သင့္မွာလည္း OCD ဆုိတဲ႔စိတ္ေရာဂါအႏုစားတစ္မ်ိဳး ရွိေနႏုိင္ပါတယ္…🤔

OCD ဆုိတဲ႔စိတ္ေရာဂါအနုစားတစ္မ်ိဳးက လူတုိင္းနီးပါးမွာရွိေနတတ္ပါတယ္။Obsessive-Compulsive Disorder (OCD)လုိ႔ေခၚတဲ႔ စိတ္ေရာဂါအႏုစားဆုိတာ လြယ္လြယ္ေျပာရရင္ေတာ့ အလြန္အကြ်ံစြဲလမ္းမႈလို႔ေျပာရမလားပဲ။မီးခလုတ္ပိတ္ျပီးသားကုိ ပိတ္ျပီးျပီလားမသိဘူးဆုိျပီး ထပ္ခါထပ္ခါသြားစစ္မိေနတာမ်ိဳး၊ကားတံခါးေလာ့ခ္ခ်ခဲ႔ေပမဲ႔ ေလာ့ခ္ခ်ခဲ႔ရဲ႔လားဆုိျပီး ခဏခဏသြားသြားစစ္ေနတာမ်ိဳးကလည္း OCD တစ္မ်ိဳးပါပဲ။ေမ့တာလည္းမဟုတ္ပဲထပ္ျပီးေသခ်ာေအာင္လုပ္ေနတာမ်ိဳးပါ။မီးဖုိကုိ ပိတ္ခဲ႔ရဲ႔လားလို႔ အခါ ၂၀ေလာက္စစ္ေနမယ္။လက္ေဆးျပီးသားကုိ မေျပာင္ေသးဘူးဆုိျပီး အခါ ၂၀ေလာက္ေဆးေနတယ္ဆုိရင္ ဒါက သင့္မွာ OCDဆုိတဲ႔ေရာဂါရွိေနပါျပီ !

စိတ္ကုိမထိန္းခ်ဳပ္ႏုိင္တာမ်ိဳးေပါ့။မလိုအပ္တဲ႔အေတြးေတြက သင့္ေခါင္းထဲမွာရွိေနမယ္။သင္က ဒီလုိမ်ိဳးမျဖစ္ခ်င္ဘူးဆုိရင္ေတာင္ သင့္ရဲ႔စိတ္ကုိမထိန္းႏုိင္ပဲ လုပ္မိေနတာပါ။OCD ဆုိတာ ဘယ္လိုပံုစံမ်ိဳးေတြလဲ။လူေတာ္ေတာ္မ်ားမ်ားက ဒီအခ်က္ေတြထဲက တစ္ခ်က္ခ်က္နဲ႔ျငိစြန္းေနတတ္ပါတယ္။

Image result for Obsessive-Compulsive Disorder (OCD)

