ဒီလုိလူေတြကုိ သင့္ဘ၀ထဲက အခုခ်က္ခ်င္းထုတ္ပစ္လိုက္ပါေတာ့…🌻

လံုး၀ျပီးျပည့္စံုေနတဲ႔ဘ၀ရယ္လို႔မရွိပါဘူး။ဒါေပမဲ့ ကုိယ့္ဘ၀ေလး အဆိပ္အေတာက္ကင္းကင္းနဲ႔ေအးခ်မ္းသာယာေအာင္ေတာ့ ကုိယ္ကုိယ္တုိင္ဖန္တီးလို႔ရပါတယ္။ေန႔တိုင္းဆံုေတြ႔လာရတဲ႔ပတ္၀န္းက်င္အေနအထားအမ်ိဳးမ်ိဳးက လူေတြထဲမွာ ကုိယ့္အတြက္ အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ႔လူ၊ကုိယ့္ဘ၀ထဲမွာထားလို႔အက်ိဳးမရွိတဲ႔သူ၊ကုိယ့္ကုိဒုကၡေပးႏုိင္တဲ႔သူ၊ကုိယ့္ကုိတကယ္တုိက္တြန္းအားေပးႏုိင္တဲ႔သူ စသျဖင့္ မ်ိဳးစံုရွိေနပါတယ္။

တစ္ခါတစ္ေလ ဆူးေညွာင့္ခလုတ္ေတြေၾကာင့္ပဲ ကုိယ့္ဘ၀ေအာင္ျမင္တုိးတက္သြားႏုိင္တာေတာ့မွန္ပါတယ္။ဒါေပမဲ႔ ကုိယ့္ဘ၀ထဲမွာထည့္ထားရေလာက္ေအာင္ မလိုအပ္တဲ႔သူေတြကုိေတာ့
ဖယ္ထုတ္ရမွာပါပဲ။ကိုယ့္အတြက္ Supporting လုပ္ေပးႏုိင္တဲ႔သူေတြကုိပဲ ေႏြးေထြးစြာၾကိဳဆုိပါ။ဒီေတာ့ Trend ပရိသတ္ၾကီးအတြက္ ကုိယ့္ဘ၀ထဲကေန ထုတ္ပစ္သင့္တဲ႔လူေတြက ဘယ္လိုလူမ်ိဳးေတြလဲဆုိတာ ေျပာျပေပးသြားပါမယ္။

*သူမ်ားကုိအားတံု႔အားနာမရွိပဲ မာန္မာနေထာင္လႊားတတ္သူေတြ…(ငါေျပာတာသာအမွန္၊ငါလုပ္တာသာအေကာင္းဆုိသူေတြ)
*အျမင္က်ဥ္းေျမာင္းျပီး ျမင္ျမင္ရာေ၀ဖန္တတ္သူေတြ…
*ကိုယ့္ကိစၥထက္ဘယ္အရာမွအေရးမၾကီးဘူးလုိ႔သတ္မွတ္ထားသူေတြ…
*ကုိယ္ေျပာတဲ႔စကားက ဘယ္ေရာက္လုိ႔ေရာက္မွန္းမသိေျပာတတ္သလုိ ကုိယ့္စကားအတြက္လည္းတာ၀န္ယူစိတ္မရွိတဲ႔သူေတြ…(ဒီလိုလူေတြနဲ႔ေပါင္းရတာ ေၾကာက္ဖုိ႔ေကာင္းပါတယ္)
*သင့္ဆီက တစ္ခုခုလိုအပ္မွသာ စကားလာေျပာျပီးသင့္ဆီက အၾကံဥာဏ္ေတာင္းခံတတ္သူေတြ…(လိုသံုးေတြ)

