နုနုဖွေးဖွေး ချိုင်းကြားအသားရည်ကို ပိုင်ဆိုင်စေဖို့…

ကောင်းမွန်တဲ့ချိုင်းကြားအသားရည်ကို လူတိုင်းပိုင်ဆိုင်ချင်ကြမှာပါ…ဆိုတော့ ဘယ်နည်းလေးတွေကအသုံးဝင်လဲဆိုတာ ကြည့်လိုက်ရအောင်…✌✌✌

(၁) သကြား+လီမွန်ရည်

သကြားနဲ့လီမွန်သီးဖျော်ရည်နဲ့ကို ရောပြီး ချိုင်းကြားတစ်လျှောက်ကိုပွက်လိမ်းပေးပါ။ မိနစ်၃၀ လောက်အကြာထားပြီး ရေအေးအေးလေးနေဲ့ဆေးကြောပေးပါ။ဒီလိုနည်းကို တစ်ပတ်သုံးကြိမ်လောက်လုပ်ပေးခြင်းဖြင့် ထိရောက်မှုရှိတာကို မကြာခင်ခံစားတွေ့ရှိရမှာပါ။

(၂)  နွားနို့+ နနွင်းမှုန့်

နွားနို့နဲ့ နနွင်းမှုန့်ကို ရောပြီး ချိုင်းကြားအသားရည်ကို ပျစ်ပျစ်လေးလိမ်းပေးပါ။ မိနစ်၂၀ လောက်ကြာထားပြီး ရေနွေး၊ ရေအေး အဆင်ပြေတာနဲ့ဆေးကြောနိုင်ပါတယ်။ တစ်နေ့တစ်ရက်လုပ်ပေးရင်ပိုကောင်းလေပေါ့။

(၃) သင်္ဘောသီး+ နနွင်းမှုန့်

သဘောင်္သီးကို ပျစ်ပျစ်လေးချေပြီး နနွင်းမှုန့်လေးနဲ့ရောနယ်ပြီး လိမ်းပေးပါ။ ချိုင်းအသားရည်ထဲကအညစ်ကြေးတွေကိုပါလျော့နည်းစေတဲ့အပြင် သဘာဝအသီးနှံစွမ်းအားကြောင့်မကြာခင် ဖြူဖွေးနူးညံ့လာမှာပါ။

(၄) နနွင်း+ မုန့်ဖုတ်ဆိုဒါ

နနွင်းနဲ့ မုန့်ဖုတ်ဆိုဒါကတော့ အမဲကွက်တွေ အညစ်ကြေးတွေကို တကယ်ကို ဖြူစင်စေတဲ့ ဆရာကြီးနှစ်ခုမဟုတ်လေဘူးလား။ဆိုတော့ဒီနှစ်ခုကိုရောလိမ်းပြီးသင့်ချိုင်းကြားအသားရည်ကို ဖြူစင်နူးညံ့အောင်ကြိုးစားလိုက်ရအောင်။

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.