*ဘာနဲ႔ပဲထိလိုက္ ထိလိုက္ ေရာဂါပုိးမႊားေတြကပ္တြယ္လာမွာစုိးလို႔ လက္ကိုအထပ္ထပ္အခါခါေဆးမိေနတယ္။အသန္႔ၾကိဳက္ေရာဂါတစ္မ်ိဳးေပါ့။
*စစ္ေဆးျပီးသားအရာတစ္ခုကုိ စစ္ျပီးျပီးဆုိတာေသခ်ာရဲ႔လားသိရေအာင္ ထပ္ခါထပ္ခါသြားသြားစစ္ေနတယ္(တံခါးပိတ္ျပီးသားကုိ ပိတ္ျပီးရဲ႔လား ခဏခဏသြားသြားစစ္ေနတာမ်ိဳး)
*အလုပ္ကိစၥတစ္ခုမေအာင္ျမင္ဘူး၊မျပည့္စံုေသးဘူးဆုိရင္ တစ္ခုခုဆုိး၀ါးတာပဲျဖစ္လာေတာ့မလုိေတြးျပီးေၾကာက္ေနတယ္။ဒါမွမဟုတ္ အျပစ္ေပးခံရမယ္ဆုိျပီးေတြးျပီးေၾကာက္ေနတယ္။
*ဂဏန္းေတြ၊အေရာင္ေတြ၊အျပင္အဆင္ေတြနဲ႔ပတ္သက္ျပီး Serious ျဖစ္တယ္။ဥပမာ ဗီရုိထဲက အက်ီေတြကုိ အေရာင္အလိုက္စီတာမ်ိဳး၊ဘယ္ႏွစ္ထည္အလိုက္စီတာမ်ိဳး၊ဧည့္ခန္းထဲက ပစၥည္းေတြ ဒီေန႔ဒီေနရာမွာဆုိ ေနာက္ေန႔လည္းဒီေနရာမွာပဲထားတယ္။ေရြ႔ေနလည္းျပန္စီတယ္။စာအုပ္ေတြစီရင္လည္း ဒီေန႔ဒီစာအုပ္က ေအာက္ဆံုးမွာ ေနာက္ေန႔လည္းေအာက္ဆံုးမွာပဲျပန္ထားတာမ်ိဳးကုိေျပာတာပါ။
*ကုိယ့္ဆီမွာမလိုတာတစ္ခုခုကုိ မသံုးေတာ့ဘူး။လႊင့္ပစ္ရမယ္ဆုိရင္ေတာင္ လႊင့္ပစ္လိုက္တဲ႔အခါ တစ္ခုခုအဆင္မေျပတာျဖစ္လာမလားဆုိျပီးစုိးရိမ္ေနတယ္။ျပီးေတာ့ ကုိယ္မလိုလည္း ပစၥည္းေတြကုိလႊင့္မပစ္ပဲ စုထားတတ္တယ္။အမိႈက္အစ အသံုး၀င္လာမလားမသိဘူးဆုိျပီးစုေဆာင္းထားတတ္တယ္။

*သန္႔ရွင္းေရးလုပ္ရင္လည္း ေခ်ာင္ၾကိဳေခ်ာင္ၾကားကအစေျပာင္ရွင္းေနမွ၊အမိႈက္တစ္စေတြ႔ရင္ေတာင္ မသန္႔ရွင္းေသးဘူးဆုိျပီးထပ္လွည္းေနတာမ်ိဳး၊ဘယ္အရာမဆုိ တိတိက်က်ျဖစ္ခ်င္ေနတာမ်ိဳး။

ဒီထဲကတစ္ခ်က္ခ်က္နဲ႔ျငိစြန္းေနရင္ေတာင္ ေန႔တုိင္းလိုလိုမဟုတ္ဘူးဆုိရင္ေတာ့ သင့္မွာ OCD မရွိဘူးလို႔ယူဆလို႔ရပါတယ္။ဒါေပမဲ႔ ေန႔တုိင္းလိုလိုဒီအခ်က္ေတြထဲကတစ္ခ်က္ခ်က္အတိုင္း အျမဲျဖစ္ေနမယ္ဆုိရင္ေတာ့ သင့္ရဲ႔ ေန႔စဥ္ဘ၀မွာ ဒါၾကီးကစိတ္ဖိစီးမႈတစ္ခုျဖစ္ေနပါျပီ။စိတ္ဖိစီးမႈမ်ားလာတာက သင့္က်န္းမာေရးအတြက္မေကာင္းသလို ေရရွည္အတြက္လည္း အဆင္မေျပႏုိင္ပါဘူး။ဒါေၾကာင့္ ဒီ OCD စိတ္ေရာဂါအႏုစားကုိ ဘယ္လိုရင္ဆုိင္ရမလဲဆုိတာေျပာျပေပးပါမယ္။

