က်န္းမာေရးအတြက္ တကယ္အက်ိဳးေက်းဇူးရခ်င္တယ္ဆုိ ေရေသာက္တတ္ဖုိ႔လည္းလိုပါေသးတယ္ 🤔

ဂ်ပန္လူမ်ိဳးေတြက အသက္ပုိရွည္ျပီးက်န္းမာႏုပ်ိဳၾကတာ အားလံုးသိထားတဲ႔အမွန္တရားတစ္ခုပါ။သူတုိ႔က က်န္းမာၾကသလို အသားအရည္ကအစလွပေနပါတယ္။သူတုိ႔ဘာလို႔ အခုလိုနုပ်ိဳက်န္းမာလွပေနၾကလဲလုိ႔ ေလ့လာၾကည့္တဲ႔အခါမွာ ဂ်ပန္လူမ်ိဳးေတြဟာ မနက္မိုးလင္းလို႔ႏိုးလာတဲ႔အခ်ိန္မွာ
ပထမဆံုးလုပ္တာက ေရေသာက္တာပါပဲတဲ႔။ျပီးေတာ့မွ မ်က္ႏွာသစ္၊သြားတုိက္သန္႔ရွင္းေရးလုပ္ၾကတာေပါ့။

တစ္ျခားေလ့လာခ်က္ေတြအရလည္း ဒီရုိးရွင္းတဲ႔ေန႔စဥ္အေလ့အက်င့္ေလးတစ္ခုဟာ က်န္းမာေရးနဲ႔ပတ္သက္ျပီးေကာင္းမြန္တဲ႔ရလဒ္ေတြရလာေစတယ္။ဆုိတာကုိေလ့လာေတြ႔ရွိခဲ႔ပါတယ္။အဲ႔ဒါေၾကာင့္စာဖတ္သူေတြအတြက္လည္း မနက္မုိးလင္းလို႔ နုိးလာတဲ႔အခါတိုင္း ဘာမွမလုပ္ေသးပဲ ေရဖန္ခြက္တစ္ခြက္ေသာက္ေပးပါလို႔အၾကံေပးခ်င္ပါတယ္။ေရေသာက္တာပဲ ဘယ္အခ်ိန္ေသာက္ေသာက္ က်န္းမာေရးအတြက္ေကာင္းတာပဲဆုိျပီးေတြးေနမိႏုိင္ပါတယ္။တကယ္ေတာ့အစာအိမ္ထဲမွာ အစားအစာတစ္ခုမွမရွိတဲ႔အခ်ိန္ ေရတစ္ခြက္ေသာက္ေပးတာက က်န္းမာေရးအတြက္ပုိျပီးအက်ိဳးရွိပါတယ္။ဒါျဖင့္ဘယ္လိုအက်ိဳးေက်းဇူးေတြရလာႏုိင္လဲ?

*မနက္မုိးလင္းလို႔ႏုိးလာတဲ႔အခါ ပထမဆံုးေရဖန္ခြက္တစ္ခြက္ကုိေသာက္လုိက္ပါ။ဒီလုိေသာက္ေပးမယ္ဆုိရင္ တစ္ပတ္ေလာက္ၾကာတဲ႔အခါထူးျခားမႈတစ္ခုေတြ႔ရပါမယ္။ဘာလဲဆုိေတာ့ သင့္ခႏၶာကုိယ္က အရင္ကထက္ ပုိေပါ့ပါးလာျပီး လန္းဆန္းတက္ၾကြေနပါလိမ့္မယ္။ခႏၶာကုိယ္ထဲမွာျပည့္ေနတဲ႔အဆိပ္အေတာက္ေတြကင္းစင္သြားသလို ေပါ့ပါးေနပါလိမ့္မယ္။

*အရင္လို တစ္နာရီျခားတစ္ခါဗုိက္ဆာေနတာမ်ိဳးမျဖစ္ေတာ့ပဲ နည္းနည္းေလးစားတာနဲ႔အာဟာရျပည့္၀သြားသလို ခံစားရပါလိမ့္မယ္။သေရစာစားေနက်အခိ်န္မွာလည္းဗုိက္မဆာတာကုိသတိထားမိပါလိမ့္မယ္။

