ဒုတိယေျမာက္ရင္ေသြးေလးလြယ္ထားရျပီျဖစ္တဲ႔ မင္းသမီးေခ်ာ Lee Bo Young 😍

ပရိသတ္ေတြ Congrat လုပ္ရမယ့္ သတင္းေကာင္းတစ္ပုဒ္ရွိေနပါတယ္။အဲ႔ဒါကေတာ့ မင္းသမီးေခ်ာ Lee Bo Young မွာ ဒုတိယေျမာက္ရင္ေသြးေလးလြယ္ထားရပါျပီတဲ႔။

မင္းသား Ji Sung နဲ႔ ၆ႏွစ္ၾကာ ခ်စ္သူေတြျဖစ္ခဲ႔ျပီး ၂၀၁၃ ခုႏွစ္မွာ လက္ထပ္ခဲ႔ၾကတာပါ။သူတုိ႔ရဲ ႔ပထမဆံုးရင္ေသြးသမီးေလးကုိေတာ့ ၂၀၁၅ခုႏွစ္မွာ ေမြးဖြားခဲ႔တာျဖစ္ပါတယ္။အခုေတာ့ ဒုတိယေျမာက္ရင္ေသြးေလးအတြက္ ရင္ခုန္ေနရပါျပီ။သားသားလား၊မီးမီးေလးလားမသိေသးတဲ႔
ကုိယ္၀န္အေစာပုိင္းအဆင့္သာရွိေသးေပမဲ႔ မိသားစုအသုိင္းအ၀ုိင္းႏွစ္ဖက္လုံးကေတာ့ မင္းသမီးေခ်ာကုိ အခုကတည္းက ဂရုတစိုက္အရိပ္တၾကည့္ၾကည့္ျဖစ္ေနၾကပါတယ္။

ၾသဂုတ္လ ၁၅ရက္ေန႔က Lee Bo Young ရဲ ႔ေအဂ်င္စီက “မင္းသမီး Lee Bo Young ဟာ ဒုတိယရင္ေသြးေလးလြယ္ထားရပါတယ္။ဒါေပမဲ႔ အခုမွကုိယ္၀န္အေစာဆံုးကာလပဲရွိပါေသးတယ္။အခုလက္ရွိမွာေတာ့ ေနာက္ထပ္ဒရာမာရုိက္ကူးမႈေတြလက္မခံထားပဲ သူမရဲ ႔ေဘဘီေလးက်န္းမာဖုိ႔အတြက္သာအာရံုစုိက္ေစာင့္ေရွာက္ေနပါတယ္”လုိ႔အတည္ျပဳေျပာၾကားခဲ႔ပါတယ္။

Lee Bo Young ဟာ ၂၀၁၈ ခုႏွစ္အတြင္းမွာပဲ “Mother” ဇာတ္ကားမွာပါ၀င္သရုပ္ေဆာင္ထားခဲ႔ျပီး ပရိသတ္ေတြရဲ ႔အားေပးမႈကုိထပ္ျပီးရရွိထားသူျဖစ္ပါတယ္။မင္းသား Ji Sung ဟာလည္း အခုလက္ရွိ “Familiar Wife” ဆုိတဲ႔ဇာတ္ကားမွာ မင္းသမီး Han Ji Min နဲ႔တြဲဖက္ျပီးရုိက္ကူးေနတယ္လို႔သိရပါတယ္။ႏွစ္ေယာက္လံုးကပရိသတ္အားေပးမႈအခိုင္အမာရထားတဲ႔ နာမည္ေက်ာ္စံုတြဲေလးျဖစ္လုိ႔ အခုလည္းဒုတိယေျမာက္ရင္ေသြးေလးအတြက္ ဂုဏ္ျပဳစကားေတြမ်ားစြာပုိ႔ေပးခဲ႔ၾကပါတယ္။အႏုပညာေမာင္ႏွမေတြကလည္း၀ုိင္းျပီးဂုဏ္ျပဳထားၾကပါတယ္။ကဲ ဒီကပရိသတ္ၾကီးလည္း ဂုဏ္ျပဳစကားေလးေျပာေပးခဲ႔ဦးေနာ္ 👨‍👩‍👦‍👦

Unicode

ပရိသတ်တွေ Congrat လုပ်ရမယ့် သတင်းကောင်းတစ်ပုဒ်ရှိနေပါတယ်။အဲ့ဒါကတော့ မင်းသမီးချော Lee Bo Young မှာ ဒုတိယမြောက်ရင်သွေးလေးလွယ်ထားရပါပြီတဲ့။

မင်းသား Ji Sung နဲ့ ၆နှစ်ကြာ ချစ်သူတွေဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။သူတို့ရဲ ့ပထမဆုံးရင်သွေးသမီးလေးကိုတော့ ၂၀၁၅ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။အခုတော့ ဒုတိယမြောက်ရင်သွေးလေးအတွက် ရင်ခုန်နေရပါပြီ။သားသားလား၊မီးမီးလေးလားမသိသေးတဲ့
ကိုယ်ဝန်အစောပိုင်းအဆင့်သာရှိသေးပေမဲ့ မိသားစုအသိုင်းအဝိုင်းနှစ်ဖက်လုံးကတော့ မင်းသမီးချောကို အခုကတည်းက ဂရုတစိုက်အရိပ်တကြည့်ကြည့်ဖြစ်နေကြပါတယ်။

သြဂုတ်လ ၁၅ရက်နေ့က Lee Bo Young ရဲ ့အေဂျင်စီက “မင်းသမီး Lee Bo Young ဟာ ဒုတိယရင်သွေးလေးလွယ်ထားရပါတယ်။ဒါပေမဲ့ အခုမှကိုယ်ဝန်အစောဆုံးကာလပဲရှိပါသေးတယ်။အခုလက်ရှိမှာတော့ နောက်ထပ်ဒရာမာရိုက်ကူးမှုတွေလက်မခံထားပဲ သူမရဲ ့ဘေဘီလေးကျန်းမာဖို့အတွက်သာအာရုံစိုက်စောင့်ရှောက်နေပါတယ်”လို့အတည်ပြုပြောကြားခဲ့ပါတယ်။

Lee Bo Young ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ “Mother” ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်တွေရဲ ့အားပေးမှုကိုထပ်ပြီးရရှိထားသူဖြစ်ပါတယ်။မင်းသား Ji Sung ဟာလည်း အခုလက်ရှိ “Familiar Wife” ဆိုတဲ့ဇာတ်ကားမှာ မင်းသမီး Han Ji Min နဲ့တွဲဖက်ပြီးရိုက်ကူးနေတယ်လို့သိရပါတယ်။နှစ်ယောက်လုံးကပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ နာမည်ကျော်စုံတွဲလေးဖြစ်လို့ အခုလည်းဒုတိယမြောက်ရင်သွေးလေးအတွက် ဂုဏ်ပြုစကားတွေများစွာပို့ပေးခဲ့ကြပါတယ်။အနုပညာမောင်နှမတွေကလည်းဝိုင်းပြီးဂုဏ်ပြုထားကြပါတယ်။ကဲ ဒီကပရိသတ်ကြီးလည်း ဂုဏ်ပြုစကားလေးပြောပေးခဲ့ဦးနော် 👨‍👩‍👦‍👦

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.