Zayn ကို ဘယ်လောက်ထိချစ်လဲဆို Gigi ဝတ်ထားတဲ့ လည်ဆွဲလေးကို ရှိုးကြည့် 😍

ချစ်ရသူကို အမြဲတမ်း အမှတ်ရနေစေဖို့အတွက် ခန္ဓာကိုယ်နဲ့အမြဲ ပူးတွဲအတူရှိနေမယ့် လက်ဆွဲလေးတွေ ၊ နားကပ် ၊ လက်စွပ် စသဖြင့် မျိုးစုံဖန်တီးဝတ်ဆင်ကြတယ်။ စူပါမော်ဒယ် Gigi Hadid နဲ့ သူမရဲ့ချစ်သူ Zyan Malik တို့ ဒီနှစ်အစောပိုင်းတုန်းက ပြတ်စဲသွားပြီလို့ သတင်းတွေထွက်ခဲ့ပေမယ့် အတူတူရှိခဲ့တဲ့ သံယောဇဉ်ဆိုတာလည်း လွယ်လွယ်ဖြတ်တောက်လို့ ရတဲ့အရာမှ မဟုတ်ပဲ။ ပြန်အဆင်ပြေနေပြီးနောက်ပိုင်း Gigi က သူမရဲ့လည်တိုင်လေးမှာ Zayn ရဲ့နာမည်နဲ့ ဆွဲကြိုးလေးတစ်ခုကို ဆွဲထားတာ တွေ့လေရဲ့။

https://www.usmagazine.com/wp content/uploads/2018/08/gigi

ပြီးခဲ့တဲ့ ၁၄ရက်နေ့က နယူးယော့မြို့ မှာ Gigi တစ်ယောက် Zyan နာမည်နဲ့ လည်ဆွဲလေး ဝတ်ထားတာကို ကင်မရာသမားတွေကလည်း အမိအရကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ပြတ်သွားပြီးနောက် အခုလို ပြန်အဆင်ပြေသွားတဲ့အချိန်မှာ ‘Gigi’ နဲ့ “Zayn” ဆိုပြီး နာမည်လေးတွေနဲ့ ကိုယ်စီ အမှတ်တရသီကုံးထားဖို့ ပြောထားကြတယ်လို့ Gigi ကဆိုပါတယ်။

https://www.usmagazine.com/wp content/uploads/2018/07/gigi
သူတို့နှစ်ယောက်ပြတ်သွားတယ်ဆိုပြီး သတင်းတွေထွက်တုန်းက ပရိတ်သတ်အများစု စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒါပေမယ့် တစ်လလောက်တောင် မကြာပါဘူး။ ပြန်ပြီး ချစ်ကြည်နူးနေကြတယ်လို့ ကြားရပါတယ်။ အခုချိန်ထိ နှစ်ယောက်သား အဆင်ပြေနေတာတွေ့ရတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ အမြဲတမ်းလည်း နှစ်ယောက်လုံးချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

156 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.