တကယ္လို႔ သင့္မွာ အေပၚကေျပာခဲ႔တဲ႔အခ်က္ေတြအတိုင္း တစ္ခ်က္မကျဖစ္ေနတယ္ဆုိရင္ သင္လုပ္ရမွာက အဲ႔ဒီစိတ္ကုိ အလိုမလိုက္ဖုိ႔ပါပဲ။ဥပမာ သင္က တံခါးကုိေသခ်ာေလာ့ခ္ခ်ခဲ႔တယ္။ဟုတ္ျပီ။ဒါေပမဲ့ ၁၀မိနစ္ေလာက္ၾကာေတာ့ တံခါးကုိသြားျပန္စစ္ခ်င္လာမယ္။သင့္စိတ္ထဲမွာေသခ်ာျပီးသားအရာဆုိေပမဲ႔ ထပ္ျပီးေသခ်ာေအာင္လုပ္ခ်င္စိတ္ျဖစ္လာမယ္။ေကာင္းျပီ။အဲ႔ဒါဆုိ သြားျပန္စစ္ၾကည့္လိုက္။ဒုတိယတစ္ခါလည္းသြားျပန္စစ္ၾကည့္ျပီးသားကုိမွ ထပ္ျပီးစစ္ခ်င္လာတဲ႔စိတ္ေပၚလာျပီဆုိရင္ေတာ့ သင့္စိတ္ကုိအာရံုလႊဲဖုိ႔လိုလာပါျပီ။ဘယ္လိုလႊဲရမလဲဆုိေတာ့…ေအာက္ဆင္းျပီးလမ္းသြားေလ်ွာက္လိုက္တာမ်ိဳး၊ေလ့က်င့္ခန္းတစ္ခုႏွစ္ခုထလုပ္လိုက္တာမ်ိဳး၊သီခ်င္းနားေထာင္တာ၊စာဖတ္တာ၊ရုပ္ရွင္ၾကည့္တာ၊ဂိမ္းကစားတာ၊ဖုန္းေျပာတာမ်ိဳးနဲ႔ သြားျပန္စစ္ခ်င္တဲ႔စိတ္ကုိအာရံုလႊဲပါ။

အနည္းဆံုး ၁၅မိနစ္ေလာက္ အာရံုလႊဲထားလိုက္ပါ။အဲ႔ဒါဆုိရင္ အရင္ကလို ခ်က္ခ်င္းသြားသြားျပန္စစ္ေနတာမ်ိဳးမျဖစ္ေတာ့ပဲ စိတ္ကုိထိန္းခ်ဳပ္ႏုိင္လာပါလိမ့္မယ္။၁၅မိနစ္ကေန နာရီ၀က္၊နာရီ၀က္ကေန တစ္နာရီစသျဖင့္ အာရံုလႊဲတာအခ်ိန္ၾကာေလေလ သင့္ရဲ ႔အလြန္အကြ်ံျဖစ္ေနတဲ႔စိတ္ပူပန္မႈၾကီးကုိ ထိန္းခ်ဳပ္ႏုိင္လာပါလိမ့္မယ္။အဲ႔ဒီလုိပဲတစ္ျခားအခ်က္ေတြသင့္မွာရွိေနရင္လည္း နည္းနည္းခ်င္းစီခ်ိဳးေဖာက္ၾကည့္ပါ။ကုိယ့္အတြက္မလိုတာေတြကို နည္းနည္းခ်င္းစီၾကိဳးစားျပီးလႊင့္ပစ္ပါ။သင္စိုးရိမ္ထားသလိုမျဖစ္လာဘူးဆုိတာ လကေ္တြ႔စမ္းသပ္ၾကည့္ပါ။

ဒီနည္းေလးေတြနဲ႔ပဲ ျဖည္းျဖည္းခ်င္းသင့္ရဲ ႔OCD ကုိၾကိဳးစားျပီးေဖ်ာက္သင့္ပါတယ္။

Unicode

OCD ဆိုတဲ့စိတ်ရောဂါအနုစားတစ်မျိုးက လူတိုင်းနီးပါးမှာရှိနေတတ်ပါတယ်။Obsessive-Compulsive Disorder (OCD)လို့ခေါ်တဲ့ စိတ်ရောဂါအနုစားဆိုတာ လွယ်လွယ်ပြောရရင်တော့ အလွန်အကျွံစွဲလမ်းမှုလို့ပြောရမလားပဲ။မီးခလုတ်ပိတ်ပြီးသားကို ပိတ်ပြီးပြီလားမသိဘူးဆိုပြီး ထပ်ခါထပ်ခါသွားစစ်မိနေတာမျိုး၊ကားတံခါးလော့ခ်ချခဲ့ပေမဲ့ လော့ခ်ချခဲ့ရဲ့လားဆိုပြီး ခဏခဏသွားသွားစစ်နေတာမျိုးကလည်း OCD တစ်မျိုးပါပဲ။မေ့တာလည်းမဟုတ်ပဲထပ်ပြီးသေချာအောင်လုပ်နေတာမျိုးပါ။မီးဖိုကို ပိတ်ခဲ့ရဲ့လားလို့ အခါ ၂ဝလောက်စစ်နေမယ်။လက်ဆေးပြီးသားကို မပြောင်သေးဘူးဆိုပြီး အခါ ၂ဝလောက်ဆေးနေတယ်ဆိုရင် ဒါက သင့်မှာ OCDဆိုတဲ့ရောဂါရှိနေပါပြီ !