*မနက္တုိင္း ဗုိက္ထဲမွာအစာမရွိခိ်န္ေရပံုမွန္ေသာက္ေပးသြားမယ္ဆုိရင္ အစာေခ်စနစ္ကုိေကာင္းမြန္လာေစတဲ႔အတြက္ ခႏၶာကုိယ္အေလးခ်ိန္ေလ်ွာ့ခ်တဲ႔အခါမွာလည္းအသံုး၀င္လာပါတယ္။အရင္လိုအမ်ားၾကီးမစားျဖစ္ေတာ့ေပမဲ႔ အားျပတ္သြားတာမ်ိဳးလည္းမရွိပဲ သင့္ခႏၶာကုိယ္ကုိစြမ္းအင္ေတြျပည့္ေနေစမွာပါ။

*ဘာမွမဟုတ္တဲ့ဒီလွည့္ကြက္ေလးတစ္ခုက သင့္ရဲ႔အသားအရည္ကုိပုိျပီးစုိျပည္လာေစႏုိင္ပါတယ္။အသားအရည္မြဲေျခာက္တဲ႔သူဆုိ မနက္တုိင္းေရတစ္ခြက္ပံုမွန္ေသာက္ေပးပါ။တစ္လေလာက္ၾကာတဲ႔အခါ အသားအရည္က စုိျပည္က်န္းမာလာတာကုိသတိထားမိပါလိမ့္မယ္။နဂိုအသားအရည္
ေကာင္းတဲ႔သူဆုိ အရင္ကထက္ ပုိျပီးအသားအရည္က ၾကည္လင္လာတာကိုေတြ႔ရပါလိမ့္မယ္။ဆံပင္ေတြလည္းအရင္လို သိပ္မကြ်တ္ေတာ့ပဲ ေတာက္ပလာတာကုိေတြ႔ရပါလိမ့္မယ္။

*ဗိုက္ထဲမွာအစာလံုး၀မရွိတဲ႔အခ်ိန္ ေရေသာက္ေပးတာက ကုိယ္ခံစြမ္းအားကုိပါေကာင္းမြန္ေစပါတယ္တဲ႔။ေန႔တုိင္းပံုမွန္ေသာက္ေပးသြားတဲ႔အခါ မၾကာခဏဖ်ားေလ့ရွိတဲ႔သူ၊အစာအိမ္နဲ႔ပတ္သက္လို႔ အစားစားျပီးတုိင္းရင္ျပည့္သလုိရင္ကယ္သလိုျဖစ္တတ္တဲ႔သူေတြေတာင္ အဲ႔ဒီလုိမျဖစ္ေတာ့တာကို
ျမင္ေတြ႔ရပါလိမ့္မယ္။

တကယ္ေတာ့ ေရဖန္ခြက္တစ္ခြက္ေသာက္ရမွာမဟုတ္ပါဘူး။ေရဖန္ခြက္ေလးခြက္စာကုိ မနက္မိုးလင္းလုိ႔ သြားမတိုက္ရေသးခင္၊မ်က္ႏွာမသစ္ရေသးခင္၊ဘာမွမစားရေသးခင္ေသာက္ခိုင္းတာပါ။ေရဖန္ခြက္ေလးခြက္က်ေတာ့ စစခ်င္းဘယ္လုိမွမ၀င္ပါဘူး။အဲ႔ဒါေၾကာင့္ ပထမဆုံးေရတစ္ဖန္ခြက္နဲ႔စျပီးေနာက္ရက္ေတြမွာတစ္ခြက္ခ်င္းတုိးတုိးသြားပါ။မနက္တိုင္းေရဖန္ခြက္ေလးခြက္စာေသာက္ႏုိင္ရင္အေကာင္းဆံုးပါပဲ။ေလးခြက္ထိမေသာက္ႏုိင္ဘူးဆုိရင္ေတာင္ ႏွစ္ခြက္ေတာ့အနည္းဆံုးေသာက္ေပးပါလို႔ေျပာခ်င္ပါတယ္။

ျပီးေတာ့ ေရေသာက္ျပီး ေနာက္ထပ္ ၄၅မိနစ္ထိ ဘာမွမစားပါနဲ႔။
၄၅မိနစ္ျပည့္ရင္ေတာ့ ပံုမွန္စားေနက်အတုိင္းမနက္စာ စားနုိင္ပါတယ္။
သတိထားရမွာက မနက္စာ၊ေန႔လည္စာ၊ညစာစားျပီး ေနာက္ထပ္ ၂နာရီအတြင္း ေရေသာက္တာမ်ိဳး၊အစားထပ္စားတာမိ်ဳးမလုပ္ပါနဲ႔တဲ႔။အစာေခ်စနစ္ေတြမွားယြင္းသြားရင္ေတာ့ ဒီလုိအက်ိဳးရလဒ္မ်ိဳးရလာမွာမဟုတ္ပါဘူးေနာ္။

