တကယ်ကြီးချစ်တတ်သွားတဲ့အခါ ပေးဆပ်နေမိတာကိုတောင်သတိမထားမိတတ်ကြဘူးဆိုတာယုံပါ…💙💙
Unicode
လူတွေဟာတစ်စုံတစ်ယောက်ကို တကယ်ကြီးချစ်သွားတဲ့အခါမှာ ကိုယ်တိုင်အဲ့လူအပေါ်ပေးဆပ်မိနေတာတွေ နားလည်ပေးမိနေတာတွေကိုပေးဆပ်နေတယ် နားလည်ပေးနေတယ်လို့တောင် ထူးထူးထွေထွေ ဂုဏ်ဆာမနေတတ်တော့ပါဘူး။ ချစ်လို့ဖြစ်လာတဲ့ ခံစားချက်အတိုင်းပဲ နေလိုက်ရင်း
သူတို့ပေးဆပ်နေရတာတွေကိုတောင် သတိမေ့နေတတ်ကြပါတယ်။ သေချာပါတယ် ဒါဆိုရင်တော့သင်သူ့အပေါ်မျှော်လင့်ချက်မရှိပဲရိုးသားစွာချစ်နေမိပါပြီ။
လူတစ်ယောက်ကိုချစ်နေတယ် အိုကေ…ချစ်ဖို့လောက်ထိကလွယ်တယ်လို့ ဆိုရပါမယ်။ ဒါပင်မဲ့တကယ်ကြီးချစ်တတ်သွားဖို့တော့ခက်ပါတယ်။ ဥပမာပြောရရင် ကိုယ့်ချစ်သူကို သဝန်တိုတယ် ဆိုပါတော့ ချစ်လို့သဝန်တိုတယ် ပေါ့…တကယ်ကြီးချစ်မိသွားတဲ့သူအတွက်ကတော့ တစ်ခုခုကိုသဝန်တိုမိရင် စိတ်ထဲမှာအရမ်းတွေ ရောက်သွားပြီးအိပ်လို့မပျော် နေရထိုင်ရခက်ကြီးနဲ့ကို သဝန်တိုသွားတတ်တာမျိုးပါ။ ပုံမှန်လောက်လေး စကားနဲ့သဝန်တိုတာလောက်က စိတ်မပင်ပန်းပင်မဲ့ စိတ်ရောကိုယ်ပါနှစ်ပြီးသင့်အပေါ်သဝန်တိုတတ်နေပြီဆိုရင်တော့သူပြောစရာမလိုဘူး သင့်အပေါ်သူသိပ်လေးနက်နေတယ်ဆိုတာသိသာပါတယ်။ ဘယ်သူမှကိုယ်တကယ်မချစ်တဲ့သူအတွက် စိတ်ပင်ပန်းခံပြီးဝမ်းမနည်းတတ်ပါဘူး။တစ်ချို့အရာတွေဆို ကိုယ့်ချစ်သူစိတ်ချမ်းသာဖို့ ကိုယ်မကျေနပ်ပင်မဲ့ကျေနပ်ပေးလိုက်မယ်၊ တစ်ခါတစ်ရံ ကိုယ်ခံစားရပင်မဲ့ ကိုယ့်ခံစားချက်ကိုထုတ်ဖော်လိုက်ရင် ကိုယ့်ချစ်ရသူပိုဝမ်းနည်းမယ်၊တစ်ခါတစ်ရံစိတ်တို ပြီးထင်ရာစိုင်းလိုက်ချင်ပင်မဲ့ သူပိုစိတ်ညစ်သွားပါလိမ့်မယ် ဆိုတဲ့သို့လောသို့လော အတွေးတွေနဲ့ တွေးပေးတတ်နေပြီ ဆိုရင်တော့ သိပ်ချစ်တတ်နေပါပြီ။
တကယ်ချစ်ဆိုတာ…. အချစ်စစ်ဆိုတာ…. စစ်မှန်တဲ့ မေတ္တာဆိုတာ… ဒီလို လူတွေက အချစ်ကိုအမျိုးမျိုးတွေဖွင့်နေတတ်ကြပင်မဲ့ သေချာတာကတော့ တစ်ယောက်ပေါ်တစ်ယောက်နားလည်ပေးပြီး သက်ဆုံးတိုင်အတူရှိနေဖို့ ပေးဆပ်သင့်တာတွေပေးဆပ်ရင်း တတ်နိုင်သလောက်နားလည်ပေးနေခြင်းဟာ ချစ်မေတ္တာစစ်ပါ။ ကိုယ်ပိုင်ဆိုင်ထားတဲ့တန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အခုကစပြီး တန်ဖိုးထားတတ်ကြပါစေ…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.