ကုိယ့္အနားကုိခ်ဥ္းကပ္လာသူေတြထဲကမွ ကုိယ့္အေပၚအခ်စ္စစ္နဲ႔ခ်စ္တဲ႔သူဆုိတာ ဒီလုိမ်ိဳးပါ…❤️

ကုိယ့္အနားကုိ ေယာက်္ားေလးတစ္ေယာက္ခ်ဥ္းကပ္လာတာနဲ႔ ဒီလူက ကုိယ့္အေပၚစိတ္၀င္စားေနလား ရုိးရိုးသားသားပဲလားဆုိတာကုိသိႏုိင္တဲ႔သဘာ၀စြမ္းရည္မ်ိဳးကုိယ္တုိ႔ေတြပိုင္ဆုိင္ထားၾကပါတယ္။မိန္းကေလးတုိင္းကေတာ့ ခ်စ္သူနဲ႔လက္ထပ္သူ တစ္ေယာက္တည္းပဲျဖစ္ခ်င္ၾကတာပါ။ဒါေပမဲ႔
ခ်စ္သူအေရြးမွားတာေၾကာင့္ လမ္းခြဲျပတ္စဲလိုက္ရတာေတြ၊အသည္းကြဲရတာေတြနဲ႔ပဲ အခ်ိန္ေတြျဖတ္သန္းရတာမ်ိဳးေတြလည္းရွိတတ္ပါတယ္။

ကုိယ္တို႔လိုမိန္းကေလးေတြက အခ်စ္ထက္အေရးၾကီးတာဘာမွမရွိဘူးလို႔တစ္ခါတစ္ေလ မိုက္မိုက္မဲမဲေတြးမိတတ္ၾကတယ္။တကယ္တမ္းက်ေတာ့အခ်စ္မပါလည္းကုိယ္ေတြဘ၀ကုိေကာင္းေကာင္းၾကီးျဖတ္သန္းႏုိင္ၾကတယ္ဆုိတာ ေမ့ေနၾကလို႔ပါ။ဒါေပမဲ႔ ဘ၀တစ္ေလ်ွာက္လံုးအတူတူျဖတ္သန္းသြားလုိ႔ရမယ့္ ဆုိးတူေကာင္းဖက္ဆုိတာမ်ိဳးရွိရင္ ဘ၀ကေက်နပ္စရာၾကီးေပါ့။ကုိယ့္ကုိခ်ဥ္းကပ္လာသူေတြထဲကမွ ကုိယ္ခ်စ္တဲ႔သူကုိေရြးရမလား၊ကုိယ့္အေပၚခ်စ္တဲ႔သူကုိပဲေရြးရမလားဆုိတာလည္း စဥ္းစားရခက္မွာအေသအခ်ာပါပဲ။ကုိယ္ခ်စ္တဲ႔သူပဲေရြးမွာေပါ့ဆုိရင္ ကုိယ္ေရြးလိုက္တဲ႔သူက ကုိယ္ကပဲခ်စ္ေနရမယ့္သူမျဖစ္ဖုိ႔ေတာ့လိုပါတယ္။ဒီေတာ့ ပ်ိဳေမတို႔ေခါင္းစားရသက္သာေအာင္ ဒီအခ်က္ေတြနဲ႔တိုက္ၾကည့္လိုက္ပါ။

*ကုိယ့္အေပၚတကယ္သစၥာရွိျပီး ျမတ္ျမတ္ႏုိးႏုိးခ်စ္တဲ႔ခ်စ္သူဆုိတာ သူအားလပ္တဲ႔အခ်ိန္မွစကားလာေျပာတာထက္ ကုိယ္နဲ႔စကားေျပာဖုိ႔ သူ႔ရဲ႔အခ်ိန္ေတြကုိတမင္သက္သက္ဖယ္ေပးထားတဲ႔သူမ်ိဳးပါ။
*သူအလုပ္မရႈပ္တဲ႔အခ်ိန္မွ ကုိယ့္အတြက္အခ်ိန္ေတြဖဲ႔ေပးျပီးေလ်ွာက္လည္တဲ႔သူထက္ ကုိယ္နဲ႔အခ်ိန္အတူကုန္ဆံုးဖုိ႔၊အတူေလ်ွာက္လည္ဖုိ႔ အခ်ိန္ေတြဖယ္ထားေပးတဲ႔သူကသာ ကုိယ့္အနာဂတ္ကိုလွပေစမွာပါ။
*ကုိယ့္ကုိလြမ္းမွ ေတြ႔ခ်င္ျမင္ခ်င္တဲ႔သူထက္ လြမ္းတယ္ဆုိတဲ႔ခံစားခ်က္ေတာင္အ၀င္မခံပဲ အျမဲအခ်ိန္ေပးျပီးလာေတြ႔တဲ႔သူ ဘယ္သူက ကုိယ့္အတြက္လက္တြဲေဖာ္ေကာင္းျဖစ္မလဲဆုိတာ ဆန္းစစ္ၾကည့္ပါ။

