သတ်မှတ်ဘောင်အတွင်းက ထွက်ပြီး မင်းရဲ့ Adventure Bucket List ကိုဖြည့်ဆည်းပါတော့

စိတ်ထဲကနေ ဆန္ဒပြင်းပြစွာ ဘဝမှာတစ်ခါလောက်လုပ်ဖူးချင်တဲ့ အရာမျိုးရှိလား ။ အဲ့ဒီအရာဟာ
မိဘတွေကြောင့် (သို့) ပိုက်ဆံအခြေအနေကြောင့် စသဖြင့် မျိုးစုံသော အကြောင်းပြချက်တွေကြောင့်မလုပ်ဖြစ်လိုက်ရတာတွေရှိပါတယ်။ သူများတွေကြည့်လိုက်ရင် လုပ်ချင်ရာလုပ်၊ စားချင်တာ စားရပြီးပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနေရတာ ကိုယ်တိုင်ကျတော့ရော ဘာလို့မဖြစ်နိုင်ရမှာလဲလို့ရော တွေးဖူးလား?

ပုံသေကားချပ်ဘဝလို စိတ်လှုပ်ရှားစရာ ၊ပျော်ရွှင်စရာမရှိတဲ့အရာတွေကနေ ခွဲထွက်ပြီး အတွေ့ကြုံသစ်တွေနဲ့ မထိတွေ့ချင်ဘူးလား။ ကိုယ်တိုင်ဆန္ဒရှိတဲ့ဘဝမှာနေထိုင်နိုင်ဖို့ ဘာတွေက မင်းကိုတားဆီးနေတာလဲ ?သေချာစဉ်းစားပြီး အဖြေရှာပါ။ အဖြေတွေ့ပြီဆိုရင် ဖြေရှင်းနိုင်ရမှာပေါ့။ မင်းရဲ့စိတ်ခွန်အားတွေကို တစ်ဖန်ပြန်လည်ဆန်းသစ်စေမယ့် activity တစ်ချို့ ကို ပြောပြပေးလိုက်ပါတယ်။

Do the thing we fear, and death of fear is certain.  – Ralph Waldo Emerson

 

Skydiving 

Related image
Skydiving က ဒီမှာတော့ လူသိများလာကြပါပြီ။ လေယာဉ်ပေါ်ကနေ ဟိုးအောက်ကို ခုန်ချရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတော့ လုပ်ဖူးတဲ့သူပဲ သိမှာပေါ့။ အရာတစ်ခုဟာ ကိုယ်တိုင်လက်တွေ့မလုပ်ဖူးပဲနဲ့ မသိနိုင်ဘူး။ သူများကို လိုက်မေးနေရုံနဲ့ မင်းဘာကိုမှ သိနိုင်မှာမဟုတ်ဘူး။ သေချာသိချင်ရင် ကိုယ်တိုင်တောင် အရဲစွန့်ပြီး ဒီအတွေ့ကြုံကို ခံစားလိုက် ။ USA Skydiving မှာ ဆုတံဆိပ်ရရှိဖူးတဲ့ Lori Steffen က ” ကိုယ်ကြောက်တဲ့အရာနဲ့ ရင်ဆိုင်လိုက်လို့ ကျော်လွှားသွားနိုင်ရင် ဘာနဲ့မှမတူတဲ့ ခံစားချက်ကို ရှင်ရမယ်။ ဘဝမှာ ဒီလောက်ကောင်းတဲ့ အခိုက်တန့်မျိုး မင်းဘယ်တော့မှ ထပ်ရနိုင်မှာမဟုတ်ဘူး။ တကယ့်ကို လွတ်လပ်ခြင်းရဲ့နက်ရှိုင်းတဲ့ ခံစားမှုပါပဲ ” လို့ ပြောခဲ့ပါတယ်။

Tattoo

Related image
Bucket lists ဆိုတိုင်း ရူးရူးမိုက်မိုက်တွေလုပ်ရမယ်လို့ မဟုတ်ပါဘူး။ တစ်ချို့ က tattoo ကို ရူးသွပ်တဲ့သူရှိသလို တစ်ချို့ ကလည်း tattoo ဆိုတာ မကောင်းတဲ့လူတွေ ထိုးတာလို့ တစ်သတ်မတ်တည်း တွေးထားကြတယ်။ ကိုယ့်ဘဝရဲ့  မမေ့နိုင်တဲ့လူတစ်ယောက် ၊ အမှတ်တရနေ့စွဲ နဲ့ အစားထိုးမရနိုင်တဲ့ အရာတွေကို ကိုယ်အရေပြားပေါ် ထိုးသွင်းပြီးမှတ်တမ်းလုပ်ထားခြင်းဟာ စွန့်စားလွန်းရာရောက်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ အမြင်မတူဘူးပေါ့လေ။ မင်းသမီး Lea Michele ကပြောခဲ့ဖူးတယ် ။ ” ဒီအမှတ်တရတွေက ကိုယ်တိုင်ပြန်လှည့်ပြီး သွားကြည့်လို့မရတော့ဘူး။ ကိုယ့်အတွက်ဘဝမှာ အရေးပါဆုံးအရာကို အရေပြားပေါ်မှာ သေတဲ့အချိန်ထိတော့ သယ်ဆောင်သွားချင်တယ်။ မိနစ်ပိုင်းလောက်ပဲ နာတာပါ။ ဘာမှမဖြစ်ဘူး.. ကျွန်မတော့ ဒီလိုနာကျင်မှုအတွက် အရမ်းကျေနပ်တယ် ”

