အကောင်းမြင်ဝါဒသမားတွေအတွက် ဘဝကြီးကတော့ နေပျော်စရာကောင်းနေတာပါပဲ…

စိတ်ပညာရှင် ပါမောက္ခ Martin Seligman က လူတွေရဲ့ဘဝနေထိုင်မှုအတွက် ဘယ်လိုတွေးခေါ်မှုတွေကအားဖြစ်စေမလဲဆိုတာကို လေ့လာခဲ့ပါတယ်။ စိတ်ချမ်းသာလေ ဘဝက နေပျော်စရာပဲလေ။ နေပျော်ဖို့အတွက် အကောင်းမြင်တတ်ဖို့တော့ လိုတာပေါ့။ အကောင်းမြင်စိတ်ဟာ မင်းဘဝကို ဘယ်လောက်ထိပြောင်းလဲသွားစေနိုင်လဲဆိုတာ သူက အချက်လေးတွေပြောပြပေးထားပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုတွေကို အကောင်းမြင်စိတ်နဲ့ တိုက်ထုတ်နိုင်တယ်နော် ။

Related image

ရွေးချယ်မှု
ဘ၀မှာဖြစ်သမျှ အရာအားလုံးဟာ မင်းရွေးချယ်မှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်။ ရွေးချယ်မှုတွေထဲမှာ
သူငယ်ချင်း ၊ နေထိုင်မှုပုံစံ တွေပါဝင်နေမယ်။ ကျွန်တော်တို့ဟာ မိမိဘဝရဲ့ ပင်တိုင်စာရေးဆရာတစ်
ယောက်ပါပဲ။ ပျင်းတဲ့လူကို မင်းရွေးချယ်မိရင် သူ့လိုပဲမင်းလည်း ပျင်းမိနေလိမ့်မယ်။ သူများနဲ့မတူညီပဲ ကွဲပြားတဲ့ ရလဒ်မျိုးလိုချင်ရင် ကိုယ်တိုင်က သူများနဲ့မတူအောင် တွေးနိုင်ဖို့လိုပါတယ်။ ရွေးချယ်
ရာမှာ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတတ်ဖို့ လိုပါတယ်။ ဘာလို့ရွေးချယ်မှုအတွက် အချိန်ပေးသင့်တယ်လည်းဆိုတော့ ဆုံးဖြတ်ချက်ဟာ တစ်ခါပဲချခွင့်ရှိတာမို့လို့ပါ။ တစ်ခါတစ်လေ ရွေးချယ်လို့မရတာတွေရှိပါတယ်။ မိသားစုဝင် ၊ သွေးသားတော်စပ်မှု မျိုးရိုး ၊ ပတ်ဝန်းကျင် စသဖြင့် ဒါတွေက မင်းအနေနဲ့ ရွေးချယ်လို့မရတဲ့ကံတရားတွေပဲ ဖြစ်ပါတယ်။ ဒါဟာ လောကကြီးရဲ့စည်းမျဉ်းတစ်ခုပါပဲ။ အခြေအနေတွေကိုတော့ ကျွန်တော်တို့မှာ ထိန်းချုပ်ပိုင်ခွင့်ရှိတယ်။ ကိစ္စတစ်ခုပေါ် မင်းဘယ်လို တုံ့ပြန်လဲဆိုတာပေါ်ပဲ မူတည်ပါတယ်။ ဒီ တုံ့ပြန်မှုရဲ့ ရလဒ်ကိုလည်း မင်းပဲ ခံစားရမှာပါ။ အကောင်းမြင်တတ်တဲ့ စိတ်ရှိရင် မင်းရဲ့ဘဝဟာလည်း အများကြီး ပြောင်းလဲသွားပါလိမ့်မယ်။

Related image

အမှားရဲ့ စွမ်းအား
ဘယ်သူမဆို အမှားနဲ့မကင်းနိုင်ဘူးဆိုတာ ဘယ်နေရာသွားသွား ကြားနေ၊ ဖတ်နေရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ယုံကြည်မှုက ကျွန်တော်တို့ရဲ့လုပ်ရပ်တွေဖြစ်တယ်။ ဘယ်လောက်ပဲ မင်းကမှန်တယ်လို့ ထင်နေပါစေ အခြားလူတွေနဲ့ အမြင်မတူတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လောကကြီးကို မြင်တဲ့အမြင်ဟာ တစ်မျိုးတည်း ပုံသေကားချပ်တွက်ထားလို့မရပါဘူး။ ဘယ်သူမှ မပြည့်စုံဘူးလေ။ အမှားတွေ လုပ်ပြီးရင် ကောင်းကောင်း သင်ခန်းစာယူဖို့တော့ လိုပါတယ်။ နောက်တစ်ခါ ထပ်မမှားအောင်နေရင်း ဘဝကို ဒီလိုပဲ ဖြတ်သန်းနေရတာပါပဲ။

အဆိုးမြင်စိတ်
တစ်ချို့ ကိစ္စတွေဟာ ကိုယ့်အပေါ်မူတည်နေတတ်တယ်။ ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံ ၊ ဆက်ဆံရေး ဒါမှမဟုတ်အလုပ်ကိစ္စတွေကို ပြဿနာရှာတတ်တဲ့ စိတ်ကို ပြင်ပါ။ အဲ့ဒါဟာ အဆိုးမြင်ခြင်းရဲ့ပြဿနာပါ။ ချစ်သူနဲ့ အဆင်မပြေလို့ ၊ မိသားစုနဲ့ မအိုခေလို့ဆိုပြီး အရာရာတိုင်းကို ပေါက်ကွဲနေလို့ ကိစ္စတွေဟာ ပြေလည်သွားမှာမဟုတ်ပါဘူး။ သူတို့ကို စိတ်တိုင်းမကျရင် သူတို့ကို ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့ ။ မင်းကိုယ်တိုင်သာ ပြောင်းလဲလိုက်ပါ။

ဒီအချက် သုံးချက်လေးကိုပဲ ရအောင်ပြင်ကြည့်ပါ။ ဘဝကြီးဟာ နေပျော်စရာဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

220 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.