လက်ထပ်ဖို့ မဆုံးဖြတ်ရသေးခင်ထိ ဘယ်သူနဲ့တွဲနေလဲဆိုတာ အသိပေးဦး မှာမဟုတ်ဘူးဆိုတဲ့ Donghae

Donghae ကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး အခုလို ပွင့်ပွင့်လင်းလင်းပဲ ပြောပြသွားပါတယ်။
သူကတော့ ရည်းစားထားဖြစ်ခဲ့ရင်တောင် ထုတ်ဖော်ပြသွားမှာမဟုတ်ဘူး။ လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးမသူ့ချစ်သူ ဘယ်သူလဲဆိုတာ ပရိတ်သတ်တွေကို အသိပေးချင်တယ်လို့ ပြောသွားပါတယ်။

သူ့ရဲ့ ဒုတိယမြောက် mini-album ထွက်ရှိပြီး Donghae နဲ့ Eunhyuk က သီချင်းအတူတူလုပ်ရတဲ့ခံစားချက်နဲ့ ကိုယ်တိုင် အတွေ့ကြုံတွေကို ပြောပြခဲ့ပါတယ်။ ” Donghae က စိတ်ခံစားချက်လွယ်တယ်။ ပြီးသွားတဲ့အဖြစ်ပျက်တစ်ခုကို ပြန်ပြီးတွေးရဖို့လည်း သူ့အတွက်မခက်ခဲဘူး ”  -Eunhyuk

Superjunior-DE-00

” သူမှန်ပါတယ်။ ဒီခံစားချက်တွေနဲ့ အတွေ့ကြုံတွေက ကျွန်တော်ကို သီချင်းစာသားတွေ ဖန်တီးနိုင်ဖို့ အထောက်ကူပေးနေတာပါ။ သီချင်းတွေက ခံစားချက်တွေကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းပါပဲ ” – Donghae

SuperJunior-DE

သူတို့ရဲ့ကိုယ်စီ အချစ်ရေးအကြောင်း ကိုင်တွယ်ပုံတွေကိုလည်း အင်တာဗျုးမှာဖြေပေးသွားပါတယ်။
” ကျွန်တော် လက်ထပ်တော့မယ်ဆိုမှ ပရိတ်သတ်တွေကို အသိပေးချင်တယ်။ ၂၈နှစ်လောက်ဆို
လက်ထပ်မယ်လို့ စဉ်းစားထားပေမယ့် ဖြစ်မလာခဲ့ဘူး။ တစ်နေ့မှာတော့ ချစ်တဲ့သူနဲ့ တွေ့နိုင်မယ်ထင်ပါတယ် ” Donghae

Donghae-01

ဒါဆို အရင်က သူတစ်ယောက်ယောက်နဲ့ ဒိတ်ခဲ့ဖူးတာလားဆိုပြီး ပရိတ်သတ်တွေက အရမ်းသိချင်နေပါတယ်။ Red Velvet အဖွဲ့ဝင် Irene နဲ့ ဒိတ်သတင်း ကောလဟာလတွေထွက်ခဲ့ဖူးတာကြောင့်လည်း ပရိတ်သတ်တွေက စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။

56 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.