သင့္မွာ ဒီလုိ Fake Friend ေတြရွိေနျပီလား? 🤨

တျဖည္းျဖည္းအသက္အရြယ္ရလာတာနဲ႔အမ်ွ ဘ၀ၾကီးထဲမွာ အေပါင္းအသင္းေတြမ်ားလာပါတယ္။အေပါင္းအသင္းေတြမ်ားလာတယ္ဆုိေပမ႔ဲ တကယ့္အစစ္အမွန္ေတြကေတာ့ နည္းသြားတာပါ။အေပါင္းအသင္းေတြအမ်ားၾကီးထဲမွာ ကုိယ္ကေတာ့ ကုိယ့္အတြက္သူငယ္ခ်င္းေကာင္းလို႔ထင္ထားေပမဲ႔ တကယ္တမ္းက်ေတာ့ Fake ၾကီးျဖစ္ေနတတ္တယ္ဆုိတာလည္း ေမ့ထားလုိ႔မရပါဘူး။အဲ႔ဒီလုိျဖစ္တဲ႔အခါ ကုိယ့္စိတ္ထဲလည္းဘယ္ေကာင္းႏုိင္မလဲေနာ္။အဲ႔ဒါေၾကာင့္ Trend ပရိသတ္ၾကီးအတြက္ ကုိယ့္အေပၚမေကာင္းတဲ႔ သူငယ္ခ်င္းေတြကုိ ဘ၀ထဲက ဖယ္ထုတ္ႏုိင္ဖုိ႔ ဘယ္လိုမ်ိဳးက Fake Friend လဲဆုိတာျပန္ျပီးမ်ွေ၀ေျပာျပေပးသြားပါမယ္။

*သင္တစ္ေယာက္တည္းရွိတဲ႔အခ်ိန္ဆုိ သင့္အေပၚကုိေကာင္းတယ္။ဒါေပမဲ႔ ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္ေယာက္နဲ႔ခင္မင္မိျပီဆုိသူတုိ႔က သင့္ထက္ သူငယ္ခ်င္းအသစ္ကုိပဲ ပုိေကာင္းေနမယ္။သူငယ္ခ်င္းအသစ္နဲ႔ပဲ ေလ်ွာက္သြားေလ်ွာက္လာေနမယ္။Fake Friend ေတြကသူတုိ႔လိုအပ္တဲ႔အခိ်န္မွသာ သင့္အေပၚကုိေကာင္းတာပါ။

*သင့္ေရွ႔မွာေတာ့ တစ္မ်ိဳး၊သင့္ေနာက္ကြယ္ေရာက္ရင္ေတာ့ သင့္အေၾကာင္းကုိအတင္းေျပာမယ္။အတင္းေျပာတယ္ဆုိတဲ႔ေနရာမွာလည္းကြာပါေသးတယ္။တကယ္မဟုတ္ပဲနဲ႔ အပုပ္ခ်ျပီးေျပာတာမ်ိဳးလည္းရွိသလုိ တကယ့္အမွန္ကုိမ်ွေ၀တာမ်ိဳးလည္းရွိပါတယ္။သင့္ေရွ႔မွာေတာ့ သင္ကဘယ္လိုေတာ္ေၾကာင္း၊ေကာင္းေၾကာင္းေျပာျပီးသင့္ေနာက္ကြယ္မွာေတာ့တစ္ျခားသူငယ္ခ်င္းေတြကုိ သင့္မေကာင္းေၾကာင္း အပုပ္ခ်ေျပာဆုိေနမယ္ဆုိရင္ေတာ့ ဒါက သူငယ္ခ်င္းေကာင္းမဟုတ္သလို သူငယ္ခ်င္းလို႔ေတာင္ေျပာလုိ႔မရပါဘူး။

