ဂီတကို နှစ်ခြိုက်တတ်တဲ့ကောင်မလေးမျိုးကိုပိုင်ဆိုင်ထားရရင်သင်ဟာတစ်မျိုးကံကောင်းနေပါပြီ…🤭🤭

ဂီတကိုနှစ်ခြိုက်တတ်တဲ့ချစ်သူကောင်မလေးမျိုးကို ချစ်သူတော်ထားရတဲ့ကောင်လေးတွေအတွက်ကတော့ တစ်မျိုးကံကောင်းတယ်လို့တွေးလို့ရပါတယ်( ရှာကြံတွေးတတ်ရင်ပေါ့လေ :-P) ဆိုတော့ ဘာကြောင့် ဒီလိုကံကောင်းတယ်လို့ပြောလဲဆိုတာသိချင်နေကြပြီဟုတ်…
ဘယ်လိုအချက်တွေကြောင့် သင်ဟာမောင်ကံကောင်းဖြစ်နေရသလဲဆိုတာ…
(၁) နူးညံ့တယ်😊
ဂီတကိုနစ်သက်တဲ့မိန်းကလေးတွေဟာ တစ်ခြားမိန်းကလေးတွေထက်ပိုပြီးစိတ်ထားနူးညံ့တတ်ကြပါတယ်။ အနုပညာပိုးရှိသူပီပီ ညင်ညင်သာသာ စိတ်သဘောထားလေးရှိတာမလို့ ယူတို့အတွက်အေးချမ်းပါတယ်။
(၂) ဘာလုပ်လုပ်သီချင်းလေးတညီးညီးနဲ့ ငြိမ့်ညောင်းတယ်😍😍
ချစ်စရာကောင်းတဲ့အချက်လေးကတော့ အချိန်ရှိတိုင်းသီချင်းလေးညီးနေတတ်တာပါပဲ။ သီချင်းတွေကြောင့် အမြဲတက်ကြွလန်းဆန်းနေတတ်ကြတဲ့ မိန်းကလေးတွေပါ( တစ်ခါတစ်လေတော့ နားငြီးတာပေါ့) 😛
(၃) ဂီတနဲ့ပဲအပန်းဖြေတတ်တာများလို့ စိတ်ပူရတာသက်သာတယ်👍👍
သူတို့ရဲ့အပန်းဖြေချိန်တွေဟာ သီချင်းဆိုတာ သီချင်းနားထောင်တာတွေ အများဆုံး ဖြစ်တတ်ကြတာမလို့ တစ်ခြား အပြင်တွေလျှောက်သွားတာမျိုးတွေအတွက်စိတ်ပူပန်မှုအနည်းငယ်လျော့ပါးစေမှာအသေချာပါပဲ။
(၄) ကိုယ်ချင်းစာလွယ်၊ ခံစားချက်တွေကိုလျင်လျင်မြန်မြန်နားလည်ပေးနိုင်တယ်😉😉
သီချင်းတွေထဲကမျိုးစုံသောရသတွေကို ခံစားတတ်ကြသူတွေမလို့ တစ်ဖက်သားရဲ့ ခံစားချက်တွေ ကို လွယ်လွယ်နဲ့နားလည်လွယ်ပြီး ကိုယ်ချင်းစာမှုအားသိပ်ကောင်းတဲ့မိန်းကလေးတွေဆိုလည်းမမှားပါဘူး။
(၅) ရန်ဖြစ်ထားပြီးမခေါ်တဲ့အချိန်မှာလည်း မဟုတ်တာတစ်ခုခုလုပ်မှာမပူရဘူး😂😂
စကားများလို့ ကတောက်ကဆဖြစ်တဲ့အချိန်တွေမှာလည်း သူ့ကိုယ်သူများတစ်ခုခုလုပ်လိုက်မလား ဘာများမဟုတ်တာလုပ်နေမလဲတွေးပူစရာမလိုပါဘူး။ သူ့ဘာသူအဆွေးသီချင်းတွေနားထောင် အသည်းကွဲသီချင်းတွေမြည်တမ်းပြီး Feel နေမှာမလို့ မဟုတ်တာတွေတွေးပြီးစိတ်ပူပေးရတာမျိုးလည်းလျော့ပါတယ်.. 😛 ဂီတCrazy ကိုယ့်ရဲ့ချစ်သူလေးတွေကို ပိုပြီးတန်ဖိုးထားချစ်နိုင်ကြပါစေလို့ ဆုတောင်းရင်း…😉😉😉

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.