*ပကာသနေတြနဲ႔ ကုိယ့္ကိုအားအင္ျဖစ္ေအာင္ၾကိဳးစားဖန္တီးေပးတဲ႔သူထက္ ကုိယ့္အတြက္ သူကအားျဖစ္ေပးႏုိင္တဲ႔သူမ်ိဳးကုိေရြးပါ။

*ကိုယ္အပါအ၀င္ တစ္ျခားမိန္းကေလးေတြကုိလဲ ကုိယ့္လိုပဲခ်ိဳခ်ိဳသာသာဆက္ဆံေျပာဆုိေနတဲ႔ေယာက်္ားေလးထက္ တစ္ျခားမိန္းကေလးေတြအစား ကိုယ္တစ္ေယာက္တည္းကုိပဲ ေခါင္းထဲရွိတဲ႔ေယာက်္ားေလးက ဘယ္သူလဲဆုိတာ ေသခ်ာရွာေဖြပါ။
*ကုိယ္ေမးခြန္းေတြအရမ္းေမးလို႔ စိတ္ဆုိးသြားတဲ႔သူထက္ ကုိယ္ေမးတဲ႔ေမးခြန္းေတြေတာင္ သူ႔အတြက္မလံုေလာက္ေသးတာကုိ ထပ္မေမးလို႔ စိတ္ဆုိးသြားတဲ႔သူကို ခ်စ္သူအျဖစ္ေရြးပါ။

ဒီလုိျခားနားခ်က္ေတြကို ပ်ိဳေမတို႔နားလည္လာတဲ႔အခါ သိလာတဲ႔အခါ ဘယ္သူက ကုိယ့္အတြက္လဲ၊ဘယ္သူကကုိယ့္အတြက္မဟုတ္ဘူးလဲဆုိတာသိလာပါလိမ့္မယ္။အခ်စ္ေရးတစ္ခုခိုင္ျမဲဖုိ႔ဆုိတာ ႏွစ္ဦးႏွစ္ဖက္ေမတၱာရွိမွ၊ခ်စ္ခင္မွပါ။တစ္ေယာက္တည္းကခ်စ္ျပီး တစ္ေယာက္တည္းကပဲေပးဆပ္္ေနရရင္ တစ္ဖက္သတ္အခ်စ္ပဲျဖစ္သြားပါလိမ့္မယ္။ဒီေတာ့ ပ်ိဳေမတို႔ ကိုယ့္ဘ၀အတြက္ လံုျခံဳေအးခ်မ္းမႈေပးႏုိင္တဲ႔သူ၊ၾကင္နာေႏြးေထြးမႈေပးႏုိင္တဲ႔သူကုိ ႏွလံုးသားနဲ့တင္မက ဦးေႏွာက္နဲ႔ပါေသခ်ာစဥ္းစားဆံုးျဖတ္ပါလို႔…❤️

Unicode

ကိုယ့်အနားကို ယောကျ်ားလေးတစ်ယောက်ချဉ်းကပ်လာတာနဲ့ ဒီလူက ကိုယ့်အပေါ်စိတ်ဝင်စားနေလား ရိုးရိုးသားသားပဲလားဆိုတာကိုသိနိုင်တဲ့သဘာဝစွမ်းရည်မျိုးကိုယ်တို့တွေပိုင်ဆိုင်ထားကြပါတယ်။မိန်းကလေးတိုင်းကတော့ ချစ်သူနဲ့လက်ထပ်သူ တစ်ယောက်တည်းပဲဖြစ်ချင်ကြတာပါ။ဒါပေမဲ့
ချစ်သူအရွေးမှားတာကြောင့် လမ်းခွဲပြတ်စဲလိုက်ရတာတွေ၊အသည်းကွဲရတာတွေနဲ့ပဲ အချိန်တွေဖြတ်သန်းရတာမျိုးတွေလည်းရှိတတ်ပါတယ်။

ကိုယ်တို့လိုမိန်းကလေးတွေက အချစ်ထက်အရေးကြီးတာဘာမှမရှိဘူးလို့တစ်ခါတစ်လေ မိုက်မိုက်မဲမဲတွေးမိတတ်ကြတယ်။တကယ်တမ်းကျတော့အချစ်မပါလည်းကိုယ်တွေဘဝကိုကောင်းကောင်းကြီးဖြတ်သန်းနိုင်ကြတယ်ဆိုတာ မေ့နေကြလို့ပါ။ဒါပေမဲ့ ဘဝတစ်လျှောက်လုံးအတူတူဖြတ်သန်းသွားလို့ရမယ့် ဆိုးတူကောင်းဖက်ဆိုတာမျိုးရှိရင် ဘဝကကျေနပ်စရာကြီးပေါ့။ကိုယ့်ကိုချဉ်းကပ်လာသူတွေထဲကမှ ကိုယ်ချစ်တဲ့သူကိုရွေးရမလား၊ကိုယ့်အပေါ်ချစ်တဲ့သူကိုပဲရွေးရမလားဆိုတာလည်း စဉ်းစားရခက်မှာအသေအချာပါပဲ။ကိုယ်ချစ်တဲ့သူပဲရွေးမှာပေါ့ဆိုရင် ကိုယ်ရွေးလိုက်တဲ့သူက ကိုယ်ကပဲချစ်နေရမယ့်သူမဖြစ်ဖို့တော့လိုပါတယ်။ဒီတော့ ပျိုမေတို့ခေါင်းစားရသက်သာအောင် ဒီအချက်တွေနဲ့တိုက်ကြည့်လိုက်ပါ။

