Jennie လေးကတော့ Running Man အစီစဉ်ကနေ ပရိတ်သတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်သွားပြန်လေပြီ

Blackpink အဖွဲ့ဝင် Jennie ပါဝင်ကစားတဲ့ Running Man အစီစဉ်တွေဆို ပရိတ်သတ်တွေ ဘယ်တော့မှမမေ့နိုင်မယ့် အမှတ်တရလေးတစ်ခုစီတော့ ဖန်တီးခဲ့စမြဲပါပဲ။ ပုံမှန်ဆို Jennie ဟာ ဘယ်လိုလူမျိုးလဲဆိုတာ သေချာမသိနိုင်ပေမယ့် အရင်တခေါက်က သရဲအိမ်ထဲဝင်တဲ့အပိုင်းမှာဆို ကလေးတစ်ယောက်လိုငိုနေတဲ့အဖြစ်ပျက်ဟာ ပရိတ်သတ်တွေ သဘောကျမဆုံးဖြစ်ခဲ့ရပါတယ်။

Image result for BLACKPINK’s Jennie Returns To Running Man

အခုလည်း Running Man အစီစဉ်မှာ ဧည့်သည်အဖြစ် ဖိတ်ကြားခံရပြန်လေတယ်။ သူမက ကျောက်တုံး၊ စာရွက် ၊ ကတ်ကြေး လုပ်တိုင်း ဂိမ်းမှာဆို အမြဲတမ်းနိုင်လေ့ရှိတယ်လို့ ပြောပြခဲ့တယ်။ ဟုတ်လား ၊ မဟုတ်လားဆိုတာ အခြား ဧည့်သည်တစ်ယောက်ဖြစ်တဲ့ Jin Ki Joo နဲ့ ကစားချိန်မှာတော့ စစချင်းမှာတင် အရှက်ကွဲပါလေတော့တယ်။

သူမပြောတာ လွဲသွားပြီဆိုတာသိပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်နေရင်းကနေ မနေနိုင်တော့လို့ ထရယ်ခဲ့တယ်။ နောက်တော့ pajamas တွေထည့်ထားတဲ့ ဘူးတွေကိုရွေးချယ်ခိုင်းတဲ့အခါ သူမရွေးချယ်မိတဲ့ ဘူးက animal-theme pajama ကြီးဖြစ်နေပြန်တယ်။ ဘယ်လိုတောင် Jennie တစ်ယောက်ကံကောင်းနေလဲဆိုတာ .. xD

ဒါပေမယ့် baby shark-themed pajama လေးဝတ်လိုက်ပြန်တော့လည်း တစ်မျိုးချစ်ဖို့ ကောင်းနေတာတွေ့ရပြန်တယ်။

သစ်ကုလားအုတ် (ဂွမ်ဆူ)နဲ့ ယှဉ်လိုက်တော့ ကလေးလေး ကျနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ချစ်ဖို့ကောင်းတယ်ဟုတ် …

 

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.