စိတ်ကိုမထိန်းချုပ်နိုင်တာမျိုးပေါ့။မလိုအပ်တဲ့အတွေးတွေက သင့်ခေါင်းထဲမှာရှိနေမယ်။သင်က ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုရင်တောင် သင့်ရဲ့စိတ်ကိုမထိန်းနိုင်ပဲ လုပ်မိနေတာပါ။OCD ဆိုတာ ဘယ်လိုပုံစံမျိုးတွေလဲ။လူတော်တော်များများက ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ငြိစွန်းနေတတ်ပါတယ်။

*ဘာနဲ့ပဲထိလိုက် ထိလိုက် ရောဂါပိုးမွှားတွေကပ်တွယ်လာမှာစိုးလို့ လက်ကိုအထပ်ထပ်အခါခါဆေးမိနေတယ်။အသန့်ကြိုက်ရောဂါတစ်မျိုးပေါ့။
*စစ်ဆေးပြီးသားအရာတစ်ခုကို စစ်ပြီးပြီးဆိုတာသေချာရဲ့လားသိရအောင် ထပ်ခါထပ်ခါသွားသွားစစ်နေတယ်(တံခါးပိတ်ပြီးသားကို ပိတ်ပြီးရဲ့လား ခဏခဏသွားသွားစစ်နေတာမျိုး)
*အလုပ်ကိစ္စတစ်ခုမအောင်မြင်ဘူး၊မပြည့်စုံသေးဘူးဆိုရင် တစ်ခုခုဆိုးဝါးတာပဲဖြစ်လာတော့မလိုတွေးပြီးကြောက်နေတယ်။ဒါမှမဟုတ် အပြစ်ပေးခံရမယ်ဆိုပြီးတွေးပြီးကြောက်နေတယ်။
*ဂဏန်းတွေ၊အရောင်တွေ၊အပြင်အဆင်တွေနဲ့ပတ်သက်ပြီး Serious ဖြစ်တယ်။ဥပမာ ဗီရိုထဲက အကျီတွေကို အရောင်အလိုက်စီတာမျိုး၊ဘယ်နှစ်ထည်အလိုက်စီတာမျိုး၊ဧည့်ခန်းထဲက ပစ္စည်းတွေ ဒီနေ့ဒီနေရာမှာဆို နောက်နေ့လည်းဒီနေရာမှာပဲထားတယ်။ရွေ့နေလည်းပြန်စီတယ်။စာအုပ်တွေစီရင်လည်း ဒီနေ့ဒီစာအုပ်က အောက်ဆုံးမှာ နောက်နေ့လည်းအောက်ဆုံးမှာပဲပြန်ထားတာမျိုးကိုပြောတာပါ။
*ကိုယ့်ဆီမှာမလိုတာတစ်ခုခုကို မသုံးတော့ဘူး။လွှင့်ပစ်ရမယ်ဆိုရင်တောင် လွှင့်ပစ်လိုက်တဲ့အခါ တစ်ခုခုအဆင်မပြေတာဖြစ်လာမလားဆိုပြီးစိုးရိမ်နေတယ်။ပြီးတော့ ကိုယ်မလိုလည်း ပစ္စည်းတွေကိုလွှင့်မပစ်ပဲ စုထားတတ်တယ်။အမှိုက်အစ အသုံးဝင်လာမလားမသိဘူးဆိုပြီးစုဆောင်းထားတတ်တယ်။

*သန့်ရှင်းရေးလုပ်ရင်လည်း ချောင်ကြိုချောင်ကြားကအစပြောင်ရှင်းနေမှ၊အမှိုက်တစ်စတွေ့ရင်တောင် မသန့်ရှင်းသေးဘူးဆိုပြီးထပ်လှည်းနေတာမျိုး၊ဘယ်အရာမဆို တိတိကျကျဖြစ်ချင်နေတာမျိုး။