*တစ္ခုခုဆုိ အားေပးႏွစ္သိမ့္တာထက္ အျပစ္ကုိသာျမင္တတ္ျပီး ကုိယ့္ကုိထပ္ျပီးသိမ္ငယ္ေအာင္လုပ္တတ္သူေတြ…
*သင္ေျပာတာ နားေထာင္ေပးတာထက္ သူတုိ႔ေျပာတာသာ နားေထာင္ခိုင္းသူေတြ…
*သင့္ရဲ႔ အခ်စ္ေရး၊လူမႈေရး၊စီးပြားေရးကိစၥေတြအတြက္ ဘာတစ္ခုမွအကူအညီမေပး၊အၾကံဥာဏ္မေပးတတ္သူေတြ…(ေလနဲ႔သာ အကူအညီေပးတတ္သူေတြ)
*ေရွ႔တစ္မိ်ဳး ကြယ္ရာတစ္မ်ိဳးလုပ္တတ္သူေတြ…(ဒီလုိလူေတြက သင့္အေၾကာင္းကုိလည္း တစ္ျခားသူေတြဆီမွာတစ္မ်ိဳးေျပာတတ္သူေတြပါ)
*စိတ္သေဘာထားေသးသိမ္ျပီး တစ္ျခားသူေတြအေပၚ ၾကင္နာေႏြးေထြးမႈမရွိတတ္သူေတြ…(အားနည္းသူေတြကုိ ထပ္ျပီးအားနည္းေအာင္လုပ္တတ္တဲ႔သူမ်ိဳး)
*သင့္ေပ်ာ္ရႊင္မႈ၊သင့္ေအာင္ျမင္မႈအတြက္ လက္ခုပ္တီးမေပးႏုိင္တဲ႔သူေတြ…

ဒီလူေတြကုိ သင့္ဘ၀ထဲမွာထားလို႔ ဘာအက်ိဳးမွမရွိပါဘူး။ကိုယ့္ဘ၀ကုိတကယ္တုိးတက္ေစႏုိင္မယ့္ျပိဳင္ဘက္ဆုိတာ ဒီလုိလူမ်ိဳးေတြမဟုတ္ပါဘူးေနာ္။ျပိဳင္ဘက္ဆုိေပမဲ႔ ျပိဳင္ဘက္ေကာင္းလား၊ကိုယ့္ဘ၀ကုိပ်က္စီးေစတဲ႔ျပိဳင္ဘက္ဆုိးလားဆုိတာ ခြဲျခားတတ္ဖုိ႔လိုပါတယ္။ဒီေတာ့ ဒီလူေတြနဲ႔ေပါင္းသင္းဆက္ဆံမိေနရင္ သူတုိ႔နဲ႔ဆက္ဆံေရးကုိ ခ်က္ခ်င္းတိခနဲျဖတ္လို႔မရရင္ေတာင္ ျဖည္းျဖည္းခ်င္းဘ၀ထဲကထုတ္ပစ္ဖုိ႔ၾကိဳးစားပါ 🌻

Unicode

လုံးဝပြီးပြည့်စုံနေတဲ့ဘဝရယ်လို့မရှိပါဘူး။ဒါပေမဲ့ ကိုယ့်ဘဝလေး အဆိပ်အတောက်ကင်းကင်းနဲ့အေးချမ်းသာယာအောင်တော့ ကိုယ်ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။နေ့တိုင်းဆုံတွေ့လာရတဲ့ပတ်ဝန်းကျင်အနေအထားအမျိုးမျိုးက လူတွေထဲမှာ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့လူ၊ကိုယ့်ဘဝထဲမှာထားလို့အကျိုးမရှိတဲ့သူ၊ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့သူ၊ကိုယ့်ကိုတကယ်တိုက်တွန်းအားပေးနိုင်တဲ့သူ စသဖြင့် မျိုးစုံရှိနေပါတယ်။

တစ်ခါတစ်လေ ဆူးညှောင့်ခလုတ်တွေကြောင့်ပဲ ကိုယ့်ဘဝအောင်မြင်တိုးတက်သွားနိုင်တာတော့မှန်ပါတယ်။ဒါပေမဲ့ ကိုယ့်ဘဝထဲမှာထည့်ထားရလောက်အောင် မလိုအပ်တဲ့သူတွေကိုတော့
ဖယ်ထုတ်ရမှာပါပဲ။ကိုယ့်အတွက် Supporting လုပ်ပေးနိုင်တဲ့သူတွေကိုပဲ နွေးထွေးစွာကြိုဆိုပါ။ဒီတော့ Trend ပရိသတ်ကြီးအတွက် ကိုယ့်ဘဝထဲကနေ ထုတ်ပစ်သင့်တဲ့လူတွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ ပြောပြပေးသွားပါမယ်။

