EXO အဖြဲ႔ကုိ ဘယ္ေလာက္မုန္းမုန္း ဒီလုိေတာ့မလုပ္သင့္ဘူးထင္ပါတယ္…😧

EXO-L ေတြကေတာ့ အေတာ္ေလးကုိေဒါသျဖစ္ေနၾကပါျပီ။သိပ္မၾကာေသးခင္က EXO အဖြဲ႔ဟာ Macau ေဒသမွာ ေဖ်ာ္ေျဖပြဲက်င္းပခဲ့တယ္လို႔သိရျပီး အဲ႔ဒီေဖ်ာ္ေျဖပြဲမွာ Anti-exo တစ္ေယာက္ရဲ ႔မေက်နပ္စြာတိုက္ခိုက္မႈကုိခံခဲ႔ရတယ္လို႔သိရပါတယ္။

ေဖ်ာ္ေျဖေနစဥ္အခ်ိန္အတြင္းမွာ EXO အဖြဲ႔၀င္ေတြကုိ တစ္ေယာက္ေယာက္က ေလဆာမီးနဲ႔ထိုးခဲ႔တာကုိ  ပြဲလာၾကည့္တဲ႔ EXO-L ေတြက သတိထားမိခဲ႔ပါတယ္။စတိတ္ေပၚမွာေဖ်ာ္ေျဖေနစဥ္အတြင္း Anti-exo တစ္ေယာက္က EXO အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔ Sehun ရဲ႔မ်က္ႏွာတည့္တည့္ကုိေလဆာမီးနဲ႔အဆက္မျပတ္ထုိးေနခဲ႔တာျဖစ္ပါတယ္။

ျပီးေတာ့က်န္တဲ႔အဖြဲ႔၀င္ေတြရဲ ႔မ်က္ႏွာ၊မ်က္လံုးအနီးကုိ လိုက္ျပီးခ်ိန္ဆထုိးေနခဲ႔တာျဖစ္တယ္လို႔သိရပါတယ္။ဒီလုိေလဆာမီးနဲ႔မ်က္လံုးကုိထုိးေနတာဟာ အႏၱရာယ္လည္းမ်ားသလို ရိုင္းစိုင္းတဲ႔အျပဳအမူတစ္ခုပါပဲ။မ်က္လံုးထဲကုိေလဆာမီးေရာင္၀င္ရင္မ်က္လံုးဒဏ္ရာျဖစ္သြားႏိုင္သလုိ ေလဆာမီးျပင္းရင္ျပင္းသေလာက္ အျမင္အာရံုကိုဆုိးဆုိး၀ါး၀ါးထိခိုက္သြားေစႏုိင္ပါတယ္။လူတစ္ေယာက္ကုိဘယ္ေလာက္မုန္းမုန္း၊မၾကိဳက္ဘူးဆုိဆုိ  ဒီလိုအႏၱရာယ္ျဖစ္ေစေလာက္တဲ႔အျပဳအမူလုပ္တာမ်ိဳးေတာ့ မျဖစ္သင့္ဘူးထင္ပါတယ္။

EXO အဖြဲ႔၀င္ေတြဟာလည္း မ်က္လံုးကုိေလဆာနဲ႔ထုိးခံရတဲ႔အခိ်န္မွာ ေဖ်ာ္ေျဖေနဆဲျဖစ္လို႔ ဘာမွမလုပ္ႏုိင္ပဲ မ်က္လံုးကုိလက္နဲ႔သာပြတ္ခဲ႔ရတာကုိျမင္ေတြ႔ရပါတယ္။ကံေကာင္းစြာနဲ႔ အဖြဲ႔၀င္ေတြအားလံုး ထိခိုက္မႈျပင္းထန္တာမရွိခဲ႔ဘူးလို႔သိရပါတယ္။EXO-L တစ္ေယာက္ကေတာ့ “ေလဆာမီးနဲ႔အဖြဲ႔၀င္ေတြရဲ႔ မ်က္လံုးကုိထုိးေနတာ လံုျခံဳေရးေတြက ဘယ္ေနရာေတြေရာက္ေနပါလဲ?ေလဆာမီးထုိးေနတဲ႔သူကုိရွာျပီး ေဖ်ာ္ေျဖပြဲထဲကဆြဲထုတ္ပစ္ရမွာကုိ။ဒါက EXO ေတြရဲ ႔ေဖ်ာ္ေျဖပြဲျဖစ္လို႔ EXO-L ေတြအတြက္ပါပဲ။ဘာလို႔ Anti-exo က ဒီေဖ်ာ္ေျဖပြဲကိုေရာက္ေနရတာလဲ၊ကေလးဆန္တဲ႔အျပဳအမူေတြကုိရပ္သင့္ျပီ”ဆုိျပီးေဒါသတၾကီးေရးသားထားခဲ႔ပါတယ္။

