အသည္းကြဲျပီးတဲ႔ေနာက္ ဘယ္သူ႔ကုိမွမယံုၾကည္ေတာ့ဘူးလို႔ေတြးမိထားရင္ ဒါေလးဖတ္ၾကည့္ပါ 🌼

ယံုၾကည္မႈဆုိတာ အခ်ိန္အၾကာၾကီးတည္ေဆာက္လာရေပမဲ႔ ခ်ိဳးဖ်က္ဖုိ႔ဆုိရင္ေတာ့ တစ္စကၠန္႔ရဲ႔တစ္စိတ္တစ္ပိုင္းေလးေလာက္ပဲ အခ်ိန္လုိပါတယ္။ဒီလုိပဲ ကုိယ္တစ္ေယာက္တည္းကုိပဲခ်စ္တယ္ေျပာျပီးထားပစ္ခံခဲ႔ရတဲ႔အခါ၊ကုိယ္ယံုၾကည္ထားသေလာက္ ကုိယ့္အေပၚ သစၥာေဖာက္ရက္တ႔ဲအခါ အသည္းကြဲျပီးတဲ႔ေနာက္ဘယ္သူ႔ကုိမွမယံုရဲေတာ့ပါဘူး။ယံုၾကည္ဖုိ႔လည္းေၾကာက္လာတတ္ပါတယ္။

ယံုၾကည္မႈေတြအလြဲသံုးစားလုပ္ခံရျပီးတဲ႔ေနာက္ ကုိယ္ျပန္ရလုိက္တာ ဘာမွမရွိတဲ႔အခါ လူတုိင္းက ကုိယ့္အေပၚ စိတ္ရင္းစိတ္မွန္မရွိဘူးလို႔အျမဲေတြးလာတတ္ပါတယ္။အဲ႔ဒီအေတြးက အျမဲတမ္းေခါင္းထဲမွာရွိေနတာ သင့္အတြက္မေကာင္းပါဘူး။သင့္ရဲ ႔ႏွလံုးသားအေပၚ ရက္စက္ရာက်လြန္းပါတယ္။ေလာကၾကီးထဲမွာ ယံုၾကည္ရတဲ႔သူေတြရွိေနေသးတယ္ဆုိတာ သင့္ႏွလံုးသားကုိသိခြင့္ေပးလိုက္ပါ။

အသည္းကြဲျပီးတဲ႔ေနာက္ ဘယ္သူ႔ကုိမွမယံုၾကည္တတ္ေတာ့တဲ႔အခါ ဒီအခ်က္ေတြနဲ႔ ယံုၾကည္ရတဲ႔သူေတြရွိေနေသးတယ္ဆုိတာ ရွာေဖြပါ။

*လူတုိင္းက အမွားအယြင္းလုပ္မိတတ္တယ္ဆုိတာကုိ နားလည္ပါ
လူတုိင္းကမွားယြင္းတတ္ပါတယ္။သင္ကိုယ္တုိင္လည္းအမွားအယြင္းမကင္းပါဘူး။ခြင့္မလႊတ္ႏုိင္တဲ႔အျပဳအမူေတြ သူသင့္အေပၚလုပ္ခဲ႔တယ္ဆုိရင္ေတာင္ သူ႔ကုိနာက်ည္းေနသေရြ႔၊ခြင့္မလႊတ္ႏုိင္ဘူးလုိ႔ေတြးေနသေရြ႔ သင့္စိတ္ပဲ ပင္ပန္းမွာပါ။ဒီေတာ့ အခ်ိန္ေတြကုန္လြန္လာတာနဲ႔အမ်ွ သင့္စိတ္ကုိလြတ္လပ္ခြင့္ေပးျပီး ခြင့္မလႊတ္ႏုိင္ဘူးဆုိရင္ ဥေပကၡာျပဳလိုက္ပါ။ျဖစ္လာသမ်ွက ေကာင္းဖုိ႔ပဲဆုိတာ မွတ္ထားပါ။