Paintballing

Image result for paintballing
Paintball ကို ဘာလို့ဆော့သင့်လဲဆိုတော့ ဒီဂိမ်းဟာ အသက်ရွယ် လူမျိုးမရွေး ကစားနိုင်တဲ့ sport တစ်ခုဖြစ်တယ်။ ဆော့ကြည့်လိုက်ရင် ဘယ်လောက်ပျော်ဖို့ကောင်းတယ်ဆိုတာ သိပါလိမ့်မယ်။ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ စမ်းကြည့်သင့်တဲ့ အရာတစ်ခုပါ။ paintball ကိုကာကွယ်ဖို့ ဝတ်စုံအပြည့်စုံရယ် ၊ သေနတ်တွေနဲ့ ဆိုတော့ စစ်တိုက်ရတာကို ကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင် စစ်မြေပြင်ကြီးထဲ ရောက်နေသလို ခံစားရမှာပါ။ နောက်တစ်ခုကတော့ ဒီsport ဟာ မင်းရဲ့ကြွက်သားတွေအတွက် ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းဖြစ်စေပါတယ်။ ကိုယ့်ကို အပစ်မခံရအောင် ဘယ်လိုရှောင်တိမ်းကာကွယ်မလဲ ၊ ရန်သူတွေကို ထိအောင်ပစ်ခတ်ဖို့ အနေထားအမှန်အောင်လုပ်ရချိန်ဟာ မင်းဦးနှောက်ကို တော်တော်အလုပ်ပေးရမှာပါ။ အားလုံးကို ခြုံငုံပြီးသုံးသပ်လိုက်ရင်တော့ ဘဝမှာ တစ်ကြိမ်တစ်ခါတော့သွားဆော့ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

Public speaker

Related image
သိရသလောက် အမေရိကန်လူမျိုးတွေ အကြောက်ဆုံးက public speaking လုပ်ရမှာကိုပဲတဲ့။ သူတို့ဆီမှာ ငယ်ငယ်လေးတည်းက ကလေးတွေကို အတန်းရှေ့ စကားထွက်ပြောခိုင်းပြီး လူမကြောက်အောင်လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ public speaking တစ်ယောက်ဖြစ်ဖို့ ဘာလို့ ကြောက်ရတာလဲ ။ အဓိကကတော့ စင်ကိုကြောက်တာပါ။ အပေါ်ရောက်လို့ အောက်က လူအုပ်က ကိုယ့်ကိုလှမ်းကြည့်နေရင် ခြေဖျား လက်ဖျားတွေတုန်ပြီး စကားတွေ အထစ်တာမျိုး ကြုံဖူးပါတယ်။ အကြောက်တရား ရှိနေရင် ဘာလုပ်လုပ် မဖြစ်ထွန်းပါဘူး။ ဒီလူတွေလည်း သူလို ကိုယ်လိုပဲ ။ ဘာမှထူးထူးခြားခြား ခမ်းနားနေတာမျိုးမရှိပါဘူး။ ငါ စင်ပေါ်တက်လိုက်လို့ လူတွေ ငါ့ကိုဘယ်လိုထင်ကုန်မလဲလို့ တွေးပြီး စိုးရိမ်နေတာမလား ။ ကဲ .. ဒါဆို အခုချိန်ကစပြီး အကြောက်တရားကို ရင်ဆိုင်ပြီး စင်ပေါ်မှာ ခေါင်းမော့ ၊ ရင်ကော့ မားမားမတ်မတ် ရပ်လိုက်ပါတော့ ။ လူတွေဟာ မလုပ်ခင်သာတွေးပြီး စိုးရိမ်တတ်ကြတာပါ။ လုပ်ကြည့်ပြီးလို့ အရသာတွေ့သွားရော စင်ပေါ်က ဆင်းပါဆိုတာတောင် မဆင်းချင်ဘူး။ တစ်ခါ ၊ နှစ်ခါလောက် လုပ်ကြည့်လို့ ရဲသွားရင် ဒါကိုထပ်လုပ်ဖို့ ​ဝန်မလေးဘူး။ ဘယ်လိုမှကို မနေတော့တာပါ။

ကျွန်တော်တို့ အားလုံးမှာ ဖြစ်ချင်တဲ့အိပ်မက်တွေ ကိုယ်စီရှိပြီးသားပါ။ အချိန်ဆွဲမနေပါနဲ့ … ဘဝကတိုတောင်းလွန်းလို့ အခုချက်ချင်းပဲ စပြီးအကောင်ထည်ဖော်လိုက်ပါတော့။ အကြောက်တရားတွေနဲ့ များများရင်ဆိုင်ပါ။ bucket list ဆိုတာ စိန်ခေါ်ပွဲတစ်ခုပါပဲ။ ကိုယ့်ကိုကိုယ် စိန်ခေါ်လိုက်ပါ.. စွန့်စားခန်းတွေ ရဲရဲဝင့်ဝင့် ဖွင့်ချလိုက်ပါ..

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.