ဒီလုိမ်ိဳး ေန႔တုိင္းပံုမွန္လိုက္နာသြားမယ္ဆုိရင္ တစ္လအတြင္း သင့္ခႏၶာကုိယ္နဲ႔ပတ္သက္လို႔ထူးျခားမႈေတြကုိ ေတြ႔လာရမွာပါ။

Unicode

ဂျပန်လူမျိုးတွေက အသက်ပိုရှည်ပြီးကျန်းမာနုပျိုကြတာ အားလုံးသိထားတဲ့အမှန်တရားတစ်ခုပါ။သူတို့က ကျန်းမာကြသလို အသားအရည်ကအစလှပနေပါတယ်။သူတို့ဘာလို့ အခုလိုနုပျိုကျန်းမာလှပနေကြလဲလို့ လေ့လာကြည့်တဲ့အခါမှာ ဂျပန်လူမျိုးတွေဟာ မနက်မိုးလင်းလို့နိုးလာတဲ့အချိန်မှာ
ပထမဆုံးလုပ်တာက ရေသောက်တာပါပဲတဲ့။ပြီးတော့မှ မျက်နှာသစ်၊သွားတိုက်သန့်ရှင်းရေးလုပ်ကြတာပေါ့။

တစ်ခြားလေ့လာချက်တွေအရလည်း ဒီရိုးရှင်းတဲ့နေ့စဉ်အလေ့အကျင့်လေးတစ်ခုဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ရလဒ်တွေရလာစေတယ်။ဆိုတာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကြောင့်စာဖတ်သူတွေအတွက်လည်း မနက်မိုးလင်းလို့ နိုးလာတဲ့အခါတိုင်း ဘာမှမလုပ်သေးပဲ ရေဖန်ခွက်တစ်ခွက်သောက်ပေးပါလို့အကြံပေးချင်ပါတယ်။ရေသောက်တာပဲ ဘယ်အချိန်သောက်သောက် ကျန်းမာရေးအတွက်ကောင်းတာပဲဆိုပြီးတွေးနေမိနိုင်ပါတယ်။တကယ်တော့အစာအိမ်ထဲမှာ အစားအစာတစ်ခုမှမရှိတဲ့အချိန် ရေတစ်ခွက်သောက်ပေးတာက ကျန်းမာရေးအတွက်ပိုပြီးအကျိုးရှိပါတယ်။ဒါဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်လဲ?

*မနက်မိုးလင်းလို့နိုးလာတဲ့အခါ ပထမဆုံးရေဖန်ခွက်တစ်ခွက်ကိုသောက်လိုက်ပါ။ဒီလိုသောက်ပေးမယ်ဆိုရင် တစ်ပတ်လောက်ကြာတဲ့အခါထူးခြားမှုတစ်ခုတွေ့ရပါမယ်။ဘာလဲဆိုတော့ သင့်ခန္ဓာကိုယ်က အရင်ကထက် ပိုပေါ့ပါးလာပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ်။ခန္ဓာကိုယ်ထဲမှာပြည့်နေတဲ့အဆိပ်အတောက်တွေကင်းစင်သွားသလို ပေါ့ပါးနေပါလိမ့်မယ်။

*အရင်လို တစ်နာရီခြားတစ်ခါဗိုက်ဆာနေတာမျိုးမဖြစ်တော့ပဲ နည်းနည်းလေးစားတာနဲ့အာဟာရပြည့်ဝသွားသလို ခံစားရပါလိမ့်မယ်။သရေစာစားနေကျအချိန်မှာလည်းဗိုက်မဆာတာကိုသတိထားမိပါလိမ့်မယ်။

*မနက်တိုင်း ဗိုက်ထဲမှာအစာမရှိချိန်ရေပုံမှန်သောက်ပေးသွားမယ်ဆိုရင် အစာချေစနစ်ကိုကောင်းမွန်လာစေတဲ့အတွက် ခန္ဓာကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာလည်းအသုံးဝင်လာပါတယ်။အရင်လိုအများကြီးမစားဖြစ်တော့ပေမဲ့ အားပြတ်သွားတာမျိုးလည်းမရှိပဲ သင့်ခန္ဓာကိုယ်ကိုစွမ်းအင်တွေပြည့်နေစေမှာပါ။