*စာေမးပြဲမွာျဖစ္ေစ၊အလုပ္ကိစၥမွာျဖစ္ေစ သင့္မွာေအာင္ျမင္မႈေတြရလာတဲ႔အခါ၊ခ်ီးက်ဴးခံရတာေတြၾကံဳရတဲ႔အခါ သင့္ရဲ ႔ေပ်ာ္ရႊင္မႈေတြကုိ မေ၀မ်ွႏုိင္ပဲျဖစ္ေနမယ္။သင္ေတာ္လို႔မဟုတ္ပဲ ကံေကာင္းသြားတာဘာညာေျပာေနမယ္။သင့္အတြက္ဂုဏ္ျပဳစကားေလးေတာင္မေျပာႏုိင္ပဲ သင့္ရဲ႔ ေအာင္ျမင္မႈကုိ မနာလိုျဖစ္ေနမယ္ဆုိရင္ေတာ့ သူတုိ႔ကုိ သင့္ဘ၀ထဲက ထုတ္ပစ္သင့္ေနပါျပီ။တကယ့္သူငယ္ခ်င္းေကာင္းဆုိတာ ေပ်ာ္ရႊင္မႈကုိေ၀မ်ွခံစားေပးျပီးဂုဏျ္ပဳခ်ီးက်ဴးေပးတဲ႔သူေတြပါ။

*သင္လိုအပ္တဲ႔အခ်ိန္ေခၚရင္ေတာ့ တစ္ေယာက္မွမလာၾကပဲ သူတုိ႔လိုအပ္မွ သင့္ကုိလာေခၚတာမ်ိဳးကိုေတာ့ ႏုိးလို႔သာေျပာလိုက္ပါ။သင့္ကုိ အြန္လုိင္းမွာေတြ႔လို႔သာေခၚလုိက္မယ္။စကားေျပာလိုက္မယ္။ဒါေပမဲ႔ သူတုိ႔ သင့္ဆီကတစ္ခုခုလိုအပ္တဲ႔အခါက်မွ သင့္ေရွ႔ကိုေရာက္လာပါလိမ့္မယ္။သင္အကူအညီလိုတယ္ဆုိရင္ေတာ့ဟုိအေၾကာင္းျပ၊ဒီအေၾကာင္းျပနဲ႔ မခိုင္လံုတဲ႔အေၾကာင္းေတြျပေနမွာ Fake Friend ေတြပါပဲ။

*သူငယ္ခ်င္းေကာင္းဆုိတာ တစ္ေယာက္နဲ႔တစ္ေယာက္တုိင္ပင္ၾကတယ္။ေဆြးေႏြးၾကတယ္။အၾကံဥာဏ္ေတြေပးၾကပါတယ္။ဒါေပမဲ႔ သင့္အနားမွာမေကာင္းတဲ႔သူငယ္ခ်င္းေတြရွိေနတယ္ဆုိရင္ေတာ့ သူတုိ႔က သင္ေျပာတဲ႔စကားထက္ သူတုိ႔စကားအတုိင္းပဲစီစဥ္လုိက္ၾကပါလိမ့္မယ္။သင္ေပးတဲ႔အၾကံေတြကုိလည္းသူတုိ႔က ဂရုမစုိက္ဘူး။ၾကာလာေတာ့ သင္က သူတုိ႔ၾကားမွာ လူပုိၾကီးတစ္ေယာက္လိုျဖစ္ေနတယ္လို႔ေတာင္ခံစားေနရပါလိမ့္မယ္။သင့္အေပၚမေကာင္းတဲ႔လူေတြနားမွာ ဘာလို႔ေနေနေတာ့မွာလဲ။သူတုိ႔ဆီကထြက္လာခဲ႔ပါ။သင့္အတြက္ တကယ္ေကာင္းတဲ႔သူငယ္ခ်င္းေတြေရာက္လာပါလိမ့္မယ္။သူငယ္ခ်င္းေကာင္းေတြဆုိတာ ဘယ္ေလာက္ရန္ျဖစ္ျဖစ္ အခ်ိန္တန္ရင္ စိတ္ေျပျပီးအရင္အတုိင္းေပ်ာ္ရႊင္ၾကတဲ႔ဘ၀ေလးဖန္တီးႏုိင္သူေတြပါ။