*ေယာက်္ားတုိင္းက အတူတူပဲ၊မိန္းမတိုင္းက အတူတူပဲဆုိတဲ့ အစြဲကုိေဖ်ာက္ပါ
အသည္းကြဲျပီးတဲ႔ေနာက္ မိန္းကေလးတုိင္း၊ေယာက်္ားေလးတုိင္း ဒီအေတြးကုိေတြးဖူးၾကပါတယ္။ဒါေပမဲ့ အဲ႔ဒီလုိေတြးေနသေရြ႔ တကယ္ယံုၾကည္ရတဲ႔သူကို သင္ဘယ္ေတာ့မွရွာေတြ႔မွာမဟုတ္ေတာ့ပါဘူး။အားလံုးက အတူတူပဲလို႔သတ္မွတ္ထားတဲ႔ေနာက္ေတာ့ မတူညီတဲ႔အရာကိုသင္္ေတြ႔ႏုိင္မွာမဟုတ္ဘူးဆုိတာေသခ်ာပါတယ္။

*ကုိယ့္ကုိယ့္ကုိယ္အျပစ္မတင္ပါနဲ႔
ျပတ္စဲသြားတဲ႔အခ်စ္ေရးတစ္ခုမွာ ကုိယ့္အမွားေၾကာင့္ျဖစ္ရတယ္ဆုိရင္ေတာင္ ျပီးဆံုးသြားျပီျဖစ္လို႔ ကုိယ့္ကိုယ့္ကုိယ္အျပစ္တင္ေနမယ္ဆုိရင္ နာက်င္ေနရံုပဲရွိေတာ့မွာေပါ့။သူ႔အမွားေၾကာင့္ဆုိလည္း ကုိယ္ယံုၾကည္မိလို႔ျဖစ္တာ၊ေနာက္တစ္ေယာက္ကုိထပ္ယံုရင္လည္း ဒီလုိပဲထပ္ျပီးသစၥာေဖာက္ခံေနရဦးမွာဆိုျပီးကုိယ့္စိတ္ကုိယ္ ထိန္းခ်ဳပ္မထားပါနဲ႔။

*သင္ခန္းစာယူပါ
ျပီးဆံုးသြားတဲ႔အခ်စ္ေရးကေနသင္ခန္းစာယူျပီး ေနာက္ထပ္အခ်စ္ေရးအသစ္မွာ ထပ္ျပီးအမွားမျဖစ္ေအာင္ တားဆီးလုိ႔ရပါတယ္။ေနာက္ထပ္အခ်စ္ေရးအသစ္တစ္ခုကုိ မစခင္ အေကာင္းဆံုးသင္ခန္းစာယူျပီး ျပင္ဆင္ပါ။လူတိုင္းက ယံုၾကည္မႈနဲ႔မထုိက္တန္ဘူးဆိုတဲ႔အစြဲကုိေဖ်ာက္ျပီးဘယ္သူက ယံုၾကည္ဖုိ႔ထိုက္တန္တယ္ဆုိတာကုိ ရွာေဖြဖုိ႔လိုပါတယ္။ယံုၾကည္တဲ႔ေနရာမွာလည္းမ်က္စိစံုမွိတ္မယံုၾကည္ထားဖုိ႔ေတာ့လိုတာေပါ့။