*ကိုယ့်အပေါ်တကယ်သစ္စာရှိပြီး မြတ်မြတ်နိုးနိုးချစ်တဲ့ချစ်သူဆိုတာ သူအားလပ်တဲ့အချိန်မှစကားလာပြောတာထက် ကိုယ်နဲ့စကားပြောဖို့ သူ့ရဲ့အချိန်တွေကိုတမင်သက်သက်ဖယ်ပေးထားတဲ့သူမျိုးပါ။
*သူအလုပ်မရှုပ်တဲ့အချိန်မှ ကိုယ့်အတွက်အချိန်တွေဖဲ့ပေးပြီးလျှောက်လည်တဲ့သူထက် ကိုယ်နဲ့အချိန်အတူကုန်ဆုံးဖို့၊အတူလျှောက်လည်ဖို့ အချိန်တွေဖယ်ထားပေးတဲ့သူကသာ ကိုယ့်အနာဂတ်ကိုလှပစေမှာပါ။
*ကိုယ့်ကိုလွမ်းမှ တွေ့ချင်မြင်ချင်တဲ့သူထက် လွမ်းတယ်ဆိုတဲ့ခံစားချက်တောင်အဝင်မခံပဲ အမြဲအချိန်ပေးပြီးလာတွေ့တဲ့သူ ဘယ်သူက ကိုယ့်အတွက်လက်တွဲဖော်ကောင်းဖြစ်မလဲဆိုတာ ဆန်းစစ်ကြည့်ပါ။
*ပကာသနတွေနဲ့ ကိုယ့်ကိုအားအင်ဖြစ်အောင်ကြိုးစားဖန်တီးပေးတဲ့သူထက် ကိုယ့်အတွက် သူကအားဖြစ်ပေးနိုင်တဲ့သူမျိုးကိုရွေးပါ။
*ကိုယ်အပါအဝင် တစ်ခြားမိန်းကလေးတွေကိုလဲ ကိုယ့်လိုပဲချိုချိုသာသာဆက်ဆံပြောဆိုနေတဲ့ယောကျ်ားလေးထက် တစ်ခြားမိန်းကလေးတွေအစား ကိုယ်တစ်ယောက်တည်းကိုပဲ ခေါင်းထဲရှိတဲ့ယောကျ်ားလေးက ဘယ်သူလဲဆိုတာ သေချာရှာဖွေပါ။
*ကိုယ်မေးခွန်းတွေအရမ်းမေးလို့ စိတ်ဆိုးသွားတဲ့သူထက် ကိုယ်မေးတဲ့မေးခွန်းတွေတောင် သူ့အတွက်မလုံလောက်သေးတာကို ထပ်မမေးလို့ စိတ်ဆိုးသွားတဲ့သူကို ချစ်သူအဖြစ်ရွေးပါ။

ဒီလိုခြားနားချက်တွေကို ပျိုမေတို့နားလည်လာတဲ့အခါ သိလာတဲ့အခါ ဘယ်သူက ကိုယ့်အတွက်လဲ၊ဘယ်သူကကိုယ့်အတွက်မဟုတ်ဘူးလဲဆိုတာသိလာပါလိမ့်မယ်။အချစ်ရေးတစ်ခုခိုင်မြဲဖို့ဆိုတာ နှစ်ဦးနှစ်ဖက်မေတ္တာရှိမှ၊ချစ်ခင်မှပါ။တစ်ယောက်တည်းကချစ်ပြီး တစ်ယောက်တည်းကပဲပေးဆပ််နေရရင် တစ်ဖတ်သက်အချစ်ပဲဖြစ်သွားပါလိမ့်မယ်။ဒီတော့ ပျိုမေတို့ ကိုယ့်ဘဝအတွက် လုံခြုံအေးချမ်းမှုပေးနိုင်တဲ့သူ၊ကြင်နာနွေးထွေးမှုပေးနိုင်တဲ့သူကို နှလုံးသားနဲ့တင်မက ဦးနှောက်နဲ့ပါသေချာစဉ်းစားဆုံးဖြတ်ပါလို့…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.