ယူတို့ရဲ့ K မင်းသားမှာ ဒီလိုချစ်စရာကောင်းတဲ့အချက်လေးတွေရှိနေတာသိရဲ့လား? 😍
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အနုပညာရှင်မင်းသားချော Lee Joon Gi (Lee Joon Ki)ကိုတော့ ဒီကပရိသတ်တွေက K လို့ပဲချစ်စနိုးနာမည်ပေးထားကြပါတယ်။K ဟာ သရုပ်ဆောင်ပညာမှာထူးချွန်တဲ့အတွက် ဆုတွေလည်းအများကြီးရရှိထားသူဖြစ်သလို နှုတ်ခမ်းနီမလေးတွေရဲ ့အသည်းစွဲမင်းသားတစ်လက်လည်းဖြစ်ပါသေးတယ်။သူ့ကိုပရိသတ်တွေက ချစ်ရတဲ့တစ်ခြားအကြောင်းအရာလေးတွေလည်းရှိပါသေးတယ်။ဒီအကြောင်းအရာတွေကိုသိပြီးရင် ပိုတိုးလို့သာချစ်သွားကြဦးမှာပါ။ဒီတော့ ဘယ်လိုအကြောင်းအရာတွေကြောင့် သူ့ကိုပရိသတ်တွေက သည်းသည်းလှုပ်နေတာလဲဆိုရင်…
*K က ပရိသတ်တွေရဲ့ပြောစကားကို အမြဲနားထောင်တတ်သူတစ်ယောက်ပါတဲ့။အင်တာဗျူးတစ်ခုမှာ “ကျွန်တော်က ပရိသတ်တွေရဲ့စကားကို အမြဲအလေးထားပါတယ်။သူတို့ရဲ့စကားတွေကို ဘယ်တော့မှစိတ်မဆိုးပါဘူး။ဘာလို့လဲဆိုတော့ သူတို့က ဘယ်တော့မှမှားတဲ့အရာကိုမပြောပါဘူးတဲ့။ကျွန်တော့်ကိုလည်းအကောင်းဆုံးချစ်ပေးကြတယ်။ပြီးတော့ အသက်ကြီးသွားတဲ့အခါလည်း နုပျိုအောင် Botox မထိုးဖို့လည်းပြောထားပါသေးတယ်။ကျွန်တော်ကလည်းပလတ်စတစ်ဆာဂျရီလုပ်ဖို့ အစီအစဉ်လုံးဝမရှိပါဘူး”ဆိုပြီးဖြေခဲ့ဖူးပါတယ်။ပရိသတ်ဆီက ဝေဖန်အကြံပြုတာတွေကိုလည်းအားလုံးမှတ်ထားပြီးလိုက်နာပါတယ်တဲ့။ဘယ်လိုတောင် ပရိသတ်ကိုအလေးထားတာလဲနော် 😍
*အသက်ကြီးလာလို့လည်းစိတ်ညစ်မိတဲ့သူမျိုးမဟုတ်ပါဘူး။”သူ့ရဲ့အသက် ၂ဝအရွယ်မှာလည်း ကျွန်တော်က ငယ်ရွယ်တက်ကြွတဲ့လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။အဲ့တုန်းက ရင့်ကျက်တဲ့လူတစ်ယောက်တော့ မဟုတ်ခဲ့ဘူးပေ့ါ။အခု အသက် ၃ဝပိုင်းဝင်လာတဲ့ခံစားချက်ကိုလည်းသဘောကျပါတယ်။အနုပညာကိုလေ့လာတဲ့အခါမှာလည်းပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်လာတယ်။သရုပ်ဆောင်တဲ့အပိုင်းကိုလည်းပိုပြီးကောင်းကောင်းလုပ်နိုင်လာပါတယ်”ဆိုပြီး ဖြေခဲ့ဖူးပါတယ်။