*အတိတ္ကုိအတိတ္မွာပဲထားခဲ႔ပါ
လက္ရွိအနာဂတ္ထိ သင့္ရဲ႔အတိတ္ကုိ တပါတည္းသယ္ေဆာင္ေနမယ္ဆုိရင္ေတာ့ အိပ္မက္ဆုိးေတြက ထပ္တလဲလဲမက္ေနဦးမွာပါပဲ။နာက်င္ေနဦးမွာပါပဲ။ယံုၾကည္ဖုိ႔လည္းခက္ခဲေနဦးမွာပါပဲ။သင့္ရဲ႔ေနာက္မွာ ကပ္ပါေနတဲ႔အတိတ္ကုိခြာခ်ခဲ႔ပါ။အတိတ္ကုိ သင္ေျပာင္းလဲလို႔မရတဲ႔ေနာက္ေတာ့ ဘာလို႔ ကပ္တြယ္ေနဦးမွာလဲ။သင္လုပ္နုိင္သမ်ွက အတိတ္ကေနသင္ခန္းစာယူဖုိ႔ပါ။ျပီးေတာ့ ပုိျပီးေကာင္းတဲ႔လူေတြနဲ႔ေတြ႔ဆံုပါ။အတိတ္ကုိလႊတ္မခ်ခဲ႔သေရြ႔ေကာင္းမြန္တဲ႔လူေတြ၊ယံုၾကည္ရတဲ႔လူေတြနဲ႔ ေတြ႔ဆံုဖို႔ခက္ခဲေနဦးမယ္ဆုိတာ သတိရပါ။

“ေနာက္ထပ္ဘယ္သူ႔ကုိမွမယံုၾကည္ေတာ့ဘူး။ဒါဆုိရင္ နာက်င္မွာလဲမဟုတ္ေတာ့ဘူး”လို႔ သင္ေတြးေနမိပါလိမ့္မယ္။ဒါေပမဲ႔ အဲ႔ဒီလုိမေတြးပါနဲ႔ေတာ့။အခိ်န္အတိုင္းအတာတစ္ခုေလာက္ယူျပီးတဲ႔ေနာက္ သင့္ရဲ႔ ႏွလံုးသားကို အားနည္းခ်က္ျဖစ္ေစ၊အားသာခ်က္ျဖစ္ေစ ခံႏုိင္ရည္ရွိေအာင္သင္ယူခိုင္းပါ။နာက်င္ရမွာကုိ မေၾကာက္ပါနဲ႔။ကုိယ့္အတြက္ကုိယ္ အခ်ိန္ေပးရင္းဘ၀ကုိေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပန္ေနပါ။သင့္မွာအေကာင္းျမင္စိတ္ေတြရွိတယ္ဆုိတာ လူတုိင္းကုိသိေစပါ။အတိတ္ကသင္ခန္းစာကုိ အနာဂတ္မွာ ေပြ႔ဖက္ရင္းနာက်င္မႈေတြကုိ အစြမ္းအစေတြအျဖစ္ေျပာင္းလဲလိုက္ပါ။

I Know You Can Do It

Unicode

ယုံကြည်မှုဆိုတာ အချိန်အကြာကြီးတည်ဆောက်လာရပေမဲ့ ချိုးဖျက်ဖို့ဆိုရင်တော့ တစ်စက္ကန့်ရဲ့တစ်စိတ်တစ်ပိုင်းလေးလောက်ပဲ အချိန်လိုပါတယ်။ဒီလိုပဲ ကိုယ်တစ်ယောက်တည်းကိုပဲချစ်တယ်ပြောပြီးထားပစ်ခံခဲ့ရတဲ့အခါ၊ကိုယ်ယုံကြည်ထားသလောက် ကိုယ့်အပေါ် သစ္စာဖောက်ရက်တဲ့အခါ အသည်းကွဲပြီးတဲ့နောက်ဘယ်သူ့ကိုမှမယုံရဲတော့ပါဘူး။ယုံကြည်ဖို့လည်းကြောက်လာတတ်ပါတယ်။

