အချစ်ရေးမှာ ကိုယ့်ကိုယ်ကိုယ်ဘယ်တော့မှပြန်မလိမ်မိပါစေနဲ့…✌✌

လောကကြီးမှာ သူတစ်ပါးကိုလိမ်တဲ့သူကို လူလိမ်လို့ခေါ်ပင်မဲ့ကိုယ့်ကိုယ်ကိုယ်ပြန်လိမ်တဲ့သူကိုတော့ လူ့ဆင်းရဲလို့ပဲခေါ်ပါရစေ…ဘာဆင်းရဲတာလဲပေါ့ ရွှေငွေလား၊ ပညာလား ဘာလားပေါ့..

Unicode

လောကကြီးမှာ သူတစ်ပါးကိုလိမ်တဲ့သူကို လူလိမ်လို့ခေါ်ပင်မဲ့ကိုယ့်ကိုယ်ကိုယ်ပြန်လိမ်တဲ့သူကိုတော့ လူ့ဆင်းရဲလို့့ပဲခေါ်ပါရစေ…ဘာဆင်းရဲတာလဲပေါ့ ရွှေငွေလား၊ ပညာလား ဘာလားပေါ့..
ဒါတွေဆင်းရဲတာကိုဆိုလိုတာမဟုတ်ပါဘူး ဘဝဆင်းရဲတာ စိတ်ဆင်းရဲတာကို ရည်ညွှန်းတာပါ။ ကိုယ့်ကိုယ်ကိုယ်လိမ်တာပဲ သူများလည်းမထိခိုက်ဘူး အပြစ်မရှိပါဘူး လို့တွေးတတ်ကြမယ်။
မှန်ပါတယ် ကိုယ့်ကိုယ်ကိုယ်လိမ်တာဟာသူများကိုမထိခိုက်ပင်မဲ့ ကိုယ်တိုင်တော့ သေလောက်အောင်ခံစားရပြီးပင်ပန်းတဲ့ အလုပ်ပါပဲ..ဒါမျိုးကို ကိုယ့်ကိုယ်ကိုယ်လိမ်တဲ့သူတွေသာ နားလည်နိုင်မှာပါ…အထူးသဖြင့် ချစ်ရေးချစ်ရာနဲ့ပတ်သတ်ရင်ကိုယ့်ကိုယ်ကိုယ်ဘယ်တော့မှမလိမ်မိပါစေနဲ့ ဒါမျိုးဆိုတာ ဘဝနဲ့ဆိုင်တာမလို့ သေချာမှာချင်တာကတော့ ချစ်ရေးချစ်ရာနဲ့ပတ်သတ်ရင်ကိုယ့်ကိုယ်ကိုယ်မညာချင်ကြပါနဲ့..👌
တစ်ခါတလေကျပြန်တော့ တစ်ချို့သူတွေဟာ ကိုယ့်ကိုယ်ကိုယ်လိမ်လို့လိမ်မိနေမှန်းတောင်မသိပဲဖြစ်နေတတ်ကြပါတယ်။ ဆိုတော့ အချစ်ရေးမှာ ကိုယ့်ကိုယ်ကိုယ်လိမ်ညာထားတယ်ဆိုတာဘယ်အရာတွေကနေသိစေနိုင်သလဲ…
(၁) သူ့ဘက်ကအချိန်ကြာကြာဘလိုင်းကြီးမဆက်သွယ်တာကို အလုပ်များနေလို့နေမှာပါဆိုပြီးသည်းခံနေတာမျိုး🙃🙃
(၂) ကိုယ်နဲ့တွေ့ဖို့အာပေါက်ရလောက်အောင်ပြောမှလာတာကို ငါ့ချစ်သူကအနေအေးလို့ငါနဲ့မတွေ့ချင်တာဖြစ်မယ်လို့စိတ်ဖြေတတ်တာမျိုး😌😌
(၃) သူနဲ့ချစ်ရတာ ကိုယ့်အတွက်ဘာပျော်ရွှင်မှုမှမခံစားရပင်မဲ့ ဘယ်တော့များပြောင်းလဲလာမလဲဆိုပြီးအချိန်ကြာကြာထပ်စောင့်နေတာမျိုး🙄🙄
(၄) ကိုယ်ဘက်ကသူ့အပေါ်စိတ်မရှိပဲနောက်ဆုံးငါချစ်ရင်လည်းချစ်သွားမှာပါဆိုပြီး မျှောပြီးတွဲနေတာမျိုး🤨🤨
(၅) နှစ်ဦးနှစ်ဖက်အနေအကြောင်းပြချက်မရှိအနေစိမ်းနေတဲ့ RS ကြီးကိုအချိန်တန် အဆင်ပြေသွားမှာပါဆိုပြီးတင်ခံနေတာမျိုး😒😒
အပေါ်ကပေးတဲ့ ဥပမာအချက်လေးတွေထဲကလို ကိုယ့်စိတ်ကို ကိုယ်တိုင်မညာပဲ အမှန်ကို အမှန်တိုင်းလက်ခံပြီးကိုယ်ရဲ့စိတ်ထဲမှာ တကယ်ကို နက်နက်ရှိုင်းရှိုင်းပျော်ရွှင်ကျေနပ်ရမှ ကျေနပ်တယ်ပြောပါ။ တကယ်ကြည်နူးရမှကြည်နူးတယ်ပြောပါ။ တကယ်ပျော်ရွှင်ရမှ ပျော်ရွှင်ပြပါ။ ဒီလိုမဟုတ်ပဲ စိတ်ထဲကနေတင်းခံထားပြီး ပတ်ဝန်းကျင်အမြင်တွေကိုကြောက် မာနကိုရှေ့တန်းတင်ထားရင်တော့ သင့်တစ်ဘဝလုံးစိတ်ဆင်းရဲခြင်းနဲ့သာ နှစ်ပါးသွားရမှာပါ။ကိုယ့်ဘဝရဲ့တကယ့်ပျော်ရွှင်မှုအစစ်မှန်ကို ရှာတွေ့နိုင်ပါစေ…💜💜

405 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.