သူဟာ ကိုယ့္အတြက္ခ်စ္သူေကာင္းဟုတ္မဟုတ္ ရန္ျဖစ္တဲ႔အခါ ဒီအခ်က္ေတြနဲ႔တုိက္ၾကည့္ပါ…❤️

ဘယ္လိုျပႆနာမ်ဳိးမွာမဆုိ ေျဖရွင္းနည္းမ်ိဳးစံုရွိပါတယ္။ဒါေပမဲ႔ ခ်ိဳခ်ိဳသာသာသေဘာေပါက္ေအာင္ေျဖရွင္းတာနဲ႔ ေဒါသတၾကီးေအာ္ဟစ္ဆဲဆုိေျဖရွင္းတာမ်ိဳးမွာ သင္ဆုိရင္ေရာ ဘယ္အရာကုိပုိျပီးလိုခ်င္ပါသလဲ? ေသခ်ာေပါက္ ခ်ိဳခ်ိဳသာသာနဲ႔ေအးေအးေဆးေဆးျပီးသြားမယ့္ေျဖရွင္းနည္းမ်ိဳးပဲ
လိုခ်င္ၾကမွာပါ။

ခ်စ္သူရည္းစားတုိင္းလိုလို ရန္မျဖစ္ၾကဘူးရယ္လို႔မရွိပါဘူး။ရန္ျဖစ္ၾကတာပါပဲ။ျပီးရင္လည္း ျပန္ျပီးေျပလည္သြားၾကေရာ။ကြာတာက ရန္ျဖစ္ေနတဲ႔အခိ်န္မွာ သင့္ခ်စ္သူက သင္တစ္ဘ၀လံုးအတြက္ရည္မွန္းထားတဲ႔ခ်စ္သူက သင့္အေပၚဘယ္လိုတံု႔ျပန္လဲဆုိတာပါပဲ။ရန္ျဖစ္တယ္ဆုိကတည္းက တစ္ေယာက္ေယာက္ကမွားေနလုိ႔၊ႏွစ္ေယာက္ၾကားမွာနားလည္မႈလြဲေနလို႔ပါ။ဒါကုိ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်ိန္ညိွျပီးေျဖရွင္းမွ ေျပလည္မွာမဟုတ္လား။

အဲ႔ဒီလုိမဟုတ္ပဲသင့္ခ်စ္သူက ရန္ျဖစ္တဲ႔အခါတိုင္း ဒီအခ်က္ေတြကို အျမဲတမ္းလိုလိုလုပ္တယ္ဆုိရင္ သူက သင္နဲ႔ေရရွည္အဆင္ေျပမယ့္အလားအလာမရွိပါဘူး။ဘယ္ေလာက္ပဲခ်စ္ခ်စ္ ကုိယ့္ဘ၀ကုိလံုျခံဳေအးခ်မ္းမႈေပးႏုိင္တဲ႔သူမ်ိဳးကိုပဲ ပ်ိဳေမတို႔အေနနဲ႔ေရြးခ်ယ္သင့္ပါတယ္။သင့္ခ်စ္သူက ရန္ျဖစ္တဲ႔အခါတိုင္း ဒီအခ်က္ေတြထဲကတစ္ခ်က္ခ်က္ကုိအျမဲလုပ္ေနတတ္သလား?

*ရန္ျဖစ္ေနတုန္း စကားမ်ားေနတုန္း ဆက္မေျပာခ်င္ေတာ့ဘူးဆုိျပီးသင့္ကုိထားျပီးထြက္သြားတယ္။
*သင္လုပ္ခဲ႔တဲ႔အမွားအတြက္ သူခံစားရသလို သင့္ကုိျပန္ျပီးသိမ္ငယ္ခံစားရေအာင္လုပ္တယ္
*အသံက်ယ္က်ယ္နဲ႔ေအာ္ဟစ္ဆဲဆုိတယ္
*သင့္သိကၡာကုိထိခိုက္ေစတဲ႔စကားေတြေျပာတယ္
*တစ္ျခားသူေတြနဲ႔ သင့္ကုိႏိႈင္းႏိႈင္းျပီးေျပာတယ္