ကုိယ္က ဘယ္ေလာက္ခင္ခင္ သူတုိ႔ဘက္က ကုိယ့္အေပၚထားတဲ႔စိတ္မမွန္ကန္ဘူးဆုိတာသိျပီဆုိရင္ေတာ့ ေတြေ၀မေနပဲ သူတုိ႔နဲ႔ခပ္ကင္းကင္းသာေနလုိက္ပါလို႔။သင္က သူတုိ႔ထက္ေကာင္းတဲ႔သူငယ္ခ်င္းေတြရဖုိ႔ ထုိက္တန္ပါတယ္။

Unicode

တဖြည်းဖြည်းအသက်အရွယ်ရလာတာနဲ့အမျှ ဘဝကြီးထဲမှာ အပေါင်းအသင်းတွေများလာပါတယ်။အပေါင်းအသင်းတွေများလာတယ်ဆိုပေမဲ့ တကယ့်အစစ်အမှန်တွေကတော့ နည်းသွားတာပါ။အပေါင်းအသင်းတွေအများကြီးထဲမှာ ကိုယ်ကတော့ ကိုယ့်အတွက်သူငယ်ချင်းကောင်းလို့ထင်ထားပေမဲ့ တကယ်တမ်းကျတော့ Fake ကြီးဖြစ်နေတတ်တယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး။အဲ့ဒီလိုဖြစ်တဲ့အခါ ကိုယ့်စိတ်ထဲလည်းဘယ်ကောင်းနိုင်မလဲနော်။အဲ့ဒါကြောင့် Trend ပရိသတ်ကြီးအတွက် ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်းတွေကို ဘဝထဲက ဖယ်ထုတ်နိုင်ဖို့ ဘယ်လိုမျိုးက Fake Friend လဲဆိုတာပြန်ပြီးမျှဝေပြောပြပေးသွားပါမယ်။

*သင်တစ်ယောက်တည်းရှိတဲ့အချိန်ဆို သင့်အပေါ်ကိုကောင်းတယ်။ဒါပေမဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ခင်မင်မိပြီဆိုသူတို့က သင့်ထက် သူငယ်ချင်းအသစ်ကိုပဲ ပိုကောင်းနေမယ်။သူငယ်ချင်းအသစ်နဲ့ပဲ လျှောက်သွားလျှောက်လာနေမယ်။Fake Friend တွေကသူတို့လိုအပ်တဲ့အချိန်မှသာ သင့်အပေါ်ကိုကောင်းတာပါ။

*သင့်ရှေ့မှာတော့ တစ်မျိုး၊သင့်နောက်ကွယ်ရောက်ရင်တော့ သင့်အကြောင်းကိုအတင်းပြောမယ်။အတင်းပြောတယ်ဆိုတဲ့နေရာမှာလည်းကွာပါသေးတယ်။တကယ်မဟုတ်ပဲနဲ့ အပုပ်ချပြီးပြောတာမျိုးလည်းရှိသလို တကယ့်အမှန်ကိုမျှဝေတာမျိုးလည်းရှိပါတယ်။သင့်ရှေ့မှာတော့ သင်ကဘယ်လိုတော်ကြောင်း၊ကောင်းကြောင်းပြောပြီးသင့်နောက်ကွယ်မှာတော့တစ်ခြားသူငယ်ချင်းတွေကို သင့်မကောင်းကြောင်း အပုပ်ချပြောဆိုနေမယ်ဆိုရင်တော့ ဒါက သူငယ်ချင်းကောင်းမဟုတ်သလို သူငယ်ချင်းလို့တောင်ပြောလို့မရပါဘူး။

