သင်ဘယ်လောက်ကြိုးစားကြိုးစား မရနိုင်တဲ့အရာတွေလည်းရှိနေတတ်တယ်ဆိုတာသတိရပါ…😌


Unicode

ကြိုးစားရင်ဘာမဆိုရတယ်ဆိုတဲ့စကားဟာ ၉၀ ရာခိုင်နှုန်းလောက်ပဲမှန်တယ်လို့ပြောပါရစေ။ ကျန်တဲ့၁ဝရာခိုင်နှုန်းလောက်ကတော့ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား မရနိုင်တာတွေလည်းအများကြီးပါ။ ဥပမာ ပေးရရင်ချစ်ခြင်းမေတ္တာ လိုအရာမျိုး သေခြင်းတရားဆိုတဲ့ အရာလိုမျိုးတွေပေါ့။
ဒီလိုအရာမျိုးတွေကို အတင်းကြပ်ကြိုးစားလုပ်ယူလို့ရတဲ့ထဲမပါတာသဘောပေါက်ပါစေ။ ဥပမာ-လူတစ်ယောက်ကို ကိုယ်ကသိပ်ခင်သွားတယ် သူကကိုယ်ခင်သလောက်ကိုယ့်အပေါ်မခင်ဘူး
ကိုယ့်ဘက်ကအများကြီးကူညီပေးတယ် လုပ်ဆောင်ပေးတယ် သူအသိမှတ်ပြုကောင်းပြုမယ် ဒါပင်မဲ့သူ့ရဲ့ခင်မင်မှုကဒီအဆင့်လောက်မှာပဲရှိချင်ရှိမယ်။ ဒါကိုသင်က ငါဒီလောက်ခင်ထားတာကို
သူကဘာလို့ ခင်မင်မှု မတိုးလာတာလည်းလို့တွေးမိမှာပါပဲ…တစ်ခါတစ်ရံမှာ တစ်ချို့သောအရာတွေဟာ ကိုယ်ထင်ထားသလိုဖြစ်မလာတတ်ကြသလို ကိုယ်ထင်ထားတဲ့အတိုင်းတာထိလည်းဖြစ်မလာတတ်ကြပါဘူး။ ဆိုတော့ ဖြစ်မလာတဲ့အရာတွေ ကို အပြစ်တင်နေမလား ကိုယ့်စိတ်ကလေးကိုပဲ နေတတ်အောင်ထားတတ်အောင်ကြိုးစားမလားဆိုတာ စဉ်းစားပါ။ဒီလိုပြောလို့်ဘယ်အရာမဆို မကြိုးစားပဲနေခိုင်းတာမျိုးမဟုတ်ပါဘူး…ကြိုးစားနိုင်သလောက်ကြိုးစားပါ။ ကြိုးစားလို့ဖြစ်နိုင်တဲ့အရာဟုတ်မဟုတ်စဉ်းစားပြီး ကိုယ့်စိတ်ကို အေးချမ်းစွာနဲ့ထားတတ်ပါစေ။မဖြစ်နိုင်တာကြီးကို အတင်းကြီးကြိုးစားတဲ့အခါမှာ အရမ်းကိုစိတ်ပင်ပန်းလူပင်ပန်းဖြစ်လာစေပြီးနောက်ဆုံးDepression ဝင်တာမျိုးတွေပါဖြစ်လာနိုင်စေပါတယ်။ ဒါကြောင့်ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ပြီး တစ်ချို့အရာတွေဟာအတင်းကြိုးစားလည်းထင်သလောက်မဖြစ်လာနိုင်ဘူးဆိုတာကို သတိကပ်မိပါစေ…

362 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.