စင်ကာပူမှာ ပထမဆုံးဖျော်ဖြေပွဲအစီစဉ် ပြုလုပ်သွားမယ့် R&B စူပါစတား The Weekend

Grammy ဆုတံဆိပ်ပိုင်ရှင် The Weeknd ကတော့ စင်ကာပူမှာ လာမယ့် ဒီဇင်ဘာလ ၅ရက်နေ့မှာပထမဆုံးအကြိမ် ဖျော်ဖြေပွဲကျင်းပသွားမယ်လို့ သိရပါတယ်။ 🤩🤩

Related image

The Weeknd ရဲ့နာမည်အရင်းက Abel Tesfaye ဖြစ်ပြီး သူ့ရဲ့ Asian Tour အစီစဉ်ကို အင်စတာဂရမ်မှာ ကြေငြာသွားတာဖြစ်ပါတယ်။ ကျင်းပသွားမယ့် နေရာနဲ့ လက်မှတ်အတွက် အသေးစိတ်ကိုတော့ စီစဉ်သူတွေဘက်က အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

https://instagram.com/p/BmcFuxCgFUK/

နိုဝင်ဘာ ၃ဝရက်နေ့ ဟောင်ကောင်မှာ ပထမဆုံးသွားရောက်ဖျော်ဖြေမှာဖြစ်ပြီး ဘန်ကောက် ၊ စင်ကာပူ၊ မနီလာ ၊ ၊ ထိုင်ပေ ၊ ဆိုးလ်နဲ့ တိုကျိုတို့ကို အစီစဉ်လိုက် သွားရောက်မှာဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံး သီချင်းတွေဖြစ်တဲ့ The Hills , I can’t feel my face ,I feel it coming နဲ့ Starboy တို့ဟာ ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်တွေကြား ထိုးဖောက်နိုင်ခဲ့ပါတယ်။ ကဲ… ပြည်ပနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာပြည်သားများအတွက် ​၀မ်းသာစရာသတင်းပါပဲ။ The Weekend ကို အားပေးဖို့ လအနည်းငယ်သာ လိုပါတော့တယ်နော်။ 😊

34 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.