ပြေပြစ် ချောမွတ်တဲ့အသားရေလေးကို မျက်စိတစ်မှိတ်အတွင်း ရရှိစေမယ့် Skincare Hacks လေးတွေ

မိန်းကလေးတိုင်း ချောမွတ် စိုပြေနူးညံ့တဲ့ အသားရေလေးတွေ ပိုင်ဆိုင်ချင်ကြပါတယ်။ မနက်မိုးလင်း အိပ်ရာထချိန်ကနေ ညအိပ်ရာဝင်တဲ့အထိ သဘာဝတိုင်း လှပဖြူမွတ်နေတဲ့ အသားရေကောင်းလေးကို ပိုင်ဆိုင်ချင်ကြတာ မဆန်းပါဘူး။ ဆိုင်သွားပြီးလုပ်ဖို့ အဆင်မပြေသူများအတွက် ကိုယ်တိုင်အိမ်မှာ အချိန်နည်းနည်းပေးရုံနဲ့ အစွမ်းထက်စေတဲ့ နည်းလမ်းတစ်ချို့ ကို ပြောပြပေးမယ်နော်။😘

Baking soda scrub


မုန့်ဖုတ်ဆော်ဒါက မီးဖိုချောင်ထဲမှာတင် အသုံးဝင်တာမဟုတ်ဘူးနော်။ မိန်းကလေးများရဲ့အသားရေ
အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါထဲ ရေကိုအနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်လေးလုပ်လိုက်ပါ။ မျက်နှာသစ်ပြီးသွားရင် scrub လေးကို မျက်နှာပေါ်ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၀မိနစ်လောက်ထားပြီး ရေးဆေးချလို့ရပါပြီ။ sensitive အသားရည်တွေအတွက် ပိုအသုံးဝင်ပါတယ်။

အသားရည်လေး ညီညာချောမွတ်နေအောင်


ဆား ၊ သကြား ၊ ပျားရည်နဲ့ အုန်းဆီတို့ကို ရောပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ကို လိမ်းပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၁ ခါ ၂ခါလောက်သာ သုံးပေးပါ။ ချွေးပေါက်နဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်နော်။ မျက်နှာက အဆီပြန်တတ်တယ်ဆိုရင် ဆားနဲ့သကြားကိုသာ သုံးပေးပါ။

ညလိမ်း ခရင်မ်


ဗီတာမင် အေပါတဲ့ ညလိမ်းခရင်မ်ကိုသာ အသုံးပြုပေးဖို့ အရေပြားဆရာဝန်တွေကတော့ အကြံပေးထားပါတယ်။ retinol လို့လည်းခေါ်ပါတယ်။ ကိုယ့်ဘာသာ ဗီတာမင် ကြွယ်ဝတဲ့ခရင်မ် ပြုလုပ်လို့လည်းရပါတယ်။ နှင်းဆီရည်လေးနဲ့ မုန်လာဥနီအဆီကိုရောပြီး ညလိမ်းခရင်မ်အဖြစ် အသုံးပြုနိုင်တယ်နော်။ အမာရွတ် ၊ ဝက်ခြံနဲ့ အရေးကြောင်းဖြစ်ခြင်းတို့ကို လျော့ကျစေပါတယ်။

Tea tree oil


Tea tree oil ဟာ ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တယ်လို့ လေ့လာမှုများအရသိရပါတယ်။ အသားရေ နီမြန်းခြင်း ၊ ဝက်ခြံရောင်ကိုင်းခြင်းနဲ့ အခြား အရေပြားပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းနိုင်တယ်။ ဒါကြောင့် ဝက်ခြံသမားတွေအတွက် Tea tree oil လေးကို သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ တစ်ပတ်အတွင်းမှာပဲ မျက်နှာနီမြန်းတာတွေ လျော့ကျပြီး ဝက်ခြံဖုလေးတွေ ချပ်ရပ်သွားပါလိမ့်မယ်။

98 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.