*အက်ရှင်ဇာတ်ဝင်ခန်းတွေရိုက်ရတာကိုလည်းသဘောကျပါတယ်တဲ့။ဒဏ်ရာအနာတရ ရသွားရင်တောင် အက်ရှင်ပိုင်းတွေလုပ်ရတာပိုပြီးကျေနပ်ပါတယ်လို့ပြောခဲ့ဖူးပါတယ်။”ဝန်ထမ်းတွေနဲ့ဒါရိုက်တာက ဒီလိုအက်ရှင်ဇာတ်ဝင်ခန်းတွေရိုက်တဲ့အခါ ကျွန်တော်ဒဏ်ရာအနာတရဖြစ်မှာကို
စိုးရိမ်ကြပါတယ်။ဒါပေမဲ့ ဒီအသက် ၂၀၊၃၀ ဝန်းကျင်က အက်ရှင်ဇာတ်ဝင်ခန်းတွေရိုက်ကူးဖို့အကောင်းဆုံးအချိန်ပါပဲ။ကျွန်တော်ငယ်ငယ်တုန်းက ဂျက်ကီချန်းရဲ့ရုပ်ရှင်တွေကိုကြည့်ခဲ့ဖူးပြီးသူ့ရဲ ့အက်ရှင်ဇာတ်ဝင်ခန်းတွေကိုလည်းအရမ်းကြိုက်ပြီးအရမ်းလေးစားပါတယ်။ရုပ်ရှင်တစ်ကားရိုက်ပြီဆို
သူက သူလုပ်နိုင်သမျှအားလုံးလုပ်တာပါပဲ။ကျွန်တော်လည်း အဲ့ဒီလိုဖြစ်ချင်ပါတယ်”လို့အင်တာဗျူးမှာဖြေခဲ့တာပါ။
*စစ်မှုထမ်းဆောင်ပြီးတဲ့နောက်မှာ ပိုပြီးပျော်ရွှင်အောင်နေတတ်လာလို့လည်း စစ်တပ်ကိုကျေးဇူးတင်ပါတယ်တဲ့။”စစ်မှုမထမ်းဆောင်ခင်တုန်းက ကျွန်တော်က ကျွန်တော့်ရဲ့နေ့စဉ်ဘဝကိုထိန်းချုပ်ထားလေ့ရှိပါတယ်။အပြင်လည်းခဏခဏမထွက်သလို အရက်သောက်တဲ့အခါမှာလည်းသီးသန့်ေ
သာက်လို့ရတဲ့အခန်းရှိတဲ့ဘားတွေကိုသာသွားတာပါ။ကျွန်တော့်ရဲ့မန်နေဂျာလည်းအမြဲပါပါတယ်။ကောလဟာလသတင်းတွေထွက်မှာစိုးလို့ မိန်းကလေးဧည့်သည်တွေကိုတောင်မဖိတ်ခေါ်ဖူးပါဘူး။စစ်မှုထမ်းပြီးတဲ့နောက်မှာ ကျွန်တော်ပြောင်းလဲသွားခဲ့တယ်။ညဘက်တွေမှာ အပြင်ပိုထွက်
တတ်လာသလို အသားကင်ဆိုင်တွေကိုသွားတယ်။တစ်ယောက်တည်းကားစီးတယ်။ဘားသွားတဲ့အခါမှာလည်း ကျွန်တော်ကအနုပညာရှင်တစ်ယောက်ဆိုတာခဏပဲလူတွေသတိထားကြည့်ကြတာပါ။ပြီးတော့လည်း ကိုယ့်အထာနဲ့ကိုယ်ဖြစ်သွားကြတာပါပဲ။စစ်တပ်ထဲရောက်မှ ကျွန်တော်က အရာရာကိုSerious ဖြစ်စွာနေနေခဲ့မှန်း နားလည်တော့တယ်”ဆိုပြီးစစ်မှုထမ်းဆောင်ရာကနေ ပြန်လာပြီးတဲ့နောက် အင်တာဗျူးမှာဖြေခဲ့ပါတယ်။
*K ဟာ တစ်ခြားသူတွေထက်ပိုပြီးအလုပ်ကိုရူးသွပ်စွာလုပ်သူတစ်ယောက်လို့လည်းသိရပါသေးတယ်။ရုပ်ရှင်ရိုက်ကူးရေးပြီးသွားတဲ့အခါ နားရတဲ့အချိန်၊ဘာမှမလုပ်ရတဲ့အချိန်တွေကိုရင်ဆိုင်ဖို့ခက်ခဲပါတယ်တဲ့။”သူ့အလုပ်မှာလည်း အရာအားလုံးကိုစိတ်ကျေနပ်တဲ့အထိလုပ်ချင်တဲ့သူတစ်ယောက်ပါ။သူသာအေးအေးဆေးဆေးနဲ့အိပ််နေမယ်ဆိုရင် အောင်မြင်မှုဆိုတာရှိလာနိုင်ပါ့မလား?”ဆိုပဲ။သူ့့ရဲ ့ကြိုးစားမှုက လုံးဝကြီးကို အရာထင်ခဲ့တာပါ။
