ဖောက်ပြန်တတ်ကြတဲ့လူတစ်ချို့ရဲ့ခပ်လှလှဆင်ခြင်လေးတွေကို ယူတို့သဘောပေါက်တတ်ကြပါစေ…🤭😂😂
(၁) စိတ်လွတ်မိသွားလို့ပါ🤭
(၂) အပျော်ထားတာ
Unicode
ဖောက်ပြန်တယ်ဆိုတာ ဘယ်ဘာသာဘယ်လူမျိုးအတွက်ပဲဖြစ်ဖြစ်ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ ဘယ်သူမှဖောက်ပြန်တတ်သူတွေကိုမလေးစားတော့ပါဘူး။ သိပ်မုန်းဖို့ကောင်းတဲ့ အိမ်ထောင်ရေးဖောက်ပြန်သူတွေ တစ်ယောက်နဲ့ချစ်သူဖြစ်နေလျက်နောက်တစ်ယောက်နဲ့တွဲနေတဲ့သူတွေ
ဒီလိုလူတွေသင့် ပတ်ဝန်းကျင်မှာအနည်းနဲ့အများတော့ရှိနေကြမှာပါပဲ…ဒီလိုဖောက်ပြန်တဲ့နေရာမှာပေါ်တင်အရှက်မရှိဖောက်ပြန်တတ်တဲ့သူတွေရှိသလိုဖောက်ပြန်တာကိုဖုံးဖိပြီးခပ်လှလှဆင်ခြင်လေးတွေပေးတတ်တဲ့သူတစ်ချို့လည်းအများကြီးပါပဲ…ဆိုတော့ ဖောက်ပြန်တတ်တဲ့သူတစ်ချို့ရဲ့
ခပ်လှလှဆင်ခြင်လေးတွေက ….
(၁) စိတ်လွတ်မိသွားလို့့ပါ
စိတ်လွတ်ရင်းဖြစ်သွားမိတာဆိုတဲ့ ဆင်ခြင်မျိုးပေးတတ်ကြပါတယ်။ ကိုယ့်အိမ်ထောင်ဖက် ကိုယ့်ချစ်သူမဟုတ်တဲ့သူနဲ့ စည်းကျော်ပြီးမှစိတ်လွတ်လို့ဖြစ်သွားတာ တကယ်တမ်းစိတ်မရှိပါဘူးဆို တာမျိုးတွေနဲ့ယုတ်တိမရှိပြောတတ်ကြပါတယ်။ အစတည်းက ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ခဲ့ရင်စိတ်လွတ်စရာဆိုတာ မရှိပါဘူး။ မှားနိင်တယ်ဆိုပင်မဲ့ အချိန်မှီထိန်းရင်ဖောက်ပြန်တဲ့ အဆင့်ဆိုတာ ရောက်လိုက်မှာမဟုတ်ပါဘူး။
(၂) အပျော်ထားတာ
ဘူပေါ်သလိုပေါ်သွားတဲ့အခါမှ စိတ်ရှုပ်နေလို့ အပျော်တွဲလိုက်တာပါဆိုတာမျိုး တွေနဲ့ဆင်ခြင်ပေးတတ်တဲ့သူတွေလည်းရှိပါတယ်။
(၃) သဝန်တိုအောင်လုပ်ရင်းတကယ်တွဲမိသွားတာ
ကိုယ်နဲ့စိတ်ဆိုးနေချိန်( ကိုယ်နဲ့မပြတ်သေး) အချိန်မှာနောက်တစ်ယောက်ထားပျော်မြူးပြီး ပေါ်သွားမှ မင်းအပေါ်ရွဲ့ချင်လို့ထားလိုက်တာပါဆိုတာမျိုးနဲ့လည်းဆင်ခြင်ပေးတတ်ကြပါတယ်။
(၄) သူ့ဘက်ကအရမ်းရောလာလို့ပါ
ကိုယ်ကောင်းရင်ခေါင်းဆိုတာ ဘယ်မှမရွေ့ပါဘူး။ ကိုယ့်ဘက်ကအစတည်းကအနေမှန်ရင် အားလုံးအေးဆေးပါပဲ။ ဒီလိုမဟုတ်ပဲနေချင်သလိုနေပြီးမှ သူ့ဘက်ကရောလာလို့ပါသွားတာပါဆိုတဲ့ အောက်တန်းကျတဲ့ ခပ်တုံးတုံးဆင်ခြင်မျိုးကိုလည်းပေးတတ်ကြပါတယ်။
(၅) သူ့အပြစ်ကို ကိုယ့်အပြစ်လုပ်တတ်ကြပါတယ်
သူ့ရဲ့ဖောက်ပြန်မှုကို ဖုံးအောင် ကိုယ့်အပြစ်ကြောင့်ဆိုတာမျိုးကို ဖန်တီးတတ်ကြပါတယ်။ ကိုယ့်ဘက်ကမကောင်းလို့ပဲသူကတစ်ခြားကောင်းတဲ့သူဆီသွားလိုက်ရသလိုလို
ကိုယ်ကပဲ အရင်ဖောက်ပြန်ခဲသလိုတွေဇာတ်လမ်းစဉ်ပြီး သူ့အပြစ်ကို ကိုယ့်အပြစ်ဖန်တီးတတ်ကြတာလည်း သူတို့ရဲ့လှပတဲ့ဆင်ခြင်တစ်ခုပါပဲ…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.