*သင္ေျပာသမ်ွ သင္ေျဖရွင္းသမ်ွကို ေလွာင္ရယ္ရယ္တယ္
*ျပႆနာကုိေျဖရွင္းဖုိ႔မၾကိဳးစားပဲ ပုိျပီးၾကီးမားလာေအာင္လုပ္တယ္
*သူတုိ႔ရဲ႔ အမွားကုိ တာ၀န္မယူ မေျဖရွင္းပဲ ဘာသိဘာသာေနတယ္
*ရန္ျဖစ္တဲ႔အခါတုိင္း သင္နဲ႔ခ်စ္သူျဖစ္ရတာပဲေနာင္တရသလိုလို၊သင္က တန္ဖုိးမရွိသလို ေျပာဆုိဆက္ဆံတတ္တယ္
*ရန္ျဖစ္တုိင္း လက္ပါတတ္တယ္။ျပီးမွ ျပန္ေတာင္းပန္တယ္

ဒီလုိအခ်က္ေတြထဲက တစ္ခ်က္ခ်က္မ်ား သင့္ခ်စ္သူက သင့္အေပၚအျမဲျပဳမူေနတယ္ဆုိရင္ သင္တို႔ရဲ႔ အခ်စ္ေရး ေရွ႔ဆက္ဖုိ႔ကုိေသခ်ာစဥ္းစားသင့္ပါတယ္။သင့္ခ်စ္သူက ဒီလုိမ်ိဳးအခ်က္ေတြမလုပ္ဘူးဆုိရင္ေတာ့ သင္က ကံေကာင္းတဲ႔မိန္းကေလးတစ္ေယာက္ပါပဲ။ကုိယ့္အေပၚတကယ္ခ်စ္တဲ႔သူ၊တကယ္နားလည္ခ်စ္ျမတ္ႏုိးတဲ႔သူဆုိတာ ရန္ျဖစ္တဲ႔အခ်ိန္မွာေတာင္ ကုိယ္နားလည္လက္ခံလာတဲ႔အထိေျပာျပရွင္းျပတဲ႔သူမ်ိဳး၊သူတုိ႔မွားရင္လည္းကိုယ္ေက်နပ္တဲ႔အထိ ေတာင္းပန္ရွင္းျပတာမ်ိဳးပါ ❤️ 

Unicode

ဘယ်လိုပြဿနာမျိုးမှာမဆို ဖြေရှင်းနည်းမျိုးစုံရှိပါတယ်။ဒါပေမဲ့ ချိုချိုသာသာသဘောပေါက်အောင်ဖြေရှင်းတာနဲ့ ဒေါသတကြီးအော်ဟစ်ဆဲဆိုဖြေရှင်းတာမျိုးမှာ သင်ဆိုရင်ရော ဘယ်အရာကိုပိုပြီးလိုချင်ပါသလဲ? သေချာပေါက် ချိုချိုသာသာနဲ့အေးအေးဆေးဆေးပြီးသွားမယ့်ဖြေရှင်းနည်းမျိုးပဲ
လိုချင်ကြမှာပါ။