*သူများကိုအားတုံ့အားနာမရှိပဲ မာန်မာနထောင်လွှားတတ်သူတွေ…(ငါပြောတာသာအမှန်၊ငါလုပ်တာသာအကောင်းဆိုသူတွေ)
*အမြင်ကျဉ်းမြောင်းပြီး မြင်မြင်ရာဝေဖန်တတ်သူတွေ…
*ကိုယ့်ကိစ္စထက်ဘယ်အရာမှအရေးမကြီးဘူးလို့သတ်မှတ်ထားသူတွေ…
*ကိုယ်ပြောတဲ့စကားက ဘယ်ရောက်လို့ရောက်မှန်းမသိပြောတတ်သလို ကိုယ့်စကားအတွက်လည်းတာဝန်ယူစိတ်မရှိတဲ့သူတွေ…(ဒီလိုလူတွေနဲ့ပေါင်းရတာ ကြောက်ဖို့ကောင်းပါတယ်)
*သင့်ဆီက တစ်ခုခုလိုအပ်မှသာ စကားလာပြောပြီးသင့်ဆီက အကြံဉာဏ်တောင်းခံတတ်သူတွေ…(လိုသုံးတွေ)

*တစ်ခုခုဆို အားပေးနှစ်သိမ့်တာထက် အပြစ်ကိုသာမြင်တတ်ပြီး ကိုယ့်ကိုထပ်ပြီးသိမ်ငယ်အောင်လုပ်တတ်သူတွေ…
*သင်ပြောတာ နားထောင်ပေးတာထက် သူတို့ပြောတာသာ နားထောင်ခိုင်းသူတွေ…
*သင့်ရဲ့ အချစ်ရေး၊လူမှုရေး၊စီးပွားရေးကိစ္စတွေအတွက် ဘာတစ်ခုမှအကူအညီမပေး၊အကြံဉာဏ်မပေးတတ်သူတွေ…(လေနဲ့သာ အကူအညီပေးတတ်သူတွေ)
*ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်သူတွေ…(ဒီလိုလူတွေက သင့်အကြောင်းကိုလည်း တစ်ခြားသူတွေဆီမှာတစ်မျိုးပြောတတ်သူတွေပါ)
*စိတ်သဘောထားသေးသိမ်ပြီး တစ်ခြားသူတွေအပေါ် ကြင်နာနွေးထွေးမှုမရှိတတ်သူတွေ…(အားနည်းသူတွေကို ထပ်ပြီးအားနည်းအောင်လုပ်တတ်တဲ့သူမျိုး)
*သင့်ပျော်ရွှင်မှု၊သင့်အောင်မြင်မှုအတွက် လက်ခုပ်တီးမပေးနိုင်တဲ့သူတွေ…

ဒီလူတွေကို သင့်ဘဝထဲမှာထားလို့ ဘာအကျိုးမှမရှိပါဘူး။ကိုယ့်ဘဝကိုတကယ်တိုးတက်စေနိုင်မယ့်ပြိုင်ဘက်ဆိုတာ ဒီလိုလူမျိုးတွေမဟုတ်ပါဘူးနော်။ပြိုင်ဘက်ဆိုပေမဲ့ ပြိုင်ဘက်ကောင်းလား၊ကိုယ့်ဘဝကိုပျက်စီးစေတဲ့ပြိုင်ဘက်ဆိုးလားဆိုတာ ခွဲခြားတတ်ဖို့လိုပါတယ်။ဒီတော့ ဒီလူတွေနဲ့ပေါင်းသင်းဆက်ဆံမိနေရင် သူတို့နဲ့ဆက်ဆံရေးကို ချက်ချင်းတိခနဲဖြတ်လို့မရရင်တောင် ဖြည်းဖြည်းချင်းဘဝထဲကထုတ်ပစ်ဖို့ကြိုးစားပါ 🌻

546 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.