ဒီလိုအမှတ်တရလုပ်ပေးကြဖို့ဆိုတာ တော်ရုံအချစ်ခံရတာလား မတ်မတ်ဂျီဟိုရေ ❤️
ဒီကနေ့ သြဂုတ်လ ၁၅ရက်နေ့က Running Man အဖွဲ့ဝင်မိန်းမချောလေး Song Ji Hyo ရဲ့ အသက် ၃၇နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။၃၇နှစ်လို့မထင်ရလောက်အောင် နုပျိုတယ်ဟုတ် <3 အခုလက်ရှိမှာတော့ Ji Hyo လေးဟာ “Lovely Horribly”ဆိုတဲ့ ဟာသဒရာမာအချစ်ဇာတ်လမ်းတွဲလေးကို မင်းသား Park Shi Hoo ၊ Lee Gi Kwang တို့နဲ့တွဲဖက်ရိုက်ကူးနေပါတယ်။
Image result for running man ji hyo
“Happy birthday Song Ji Hyo” ❤️🎉🎈
Unicode
ဒီကနေ့ သြဂုတ်လ ၁၅ရက်နေ့က Running Man အဖွဲ့ဝင်မိန်းမချောလေး Song Ji Hyo ရဲ ့အသက် ၃ရနှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။၃ရနှစ်လို့မထင်ရလောက်အောင် နုပျိုတယ်ဟုတ် <3 အခုလက်ရှိမှာတော့ Ji Hyo လေးဟာ “Lovely Horribly”ဆိုတဲ့ ဟာသဒရာမာအချစ်ဇာတ်လမ်းတွဲလေးကို မင်းသား Park Shi Hoo ၊ Lee Gi Kwang တို့နဲ့တွဲဖက်ရိုက်ကူးနေပါတယ်။
အမွှန်းတင်ပြီးပြောရမယ်ဆိုရင်ဖြင့် Song Ji Hyo ဟာာ ပရိသတ်တွေရဲ ့အချစ်ခံရတဲ့ မင်းသမီးတစ်လက်ပါ။Running Man မှာလည်း သူမရဲ ့သဘာဝဆန်ဆန်ပြုမူနေထိုင်ပုံတွေက ပရိသတ်တွေမျက်စိထဲမှာချစ်စရာကလေးမလေးတစ်ယောက်လိုဖြစ်နေပါတယ်။အဖွဲ့ဝင်တွေအားလုံးကလည်းသူမကို ချစ်ကြပြီးအူတူတူဂျီလို့်တောင်နာမည်ပေးထားကြပါသေးတယ်။တစ်ခြားသူတွေရဲ့အချစ်ခံရတယ်ဆိုတာ နည်းနည်းနောနောကံကောင်းမှုမှမဟုတ်ပဲ။
အဲ့ဒီမှာမင်းသားချော သြဂုတ်လ ၁၄ရက်နေ့ကတော့ ဇာတ်လမ်းတွဲရိုက်ကူးသူအဖွဲ့သားတွေစုပေါင်းပြီး Ji Hyo အတွက်မွေးနေ့အကြိုပါတီလေးလုပ်ပေးခဲ့ကြပါတယ်တဲ့။Birthday Wish တွေ၊လက်ဆောင်တွေပေးလိုက်ရင်ရပေမဲ့ ဒီလိုမွေးနေ့အကြိုအမှတ်တရလေးလုပ်ပေးတာကိုက အနုပညာမောင်နှမတွေရဲ ့အချစ်တွေစေတနာတွေကိုမြင်တွေ့နေရပါတယ်။မင်းသားLee Gi Kwang ကလည်း မွေးနေ့အတွက် ကတ်တွေ၊လက်ဆောင်တွေကြိုပြီးစီစဉ်ထားချင်ပေမဲ့မလုပ်ရသေးလို့စိတ်မကောင်းဖြစ်ကြောင်းပြောခဲ့ပါသေးတယ်။ပြီးတော့ သူတို့လေးယောက်ထဲမှာ ဘယ်သူက ချစ်ဖို့အကောင်းဆုံးလဲဆိုပြီး ရွေးကြပါသေးတယ်။
Park Shi Hoo က “သူက Song Ji Hyo က ချစ်ဖို့အကောင်းဆုံးလို့ထင်ပါတယ်တဲ့။ဘာလို့လဲဆိုတော့သူမက Nation’s Little Sister ပါ”ဆိုပြီး သူမကိုရွေးချယ်ခဲ့ပါတယ်။အဲ့ဒီအခါမှာ Ji Hyo က ရှက်ရွံ့ဟန်လေးနဲ့ ငါ့အသက်ဘယ်လောက်လဲ နင်သိလို့လား? ဆိုုပြီးမေးခဲ့ပါတယ်။Nation’s Little Sister ဆိုတာ ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကိုဝင်ရောက်ခဲ့တဲ့ ချစ်စရာကောင်းပြီးအပြစ်ကင်းစင်တဲ့အနုပညာရှင်ဆယ်ကျော်သက်လေးတွေကို ခေါ်ဆိုသတ်မှတ်တာဖြစ်ပါတယ်။
မင်းသမီး Eunjung ၊မင်းသား Lee Gi Kwang နဲ့ Song Ji Hyoတို့ကတော့ Park Shi Hoo က ချစ်ဖို့အကောင်းဆုံးပါဆိုပြီးရွေးခဲ့ကြပါတယ်။Ji Hyo က “Park Shi Hoo က သူ့ကိုသူ ချောတယ်၊မိုက်တယ်ထင်ပါလိမ့်မယ်။ဒါပေမဲ့ သူက တကယ်တော့ချစ်ဖို့ကောင်းတာပါ။ရိုက်ကွင်းတစ်ခုလုံးကို သူက အသက်ဝင်စေပါတယ်။ပြီးတော့ သူ့ကိုကြည့်နေရတာနဲ့တင် သဘောတကျရယ်နေရပါတယ်”ဆိုပြီးချီးကျူးခဲ့ပါတယ်။Ji Hyo ရဲ့ မွေးနေ့အကြိုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.