*စိတ်ကူးယဉ််ဆန်ဆန်ဇာတ်လမ်းတွေကိုလည်း K က ကြိုက်ပါသေးတယ်။အဲ့ဒီလိုဇာတ်လမ်းတွေနဲ့လည်း သူ့ရဲ့သရုပ်ဆောင်ပုံ၊သူ့ရဲ့ရုပ်ရည်က ပိုပြီးအံကိုက်ဖြစ်တယ်လို့ထင်ပါတယ်တဲ့။
*K ရဲ့စိတ်ကူးယဉ်ချစ်သူမိန်းကလေးပုံစံကိုတော့ အားလုံးသိချင်ကြတယ်ဟုတ်! K က ချောမောလှပတဲ့မျက်နှာတစ်မျက်နှာဟာ မြန်မြန်ဆန်ဆန်အိုမင်းသွားနိုင်ပါတယ်။အဲ့ဒါကြောင့် သူက နှလုံးသားနွေးထွေးတဲ့သူမျိုးကိုပဲသဘောကျပါတယ်။သူ့ထက်လည်း ပိုပြီးစိတ်နေစိတ်ထားရင့်ကျက်တဲ့သူ၊သူမရဲ ့ပုခုံးပေါ်မှာကျွန်တော်ပင်ပန်းတဲ့အချိန်တိုင်း၊အမြဲတမ်း ခေါင်းအုံးထားချင်ပါတယ်တဲ့။အဲ့လဲ့ ရိုလိုက်တာ ❤
*အရင်တုန်းက သူဟာ မာနကြီးပြီးဘဝင်မြင့်တဲ့အခိုက်အတန့်မျိုးခံစားခဲ့ရဖူးပါတယ်တဲ့။၂၀၀၅ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ King and the Clown ဇာတ်ကားဟာ အရမ်းအောင်မြင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။အဲ့ဒီတုန်းက ကျွန်တော်က အတော်ဆုံးပဲလို့တွေးခဲ့ပြီး သူငယ်ချင်းတွေ၊သတင်းထောက်တွေကို မလေးမစားဆက်ဆံခဲ့ဖူးပါတယ်လို့ ပရိသတ်တွေကိုဝန်ခံခဲ့ဖူးပါတယ်။အခုတော့ K ဟာ အလုပ်ကိုအကောင်းဆုံးကြိုးစားပြီး ပရိသတ်ကိုလည်းအလေးထားတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။
*Scarlet Heart: Ryeo ဇာတ်ကားရိုက်ကူးဖို့အတွက် K က ၃၃ပေါင်တောင် ကိုယ်အလေးချိန်ချခဲ့ရပါတယ်။ဒါရိုက်တာက သူ့ပုံစံက ကျစ်ကျစ်လစ်လစ်နဲ့ပိုပြီးကြည့်ကောင်းတဲ့ပုံစံလိုချင်တာကြောင့်လို့ပြောခဲ့တာကြောင့်ပါတဲ့။
*အခု ၂၀၁၈ မှာတော့ K ရဲ ့Lawless Lawyer ဇာတ်လမ်းတွဲလေးထွက်ရှိထားပါတယ်။မကြည့်ရသေးတဲ့ပရိသတ်တွေရှိရင် ကြည့်လိုက်ဦးနော်။မင်းသမီးချော Seo Ye-ji နဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။
ပရိသတ်တွေကိုအလေးထားပြီး ပရိသတ်တွေရဲ့စကားကိုလည်း နားထောင်တာကြောင့် သူ့ကို ပိုပြီးအသည်းစွဲအားပေးနေကြတာပဲဖြစ်ပါတယ်။ကိုယ့်အိုင်ဒေါလ်က ကိုယ်တို့ပြောတဲ့စကားတွေကို အလေးထားတယ်ဆိုကတည်းက ကျေနပ်စရာကြီးပါပဲ ❤
468 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.