ဒီထဲကတစ်ချက်ချက်နဲ့ငြိစွန်းနေရင်တောင် နေ့တိုင်းလိုလိုမဟုတ်ဘူးဆိုရင်တော့ သင့်မှာ OCD မရှိဘူးလို့ယူဆလို့ရပါတယ်။ဒါပေမဲ့ နေ့တိုင်းလိုလိုဒီအချက်တွေထဲကတစ်ချက်ချက်အတိုင်း အမြဲဖြစ်နေမယ်ဆိုရင်တော့ သင့်ရဲ့ နေ့စဉ်ဘဝမှာ ဒါကြီးကစိတ်ဖိစီးမှုတစ်ခုဖြစ်နေပါပြီ။စိတ်ဖိစီးမှုများလာတာက သင့်ကျန်းမာရေးအတွက်မကောင်းသလို ရေရှည်အတွက်လည်း အဆင်မပြေနိုင်ပါဘူး။ဒါကြောင့် ဒီ OCD စိတ်ရောဂါအနုစားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပြောပြပေးပါမယ်။

တကယ်လို့ သင့်မှာ အပေါ်ကပြောခဲ့တဲ့အချက်တွေအတိုင်း တစ်ချက်မကဖြစ်နေတယ်ဆိုရင် သင်လုပ်ရမှာက အဲ့ဒီစိတ်ကို အလိုမလိုက်ဖို့ပါပဲ။ဥပမာ သင်က တံခါးကိုသေချာလော့ခ်ချခဲ့တယ်။ဟုတ်ပြီ။ဒါပေမဲ့ ၁ဝမိနစ်လောက်ကြာတော့ တံခါးကိုသွားပြန်စစ်ချင်လာမယ်။သင့်စိတ်ထဲမှာသေချာပြီးသားအရာဆိုပေမဲ့ ထပ်ပြီးသေချာအောင်လုပ်ချင်စိတ်ဖြစ်လာမယ်။ကောင်းပြီ။အဲ့ဒါဆို သွားပြန်စစ်ကြည့်လိုက်။ဒုတိယတစ်ခါလည်းသွားပြန်စစ်ကြည့်ပြီးသားကိုမှ ထပ်ပြီးစစ်ချင်လာတဲ့စိတ်ပေါ်လာပြီဆိုရင်တော့ သင့်စိတ်ကိုအာရုံလွှဲဖို့လိုလာပါပြီ။ဘယ်လိုလွှဲရမလဲဆိုတော့…အောက်ဆင်းပြီးလမ်းသွားလျှောက်လိုက်တာမျိုး၊လေ့ကျင့်ခန်းတစ်ခုနှစ်ခုထလုပ်လိုက်တာမျိုး၊သီချင်းနားထောင်တာ၊စာဖတ်တာ၊ရုပ်ရှင်ကြည့်တာ၊ဂိမ်းကစားတာ၊ဖုန်းပြောတာမျိုးနဲ့ သွားပြန်စစ်ချင်တဲ့စိတ်ကိုအာရုံလွှဲပါ။

အနည်းဆုံး ၁၅မိနစ်လောက် အာရုံလွှဲထားလိုက်ပါ။အဲ့ဒါဆိုရင် အရင်ကလို ချက်ချင်းသွားသွားပြန်စစ်နေတာမျိုးမဖြစ်တော့ပဲ စိတ်ကိုထိန်းချုပ်နိုင်လာပါလိမ့်မယ်။၁၅မိနစ်ကနေ နာရီဝက်၊နာရီဝက်ကနေ တစ်နာရီစသဖြင့် အာရုံလွှဲတာအချိန်ကြာလေလေ သင့်ရဲ ့အလွန်အကျွံဖြစ်နေတဲ့စိတ်ပူပန်မှုကြီးကို ထိန်းချုပ်နိုင်လာပါလိမ့်မယ်။အဲ့ဒီလိုပဲတစ်ခြားအချက်တွေသင့်မှာရှိနေရင်လည်း နည်းနည်းချင်းစီချိုးဖောက်ကြည့်ပါ။ကိုယ့်အတွက်မလိုတာတွေကို နည်းနည်းချင်းစီကြိုးစားပြီးလွှင့်ပစ်ပါ။သင်စိုးရိမ်ထားသလိုမဖြစ်လာဘူးဆိုတာ လကေ်တွ့စမ်းသပ်ကြည့်ပါ။

ဒီနည်းလေးတွေနဲ့ပဲ ဖြည်းဖြည်းချင်းသင့်ရဲ ့OCD ကိုကြိုးစားပြီးဖျောက်သင့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.