*စာမေးပွဲမှာဖြစ်စေ၊အလုပ်ကိစ္စမှာဖြစ်စေ သင့်မှာအောင်မြင်မှုတွေရလာတဲ့အခါ၊ချီးကျူးခံရတာတွေကြုံရတဲ့အခါ သင့်ရဲ ့ပျော်ရွှင်မှုတွေကို မဝေမျှနိုင်ပဲဖြစ်နေမယ်။သင်တော်လို့မဟုတ်ပဲ ကံကောင်းသွားတာဘာညာပြောနေမယ်။သင့်အတွက်ဂုဏ်ပြုစကားလေးတောင်မပြောနိုင်ပဲ သင့်ရဲ့ အောင်မြင်မှုကို မနာလိုဖြစ်နေမယ်ဆိုရင်တော့ သူတို့ကို သင့်ဘဝထဲက ထုတ်ပစ်သင့်နေပါပြီ။တကယ့်သူငယ်ချင်းကောင်းဆိုတာ ပျော်ရွှင်မှုကိုဝေမျှခံစားပေးပြီးဂုဏြ်ပုချီးကျူးပေးတဲ့သူတွေပါ။

*သင်လိုအပ်တဲ့အချိန်ခေါ်ရင်တော့ တစ်ယောက်မှမလာကြပဲ သူတို့လိုအပ်မှ သင့်ကိုလာခေါ်တာမျိုးကိုတော့ နိုးလို့သာပြောလိုက်ပါ။သင့်ကို အွန်လိုင်းမှာတွေ့လို့သာခေါ်လိုက်မယ်။စကားပြောလိုက်မယ်။ဒါပေမဲ့ သူတို့ သင့်ဆီကတစ်ခုခုလိုအပ်တဲ့အခါကျမှ သင့်ရှေ့ကိုရောက်လာပါလိမ့်မယ်။သင်အကူအညီလိုတယ်ဆိုရင်တော့ဟိုအကြောင်းပြ၊ဒီအကြောင်းပြနဲ့ မခိုင်လုံတဲ့အကြောင်းတွေပြနေမှာ Fake Friend တွေပါပဲ။

*သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ကြတယ်။ဆွေးနွေးကြတယ်။အကြံဉာဏ်တွေပေးကြပါတယ်။ဒါပေမဲ့ သင့်အနားမှာမကောင်းတဲ့သူငယ်ချင်းတွေရှိနေတယ်ဆိုရင်တော့ သူတို့က သင်ပြောတဲ့စကားထက် သူတို့စကားအတိုင်းပဲစီစဉ်လိုက်ကြပါလိမ့်မယ်။သင်ပေးတဲ့အကြံတွေကိုလည်းသူတို့က ဂရုမစိုက်ဘူး။ကြာလာတော့ သင်က သူတို့ကြားမှာ လူပိုကြီးတစ်ယောက်လိုဖြစ်နေတယ်လို့တောင်ခံစားနေရပါလိမ့်မယ်။သင့်အပေါ်မကောင်းတဲ့လူတွေနားမှာ ဘာလို့နေနေတော့မှာလဲ။သူတို့ဆီကထွက်လာခဲ့ပါ။သင့်အတွက် တကယ်ကောင်းတဲ့သူငယ်ချင်းတွေရောက်လာပါလိမ့်မယ်။သူငယ်ချင်းကောင်းတွေဆိုတာ ဘယ်လောက်ရန်ဖြစ်ဖြစ် အချိန်တန်ရင် စိတ်ပြေပြီးအရင်အတိုင်းပျော်ရွှင်ကြတဲ့ဘဝလေးဖန်တီးနိုင်သူတွေပါ။

ကိုယ်က ဘယ်လောက်ခင်ခင် သူတို့ဘက်က ကိုယ့်အပေါ်ထားတဲ့စိတ်မမှန်ကန်ဘူးဆိုတာသိပြီဆိုရင်တော့ တွေဝေမနေပဲ သူတို့နဲ့ခပ်ကင်းကင်းသာနေလိုက်ပါလို့။သင်က သူတို့ထက်ကောင်းတဲ့သူငယ်ချင်းတွေရဖို့ ထိုက်တန်ပါတယ်။

129 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.