ယုံကြည်မှုတွေအလွဲသုံးစားလုပ်ခံရပြီးတဲ့နောက် ကိုယ်ပြန်ရလိုက်တာ ဘာမှမရှိတဲ့အခါ လူတိုင်းက ကိုယ့်အပေါ် စိတ်ရင်းစိတ်မှန်မရှိဘူးလို့အမြဲတွေးလာတတ်ပါတယ်။အဲ့ဒီအတွေးက အမြဲတမ်းခေါင်းထဲမှာရှိနေတာ သင့်အတွက်မကောင်းပါဘူး။သင့်ရဲ ့နှလုံးသားအပေါ် ရက်စက်ရာကျလွန်းပါတယ်။လောကကြီးထဲမှာ ယုံကြည်ရတဲ့သူတွေရှိနေသေးတယ်ဆိုတာ သင့်နှလုံးသားကိုသိခွင့်ပေးလိုက်ပါ။

အသည်းကွဲပြီးတဲ့နောက် ဘယ်သူ့ကိုမှမယုံကြည်တတ်တော့တဲ့အခါ ဒီအချက်တွေနဲ့ ယုံကြည်ရတဲ့သူတွေရှိနေသေးတယ်ဆိုတာ ရှာဖွေပါ။

*လူတိုင်းက အမှားအယွင်းလုပ်မိတတ်တယ်ဆိုတာကို နားလည်ပါ
လူတိုင်းကမှားယွင်းတတ်ပါတယ်။သင်ကိုယ်တိုင်လည်းအမှားအယွင်းမကင်းပါဘူး။ခွင့်မလွှတ်နိုင်တဲ့အပြုအမူတွေ သူသင့်အပေါ်လုပ်ခဲ့တယ်ဆိုရင်တောင် သူ့ကိုနာကျည်းနေသရွေ့၊ခွင့်မလွှတ်နိုင်ဘူးလို့တွေးနေသရွေ့ သင့်စိတ်ပဲ ပင်ပန်းမှာပါ။ဒီတော့ အချိန်တွေကုန်လွန်လာတာနဲ့အမျှ သင့်စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ခွင့်မလွှတ်နိုင်ဘူးဆိုရင် ဥပေက္ခာပြုလိုက်ပါ။ဖြစ်လာသမျှက ကောင်းဖို့ပဲဆိုတာ မှတ်ထားပါ။

*ယောကျ်ားတိုင်းက အတူတူပဲ၊မိန်းမတိုင်းက အတူတူပဲဆိုတဲ့ အစွဲကိုဖျောက်ပါ
အသည်းကွဲပြီးတဲ့နောက် မိန်းကလေးတိုင်း၊ယောကျ်ားလေးတိုင်း ဒီအတွေးကိုတွေးဖူးကြပါတယ်။ဒါပေမဲ့ အဲ့ဒီလိုတွေးနေသရွေ့ တကယ်ယုံကြည်ရတဲ့သူကို သင်ဘယ်တော့မှရှာတွေ့မှာမဟုတ်တော့ပါဘူး။အားလုံးက အတူတူပဲလို့သတ်မှတ်ထားတဲ့နောက်တော့ မတူညီတဲ့အရာကိုသင််တွေ့နိုင်မှာမဟုတ်ဘူးဆိုတာသေချာပါတယ်။

*ကိုယ့်ကိုယ့်ကိုယ်အပြစ်မတင်ပါနဲ့
ပြတ်စဲသွားတဲ့အချစ်ရေးတစ်ခုမှာ ကိုယ့်အမှားကြောင့်ဖြစ်ရတယ်ဆိုရင်တောင် ပြီးဆုံးသွားပြီဖြစ်လို့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်နေမယ်ဆိုရင် နာကျင်နေရုံပဲရှိတော့မှာပေါ့။သူ့အမှားကြောင့်ဆိုလည်း ကိုယ်ယုံကြည်မိလို့ဖြစ်တာ၊နောက်တစ်ယောက်ကိုထပ်ယုံရင်လည်း ဒီလိုပဲထပ်ပြီးသစ္စာဖောက်ခံနေရဦးမှာဆိုပြီးကိုယ့်စိတ်ကိုယ် ထိန်းချုပ်မထားပါနဲ့။

