မြင်မြင်ချင်း အချစ်ဆိုတာ တကယ်ရှိလား?

အမြဲတမ်း လူတစ်ယောက်ကိုတွေ့တာနဲ့ စိတ်ချင်းဆက်သွယ်နေတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။
လူတစ်ယောက်အကြောင်းကိုသိနိုင်ဖို့ အချိန်အတိုင်းတာတစ်ခုတော့ လိုပါတယ်။ ဒါမှ မင်းတို့ဟာ အတူတူရှိနေနိုင်မယ့် လူနှစ်ယောက်လားဆိုတာ သိနိုင်မယ်။

couple-gazing-into-each-other-eyes-sunset

 

တစ်ခါတစ်လေ တစ်စုံတစ်ယောက်နဲ့ ဆုံတဲ့အခါ စိတ်ထဲမှာ ထူးထူးဆန်းဆန်းခံစားချက်တွေဖြစ်ဖူးလား ? အဲ့ဒီတွေ့လိုက်တဲ့အချိန်ခဏလေးမှာပဲ ရုတ်တရက် ရင်ထဲလှပ်ခနဲဖြစ်သွားတာမျိုး။ ဒီခံစားချက်ဟာ သေချာစကားလုံး အတိကျနဲ့ ရှင်းပြရခက်ပါတယ်။ သစ်ရွက်လှုပ်တိုင်း ရယ်တတ်တဲ့ စိတ်ကစားတဲ့ ဆယ်ကျော်သက်အရွယ်မျိုးမှာ ပြောချင်တာမဟုတ်ဘူးနော်။ ဟုတ်ပြီ… ဒါဆို မြင်မြင်ချင်း ချစ်မိတာဟုတ်၊ မဟုတ် ကိုယ်ပိုင်ခံစားချက်ကို ဒီလိုစစ်ဆေးကြမယ်

ရင်ထဲနွေးပြီး လှပ်ခနဲဖြစ်သွားတာမျိုး
သူ့ကိုတွေ့လိုက်ချိန်မှာ အများနဲ့မတူပဲ ထူးခြားနေတယ်လို့ ခံစားနေရပြီ။ သူ့ဆီကို မျက်လုံးခဏခဏရောက်မိနေတယ်။ စိတ်ကဖြစ်နေတာကို မျက်လုံးကတော့ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါကြောင့်လည်း မျက်လုံးချင်းစကားပြောလို့ရတာပေါ့။ သူဟာ မင်းရင်ထဲ ဘယ်လောက်နက်ရှိုင်းတဲ့ထိရောက်နေပြီလဲဆိုတာ သိချင်လာမယ်။ စိတ်ထဲပျော်နေပြီး လေးနက်တယ်။ အဓိပ္ပာယ်ရှိတဲ့ ခံစားချက်တွေဖြစ်ပေါ်နေမယ်။ သူလည်းမင်းလို ခံစားချက်မျိုးဖြစ်နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ ? သူ့ရဲ့မျက်နှာအမူရာနဲ့ အဓိကမျက်လုံးကိုကြည့်ရင် သိနိုင်ပါတယ်။

A soulmate is someone who you could spend a great deal of time with just sitting on a sofa and feel happy. You don’t need fanfare. You don’t need to go out to expensive restaurants. – Karen Salmansohn

သူစကားတစ်ခွန်းဟလိုက်တာနဲ့ အလိုလိုသူ့အကြောင်းသိနေမယ်
လူတစ်ယောက်အကြောင်း သိချင်ရင်စကားပြောကြည့်မှ သိမယ်တဲ့ ။ စကားပြောလိုက်တဲ့အခါ သူ့စိတ်နေစိတ်ထားကို အနည်းကျဉ်းတော့ခန့်မှန်းနိုင်ပါတယ်။ အဲ့ဒီကနေ မင်းနဲ့ဘာတွေတူညီလဲ ဆိုတာသိနိုင်သလို ၊ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာလည်း သိနိုင်ပါတယ်။ သူ့ရဲ့ရည်မှန်းချက် ၊ အချစ်နဲ့ပတ်သတ်တဲ့ သူ့ရဲ့အမြင် ၊ လူတွေအပေါ်ထားတဲ့ သူ့ရဲ့စိတ်ဓာတ်ဟာ တန်းတူဖြစ်ရဲ့လား ။ ဒါတွေအားလုံးဟာ စကားပြောကြည့်မှပဲ တစ်ဆင့်သိနိုင်မှာပါ။

Image result for couple

ချက်ချင်း သူ့အပေါ်ယုံကြည်စိတ်တွေဖြစ်လာမယ်
လူတစ်ယောက်အပေါ် ယုံကြည်ဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ တစ်ခါ ၊ နှစ်ခါလောက်ဆုံဖူးရုံနဲ့
ဒီလူတစ်ယောက်ကို ယုံလိုက်လို့ဖြစ်မလား ။ အခုခေတ်ဆို ပိုဆိုးပေါ့။ ဒါပေမယ့် မင်းတို့နှစ်ယောက်ဟာ အပြန်လှန် စစ်မှန်တဲ့လူမျိုးတွေဆိုရင်တော့ အချိန်သိပ်ပေးစရာမလိုပါဘူး။ နှလုံးသားကဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်အတိုင်း ယုံကြည်မိမှာပါပဲ။ ယုံကြည်မှုဆိုတာ နှစ်ယောက်ကြားမှာရှိသင်တဲ့ အကြီးမားဆုံး အချိတ်ဆက်တစ်ခုပါ။ အချိန်ကြာကြာလက်တွဲနေတဲ့ အတွဲတွေကြားမှာ ထိန်းသိမ်းထားနိုင်တာဆိုလို့ ယုံကြည်မှုဆိုတဲ့ ကြိုးမျှင်လေးပဲ ရှိပါတယ်။

အတူရှိနေချိန် စိတ်တွေပေါ့ပါးနေ
သူနဲ့ အတူရှိနေချိန်ဟာ မင်းအတွက် မလွတ်လပ်သလို မဖြစ်ပဲ စိတ်ထဲသက်တောင့်သက်သာရှိနေတာမျိုးပါ။ ကိုယ်စိတ်ထဲရှိသလို ပေါ့ပေါ့ပါးပါးနေလို့ရတယ်။ စကားအပြန်လှန်ပြောတဲ့အခါလည်း အချိတ်ဆက်မိပြီး ဟာသတွေပြောရင်း အတူတူရယ်မောကြမယ်ဆိုရင် ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။ ဒီလိုမျိုး ခံစားလို့ရတဲ့သူကို ရှာတွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ သူ့ရဲ့ဖြစ်တည်မှုက မင်းအတွက် အဓိပ္ပာယ်ရှိနေသလို ၊ သူ့အတွက်လည်း မင်းကဒီလိုပဲပေါ့။

Related image

ဆိုတော့ ပြောချင်တာက မထင်မှတ်တဲ့နေရာမှာ ရုတ်တရက်တွေ့ဆုံလိုက်ရတဲ့ လူတွေ မြင်မြင်ချင်း
ချစ်မိတာမျိုးက ဖြစ်နိုင်ပါတယ်။ ချစ်မိတာမျိုးထိ အဆင့်မဟုတ်ရင်တောင် စိတ်ဝင်စားတယ်ဆို ပိုမှန်ပါတယ်။ ဒီအချက်လေးတွေ မင်းဆီမှာ ကွက်တိဖြစ်နေပြီဆိုရင်တော့ မြင်မြင်ချင်းချစ်မိနေတာ သေချာပါတယ်။

744 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.