*ဘာမှမဟုတ်တဲ့ဒီလှည့်ကွက်လေးတစ်ခုက သင့်ရဲ့အသားအရည်ကိုပိုပြီးစိုပြည်လာစေနိုင်ပါတယ်။အသားအရည်မွဲခြောက်တဲ့သူဆို မနက်တိုင်းရေတစ်ခွက်ပုံမှန်သောက်ပေးပါ။တစ်လလောက်ကြာတဲ့အခါ အသားအရည်က စိုပြည်ကျန်းမာလာတာကိုသတိထားမိပါလိမ့်မယ်။နဂိုအသားအရည်
ကောင်းတဲ့သူဆို အရင်ကထက် ပိုပြီးအသားအရည်က ကြည်လင်လာတာကိုတွေ့ရပါလိမ့်မယ်။ဆံပင်တွေလည်းအရင်လို သိပ်မကျွတ်တော့ပဲ တောက်ပလာတာကိုတွေ့ရပါလိမ့်မယ်။

*ဗိုက်ထဲမှာအစာလုံးဝမရှိတဲ့အချိန် ရေသောက်ပေးတာက ကိုယ်ခံစွမ်းအားကိုပါကောင်းမွန်စေပါတယ်တဲ့။နေ့တိုင်းပုံမှန်သောက်ပေးသွားတဲ့အခါ မကြာခဏဖျားလေ့ရှိတဲ့သူ၊အစာအိမ်နဲ့ပတ်သက်လို့ အစားစားပြီးတိုင်းရင်ပြည့်သလိုရင်ကယ်သလိုဖြစ်တတ်တဲ့သူတွေတောင် အဲ့ဒီလိုမဖြစ်တော့တာကို
မြင်တွေ့ရပါလိမ့်မယ်။

တကယ်တော့ ရေဖန်ခွက်တစ်ခွက်သောက်ရမှာမဟုတ်ပါဘူး။ရေဖန်ခွက်လေးခွက်စာကို မနက်မိုးလင်းလို့ သွားမတိုက်ရသေးခင်၊မျက်နှာမသစ်ရသေးခင်၊ဘာမှမစားရသေးခင်သောက်ခိုင်းတာပါ။ရေဖန်ခွက်လေးခွက်ကျတော့ စစချင်းဘယ်လိုမှမဝင်ပါဘူး။အဲ့ဒါကြောင့် ပထမဆုံးရေတစ်ဖန်ခွက်နဲ့စပြီးနောက်ရက်တွေမှာတစ်ခွက်ချင်းတိုးတိုးသွားပါ။မနက်တိုင်းရေဖန်ခွက်လေးခွက်စာသောက်နိုင်ရင်အကောင်းဆုံးပါပဲ။လေးခွက်ထိမသောက်နိုင်ဘူးဆိုရင်တောင် နှစ်ခွက်တော့အနည်းဆုံးသောက်ပေးပါလို့ပြောချင်ပါတယ်။

ပြီးတော့ ရေသောက်ပြီး နောက်ထပ် ၄၅မိနစ်ထိ ဘာမှမစားပါနဲ့။
၄၅မိနစ်ပြည့်ရင်တော့ ပုံမှန်စားနေကျအတိုင်းမနက်စာ စားနိုင်ပါတယ်။
သတိထားရမှာက မနက်စာ၊နေ့လည်စာ၊ညစာစားပြီး နောက်ထပ် ၂နာရီအတွင်း ရေသောက်တာမျိုး၊အစားထပ်စားတာမျိုးမလုပ်ပါနဲ့တဲ့။အစာချေစနစ်တွေမှားယွင်းသွားရင်တော့ ဒီလိုအကျိုးရလဒ်မျိုးရလာမှာမဟုတ်ပါဘူးနော်။

ဒီလိုမျိုး နေ့တိုင်းပုံမှန်လိုက်နာသွားမယ်ဆိုရင် တစ်လအတွင်း သင့်ခန္ဓာကိုယ်နဲ့ပတ်သက်လို့ထူးခြားမှုတွေကို တွေ့လာရမှာပါ။

220 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.