*သင်ခန်းစာယူပါ
ပြီးဆုံးသွားတဲ့အချစ်ရေးကနေသင်ခန်းစာယူပြီး နောက်ထပ်အချစ်ရေးအသစ်မှာ ထပ်ပြီးအမှားမဖြစ်အောင် တားဆီးလို့ရပါတယ်။နောက်ထပ်အချစ်ရေးအသစ်တစ်ခုကို မစခင် အကောင်းဆုံးသင်ခန်းစာယူပြီး ပြင်ဆင်ပါ။လူတိုင်းက ယုံကြည်မှုနဲ့မထိုက်တန်ဘူးဆိုတဲ့အစွဲကိုဖျောက်ပြီးဘယ်သူက ယုံကြည်ဖို့ထိုက်တန်တယ်ဆိုတာကို ရှာဖွေဖို့လိုပါတယ်။ယုံကြည်တဲ့နေရာမှာလည်းမျက်စိစုံမှိတ်မယုံကြည်ထားဖို့တော့လိုတာပေါ့။

*အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါ
လက်ရှိအနာဂတ်ထိ သင့်ရဲ့အတိတ်ကို တပါတည်းသယ်ဆောင်နေမယ်ဆိုရင်တော့ အိပ်မက်ဆိုးတွေက ထပ်တလဲလဲမက်နေဦးမှာပါပဲ။နာကျင်နေဦးမှာပါပဲ။ယုံကြည်ဖို့လည်းခက်ခဲနေဦးမှာပါပဲ။သင့်ရဲ့နောက်မှာ ကပ်ပါနေတဲ့အတိတ်ကိုခွာချခဲ့ပါ။အတိတ်ကို သင်ပြောင်းလဲလို့မရတဲ့နောက်တော့ ဘာလို့ ကပ်တွယ်နေဦးမှာလဲ။သင်လုပ်နိုင်သမျှက အတိတ်ကနေသင်ခန်းစာယူဖို့ပါ။ပြီးတော့ ပိုပြီးကောင်းတဲ့လူတွေနဲ့တွေ့ဆုံပါ။အတိတ်ကိုလွှတ်မချခဲ့သရွေ့ကောင်းမွန်တဲ့လူတွေ၊ယုံကြည်ရတဲ့လူတွေနဲ့ တွေ့ဆုံဖို့ခက်ခဲနေဦးမယ်ဆိုတာ သတိရပါ။

“နောက်ထပ်ဘယ်သူ့ကိုမှမယုံကြည်တော့ဘူး။ဒါဆိုရင် နာကျင်မှာလဲမဟုတ်တော့ဘူး”လို့ သင်တွေးနေမိပါလိမ့်မယ်။ဒါပေမဲ့ အဲ့ဒီလိုမတွေးပါနဲ့တော့။အချိန်အတိုင်းအတာတစ်ခုလောက်ယူပြီးတဲ့နောက် သင့်ရဲ့ နှလုံးသားကို အားနည်းချက်ဖြစ်စေ၊အားသာချက်ဖြစ်စေ ခံနိုင်ရည်ရှိအောင်သင်ယူခိုင်းပါ။နာကျင်ရမှာကို မကြောက်ပါနဲ့။ကိုယ့်အတွက်ကိုယ် အချိန်ပေးရင်းဘဝကိုပျော်ပျော်ရွှင်ရွှင်ပြန်နေပါ။သင့်မှာအကောင်းမြင်စိတ်တွေရှိတယ်ဆိုတာ လူတိုင်းကိုသိစေပါ။အတိတ်ကသင်ခန်းစာကို အနာဂတ်မှာ ပွေ့ဖက်ရင်းနာကျင်မှုတွေကို အစွမ်းအစတွေအဖြစ်ပြောင်းလဲလိုက်ပါ။

I Know You Can Do It ❤

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.