ထိုင်းနိုင်ငံက ပရိတ်သတ်တွေကြောင့် မျက်ရည်တွေမဆယ်နိုင်ဖြစ်ခဲ့ရတဲ့ Lisa

Lisa-Thailand-03

Cosmetic brand တစ်ခုက event အတွက် ထိုင်းနိုင်ငံသို့ Blackpink အဖွဲ့ အလည်ပတ်ရောက်ရှိလာခဲ့ပါတယ်။ ခရီးစဉ်ကတော့ ၂ရက်လောက်ပဲကြာတာပါ။ ဒါပေမယ့် သူမတို့အဖွဲ့ကို အားပေးတဲ့ ပရိတ်သတ်တွေက ထင်ထားတာထက် ပိုပြီးများပြားနေခဲ့တာကိုတွေ့ရပါတယ်။

Lisa-Thailand-05

နောက်ဆုံးတစ်ရက်မှာ Lisa တစ်ယောက်မျက်ရည်တွေ မထိန်းနိုင်တော့ပဲ ပရိတ်သတ်တွေရှေ့မှာ
ငိုချပါတော့တယ်။ Lisa ကိုကြိုဆိုတဲ့ ထိုင်းပရိတ်သတ်တွေကြောင့် ဟတ်ထိသွားတာရယ်၊ သူမရဲ့မွေးရပ်ဇာတိမြေမှာ ကျင်းပတဲ့ ပထမဆုံး solo event ကို တက်ရောက်ခွင့်ရတာကြောင့် ရင်ထဲပျော်ပြီးငိုခဲ့တာပါ။

Lisa-Thailand-00

Lisa-Thailand-01

ပရိတ်သတ်တွေကလည်း သူမခံစားချက်ကို နားလည်တယ်။ ဒါကြောင့်လည်း ချစ်တာပါလို့ တွစ်တာမှာ တွစ်ထားကြတာတွေလည်းတွေ့ရပါတယ်။ Yang Hyun Suk ကလည်း အားပေးတဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ” ဘန်ကောက်က Groove Central World မှာကျင်းပခဲ့တဲ့ moonshot X LISA ပွဲမှာ အားပေးခဲ့ကြတဲ့ Thai Blinks တွေအရမ်းကျေးဇူးတင်ပါတယ် ” – Yang Hyun Suk

143 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.