တစ္ခိ်ဳ႔ကလည္း “EXO ကုိမၾကိဳက္ရင္ ဘာလို႔ဒီေဖ်ာ္ေျဖပြဲအတြက္လက္မွတ္၀ယ္ေနရေသးတာလဲ။သူတုိ႔ကုိမၾကိဳက္ဘူးဆုိလာမၾကည့္နဲ႔ေပါ့။အခ်ိန္ေပးျပီးပုိက္ဆံကုန္ခံျပီးေတာင္ ေလဆာမီးနဲ႔လိုက္ျပီးအႏၱရာယ္ေပးေနတာကုိ တကယ္နားမလည္ႏုိင္ဘူး”ဆုိျပီးေကာမန္႔ေတြေရးသားထားပါတယ္။

Source:Koreaboo

Unicode

EXO-L တွေကတော့ အတော်လေးကိုဒေါသဖြစ်နေကြပါပြီ။သိပ်မကြာသေးခင်က EXO အဖွဲ့ဟာ Macau ဒေသမှာ ဖျော်ဖြေပွဲကျင်းပခဲ့တယ်လို့သိရပြီး အဲ့ဒီဖျော်ဖြေပွဲမှာ Anti-exo တစ်ယောက်ရဲ ့မကျေနပ်စွာတိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့သိရပါတယ်။

ဖျော်ဖြေနေစဉ်အချိန်အတွင်းမှာ EXO အဖွဲ့ဝင်တွေကို တစ်ယောက်ယောက်က လေဆာမီးနဲ့ထိုးခဲ့တာကို  ပွဲလာကြည့်တဲ့ EXO-L တွေက သတိထားမိခဲ့ပါတယ်။စတိတ်ပေါ်မှာဖျော်ဖြေနေစဉ်အတွင်း Anti-exo တစ်ယောက်က EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sehun ရဲ့မျက်နှာတည့်တည့်ကိုလေဆာမီးနဲ့အဆက်မပြတ်ထိုးနေခဲ့တာဖြစ်ပါတယ်။

ပြီးတော့ကျန်တဲ့အဖွဲ့ဝင်တွေရဲ ့မျက်နှာ၊မျက်လုံးအနီးကို လိုက်ပြီးချိန်ဆထိုးနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုလေဆာမီးနဲ့မျက်လုံးကိုထိုးနေတာဟာ အန္တရာယ်လည်းများသလို ရိုင်းစိုင်းတဲ့အပြုအမူတစ်ခုပါပဲ။မျက်လုံးထဲကိုလေဆာမီးရောင်ဝင်ရင်မျက်လုံးဒဏ်ရာဖြစ်သွားနိုင်သလို လေဆာမီးပြင်းရင်ပြင်းသလောက် အမြင်အာရုံကိုဆိုးဆိုးဝါးဝါးထိခိုက်သွားစေနိုင်ပါတယ်။လူတစ်ယောက်ကိုဘယ်လောက်မုန်းမုန်း၊မကြိုက်ဘူးဆိုဆို  ဒီလိုအန္တရာယ်ဖြစ်စေလောက်တဲ့အပြုအမူလုပ်တာမျိုးတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

EXO အဖွဲ့ဝင်တွေဟာလည်း မျက်လုံးကိုလေဆာနဲ့ထိုးခံရတဲ့အချိန်မှာ ဖျော်ဖြေနေဆဲဖြစ်လို့ ဘာမှမလုပ်နိုင်ပဲ မျက်လုံးကိုလက်နဲ့သာပွတ်ခဲ့ရတာကိုမြင်တွေ့ရပါတယ်။ကံကောင်းစွာနဲ့ အဖွဲ့ဝင်တွေအားလုံး ထိခိုက်မှုပြင်းထန်တာမရှိခဲ့ဘူးလို့သိရပါတယ်။EXO-L တစ်ယောက်ကတော့ “လေဆာမီးနဲ့အဖွဲ့ဝင်တွေရဲ့ မျက်လုံးကိုထိုးနေတာ လုံခြုံရေးတွေက ဘယ်နေရာတွေရောက်နေပါလဲ?လေဆာမီးထိုးနေတဲ့သူကိုရှာပြီး ဖျော်ဖြေပွဲထဲကဆွဲထုတ်ပစ်ရမှာကို။ဒါက EXO တွေရဲ ့ဖျော်ဖြေပွဲဖြစ်လို့ EXO-L တွေအတွက်ပါပဲ။ဘာလို့ Anti-exo က ဒီဖျော်ဖြေပွဲကိုရောက်နေရတာလဲ၊ကလေးဆန်တဲ့အပြုအမူတွေကိုရပ်သင့်ပြီ”ဆိုပြီးဒေါသတကြီးရေးသားထားခဲ့ပါတယ်။

တစ်ချို့ကလည်း “EXO ကိုမကြိုက်ရင် ဘာလို့ဒီဖျော်ဖြေပွဲအတွက်လက်မှတ်ဝယ်နေရသေးတာလဲ။သူတို့ကိုမကြိုက်ဘူးဆိုလာမကြည့်နဲ့ပေါ့။အချိန်ပေးပြီးပိုက်ဆံကုန်ခံပြီးတောင် လေဆာမီးနဲ့လိုက်ပြီးအန္တရာယ်ပေးနေတာကို တကယ်နားမလည်နိုင်ဘူး”ဆိုပြီးကောမန့်တွေရေးသားထားပါတယ်။

Source:Koreaboo

443 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.