔ပတ္သက္ျပီး ဘယ္လိုျမင္လဲေမးျမန္းၾကည့္တဲ႔အခါမွာ မင္းသား Shin Ha Kyun က “သူ႔ရဲ ႔ကုိယ္က်င့္တရား၊အက်င့္စာရိတၱက အရမ္းေကာင္းပါတယ္။သရုပ္ေဆာင္ပုိင္းမွာလည္း ျမင္ရသေလာက္ ထူးခြ်န္သူတစ္ေယာက္ပါ။Variety Show ေတြမွာသာ ပရိသတ္ေတြရဲ႔အသည္းျဖစ္ရံုမကပါဘူး။တကယ့္ျပင္ပဘ၀မွာလည္း သူက ႏွလံုးသားျဖဴစင္ပြင့္လင္းတဲ႔သူတစ္ေယာက္ျဖစ္ပါတယ္။ျပီးေတာ့ အေနအထိုင္ေအးေဆးျပီး သူ႔အေတြးနဲ႔သူ ျငိမ္ေနတတ္သူတစ္ေယာက္လည္းျဖစ္ပါေသးတယ္။ဒါေပမဲ႔ ဘာသိဘာသာေနတတ္တဲ႔သူမ်ိဳးမဟုတ္ပါဘူး။Variety program ေတြမွာလည္းသူ႔ရဲ႔ဇာတ္ေကာင္စရိုက္ကုိ မေျပာင္းမလဲသရုပ္ေဆာင္တတ္သူတစ္ေယာက္ျဖစ္လို႔ အဘက္ဘက္က ေတာ္တဲ့ဂ်ဴနီယာတစ္ေယာက္လုိ႔ပဲဆုိပါရေစ”ဆုိျပီးခ်ီးက်ဴးစကားဆုိခဲ႔တာပဲျဖစ္ပါတယ္။

Lee Kwang Soo ဟာ အာရွမင္းသားလုိ႔ေတာင္ ပရိသတ္ေတြကနာမည္ေပးထားၾကတဲ႔အထိ အေနအထိုင္အေျပာအဆုိ Manner ေကာင္းမြန္သူတစ္ေယာက္ပါ။Running Man မွာသူက အျမဲတမ္းသစၥာေဖာက္သူအျဖစ္ျမင္ေတြ႔ရတာကလည္း ရသစံုရွိဳးရဲ႔ဇာတ္ေကာင္တစ္ခုျဖစ္ပါတယ္။

ဒီလုိသစၥာေဖာက္တဲ႔ၾကားကေတာင္ တစ္ခါတစ္ေလ သူခ်ည္းပဲခံေနရတဲ႔ရယ္စရာအလြဲေလးေတြကိုလည္းျမင္ေတြ႔ရမွာပါ။အခုဆုိရင္ေတာ့ သူက Variety Show မွာလည္းပါ၀င္ေနသလို သူ၀ါသနာပါတဲ႔အႏုပညာသရုပ္ေဆာင္အလုပ္ကိုလည္းတြဲဖက္လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။ဒီ ၂၀၁၈ မွာလည္း Live (TV series) ထြက္ရွိထားပါေသးတယ္။Kwang Soo ကုိခ်စ္ၾကတဲ႔ပရိသတ္ၾကီးလည္း ဇာတ္ကားသစ္ေလးထြက္လာရင္ အားေပးဖုိ႔မေမ့နဲ႔ေနာ္ 😍

Unicode

နာမည်ကျော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Shin Ha Kyun ကတော့ အနုပညာမျိုးဆက်သစ်ဂျူနီယာဖြစ်တဲ့ Lee Kwang Soo အပေါ်ချစ်ခင်စွာနဲ့ချီးကျူးစကားဆိုလိုက်တယ်လို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ မကြာခင်ရိုက်ကူးမယ့် “My Special Brother” ဆိုတဲ့ဇာတ်ကားသစ်မှာ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားမှာ Shin Ha Kyun နဲ့ Lee Kwang Soo တို့က အတန်းဖော်သူငယ်ချင်းတွေအဖြစ်မြင်တွေ့ရမှာပါ။EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့  D.O လည်းပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Running Man အစီအစဉ်မှာ သစ်ကုလားအုတ်လို့ချစ်စနိုးခေါ်ကြတဲ့ Lee Kwang Soo နဲ့ပတ်သက်ပြီး အင်တာဗျူးမေးသူက Lee Kwang Soo ဟာ ဘယ်နေရာသွားသွား ပရိသတ်တွေရဲ့ အချစ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲမေးမြန်းကြည့်တဲ့အခါမှာ မင်းသား Shin Ha Kyun က “သူ့ရဲ ့ကိုယ်ကျင့်တရား၊အကျင့်စာရိတ္တက အရမ်းကောင်းပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း မြင်ရသလောက် ထူးချွန်သူတစ်ယောက်ပါ။Variety Show တွေမှာသာ ပရိသတ်တွေရဲ့အသည်းဖြစ်ရုံမကပါဘူး။တကယ့်ပြင်ပဘဝမှာလည်း သူက နှလုံးသားဖြူစင်ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ အနေအထိုင်အေးဆေးပြီး သူ့အတွေးနဲ့သူ ငြိမ်နေတတ်သူတစ်ယောက်လည်းဖြစ်ပါသေးတယ်။ဒါပေမဲ့ ဘာသိဘာသာနေတတ်တဲ့သူမျိုးမဟုတ်ပါဘူး။Variety program တွေမှာလည်းသူ့ရဲ့ဇာတ်ကောင်စရိုက်ကို မပြောင်းမလဲသရုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်လို့ အဘက်ဘက်က တော်တဲ့ဂျူနီယာတစ်ယောက်လို့ပဲဆိုပါရစေ”ဆိုပြီးချီးကျူးစကားဆိုခဲ့တာပဲဖြစ်ပါတယ်။

Lee Kwang Soo ဟာ အာရှမင်းသားလို့တောင် ပရိသတ်တွေကနာမည်ပေးထားကြတဲ့အထိ အနေအထိုင်အပြောအဆို Manner ကောင်းမွန်သူတစ်ယောက်ပါ။Running Man မှာသူက အမြဲတမ်းသစ္စာဖောက်သူအဖြစ်မြင်တွေ့ရတာကလည်း ရသစုံရှိုးရဲ့ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။ဒီလိုသစ္စာဖောက်တဲ့ကြားကတောင် တစ်ခါတစ်လေ သူချည်းပဲခံနေရတဲ့ရယ်စရာအလွဲလေးတွေကိုလည်းမြင်တွေ့ရမှာပါ။အခုဆိုရင်တော့ သူက Variety Show မှာလည်းပါဝင်နေသလို သူဝါသနာပါတဲ့အနုပညာသရုပ်ဆောင်အလုပ်ကိုလည်းတွဲဖက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ဒီ ၂၀၁၈ မှာလည်း Live (TV series) ထွက်ရှိထားပါသေးတယ်။Kwang Soo ကိုချစ်ကြတဲ့ပရိသတ်ကြီးလည်း ဇာတ်ကားသစ်လေးထွက်လာရင် အားပေးဖို့မမေ့နဲ့နော် 😍

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.