ချစ်သူရည်းစားတိုင်းလိုလို ရန်မဖြစ်ကြဘူးရယ်လို့မရှိပါဘူး။ရန်ဖြစ်ကြတာပါပဲ။ပြီးရင်လည်း ပြန်ပြီးပြေလည်သွားကြရော။ကွာတာက ရန်ဖြစ်နေတဲ့အချိန်မှာသင့်ချစ်သူက သင်တစ်ဘဝလုံးအတွက်ရည်မှန်းထားတဲ့ချစ်သူက သင့်အပေါ်ဘယ်လိုတုံ့ပြန်လဲဆိုတာပါပဲ။ရန်ဖြစ်တယ်ဆိုကတည်းက တစ်ယောက်ယောက်ကမှားနေလို့၊နှစ်ယောက်ကြားမှာနားလည်မှုလွဲနေလို့ပါ။ဒါကို တစ်ယောက်နဲ့တစ်ယောက် ချိန်ညှိပြီးဖြေရှင်းမှ ပြေလည်မှာမဟုတ်လား။အဲ့ဒီလိုမဟုတ်ပဲသင့်ချစ်သူက ရန်ဖြစ်တဲ့အခါတိုင်း ဒီအချက်တွေကို အမြဲတမ်းလိုလိုလုပ်တယ်ဆိုရင် စိတ်မကောင်ပါဘူး။သူက သင်နဲ့ရေရှည်အဆင်ပြေမယ့်အလားအလာမရှိပါဘူး။ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ဘဝကိုလုံခြုံအေးချမ်းမှုပေးနိုင်တဲ့သူမျိုးကိုပဲ ပျိုမေတို့အနေနဲ့ရွေးချယ်သင့်ပါတယ်။
သင့်ချစ်သူက ရန်ဖြစ်တဲ့အခါတိုင်း ဒီအချက်တွေထဲကတစ်ချက်ချက်ကိုအမြဲလုပ်နေတတ်သလား?

*ရန်ဖြစ်နေတုန်း စကားများနေတုန်း ဆက်မပြောချင်တော့ဘူးဆိုပြီးသင့်ကိုထားပြီးထွက်သွားတယ်။
*သင်လုပ်ခဲ့တဲ့အမှားအတွက် သူခံစားရသလို သင့်ကိုပြန်ပြီးသိမ်ငယ်ခံစားရအောင်လုပ်တယ်
*အသံကျယ်ကျယ်နဲ့အော်ဟစ်ဆဲဆိုတယ်
*သင့်သိက္ခာကိုထိခိုက်စေတဲ့စကားတွေပြောတယ်
*တစ်ခြားသူတွေနဲ့ သင့်ကိုနှိုင်းနှိုင်းပြီးပြောတယ်
*သင်ပြောသမျှ သင်ဖြေရှင်းသမျှကို လှောင်ရယ်ရယ်တယ်
*ပြဿနာကိုဖြေရှင်းဖို့မကြိုးစားပဲ ပိုပြီးကြီးမားလာအောင်လုပ်တယ်
*သူတို့ရဲ့ အမှားကို တာဝန်မယူ မဖြေရှင်းပဲ ဘာသိဘာသာနေတယ်
*ရန်ဖြစ်တဲ့အခါတိုင်း သင်နဲ့ချစ်သူဖြစ်ရတာပဲနောင်တရသလိုလို၊သင်က တန်ဖိုးမရှိသလို ပြောဆိုဆက်ဆံတတ်တယ်
*ရန်ဖြစ်တိုင်း လက်ပါတတ်တယ်။ပြီးမှ ပြန်တောင်းပန်တယ်

ဒီလိုအချက်တွေထဲက တစ်ချက်ချက်များ သင့်ချစ်သူက သင့်အပေါ်အမြဲပြုမူနေတယ်ဆိုရင် သင်တို့ရဲ့ အချစ်ရေး ရှေ့ဆက်ဖို့ကိုသေချာစဉ်းစားသင့်ပါတယ်။သင့်ချစ်သူက ဒီလိုမျိုးအချက်တွေမလုပ်ဘူးဆိုရင်တော့ သင်က ကံကောင်းတဲ့မိန်းကလေးတစ်ယောက်ပါပဲ။ကိုယ့်အပေါ်တကယ်ချစ်တဲ့သူ၊တကယ်နားလည်ချစ်မြတ်နိုးတဲ့သူဆိုတာ ရန်ဖြစ်တဲ့အချိန်မှာတောင် ကိုယ်နားလည်လက်ခံလာတဲ့အထိပြောပြရှင်းပြတဲ့သူမျိုး၊သူတို့မှားရင်လည်းကိုယ်ကျေနပ်တဲ့အထိ တောင်းပန်ရှင်းပြတာမျိုးပါ  ❤️

494 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.