” အပြာရောင် ကမ္ဘာ”လေးထဲမှာ တစ်သက်တာနေနိုင်မယ့် လျှို့ ဝှက်ချက်

ဘဝကို ပြည့်ပြည့်ဝဝနဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်သူတွေဟာ အပြာရောင်ဇုန်လေးထဲမှာရှိတယ်လို့ သိပံ္ပပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

အပြာရောင် ကမ္ဘာဆိုတာ ဘာလဲ ?

Light blue hands in a dark blue sea...
Dan Buettner ရဲ့The Blue Zones Solution ဆိုတဲ့ စာအုပ်လေးထဲမှာ အပြာရောင် ကမ္ဘာလေးဆိုတာပုံမှန်လူသားတွေထက် ပိုပြီး ကျန်းမာပျော်ရွှင်စွာ အသက်ရှည်ရှည်နေနိုင်တဲ့သူတွေပဲ ရှိတဲ့ ကမ္ဘာငယ်တစ်ခုလို့ လှလှပပလေး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ကဲ ဒီလိုအပြာရောင် ကမ္ဘာလေးထဲမှာရော မနေချင်တဲ့သူရှိမလား ။ လူတိုင်း စိတ်ချမ်းသာစွာ နေချင်ကြတာပေါ့။ ဒါဆို ကြည်ပြာရီလီနေတဲ့ အပြာရောင် ကမ္ဘာလေးထဲမယ် လူသားတိုင်းနေနိုင်မယ့် လျှို့ ဝှက်ချက်တစ်ချို့ ကို ပြောပြပေးမယ်နော် ။

ကိုယ့်ဆန္ဒ ကိုယ်သိပါစေ

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ကိုယ်တိုင်သိနေရင် မင်းဟာဘဝမှာ ပြည့်ဝစွာနေထိုင်နိုင်ဖို့ အားသာချက်တစ်ခုပိုင်ဆိုင်သွားပါပြီ။ နေ့စဉ် မနက်မိုးလင်းလာတိုင်း အသက်ရှင်နေထိုင်နေရတာဟာ အဓိပ္ပာယ်ပြည့်ဝသလိုခံစားနေရပါလိမ့်မယ်။ ဘဝမှာ ဘာလုပ်ရမှန်း သေသေချာချာ ရေရေရာရာမသိရင် ရေစုန်မျောရင်း အသက်ကြီးသွားတော့မှာလား ။ တစ်ချိန်တစ်ခါတော့ အောင်မြင်မှုတွေရရှိပြီး အသိမှတ်ပြုခံရတာကို လူတိုင်း လိုချင်မှာပါ။

ကျန်းမာတဲ့ ခန္ဓာကိုယ်

Image result for health body
အပြာရောင် ကမ္ဘာလေးမှာ နေထိုင်သူတွေဟာ နောက်ကျမှ ညနေစာမစားဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ စိတ်နေသဘောထားနဲ့လည်း တိုက်ရိုက်အချိုးကျ ဆက်စပ်နေတာမို့ ကျန်းမာ သွက်လက်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားခြင်းဟာ စိတ်ချမ်းသာမှုတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ အများကြီးလှနေဖို့ လိုအပ်တယ်လို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ်ရည်စစ်ပြီး ကိုယ့်ကိုကိုယ် ကြည့်ကောင်းတယ်လို့ ဂုဏ်ယူနိုင်ဖို့ပဲ လိုတာပါ။ အဓိက ကိုယ့်ကိုကိုယ် ယုံကြည်ချက်လေး ပေါက်ဖွားနိုင်ဖို့ပါ။

အပေးယူမျှတတဲ့ Relationship

A-couple-in-Greece
ပုံမှန်ဘဝတစ်ခုထက် ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ထားခြင်းဟာ ပိုပြီးပြည့်စုံသလိုတော့ ခံစားရမှာ အမှန်ပါပဲ။ နားလည်မှုရှိပြီး အပေးယူတည့်တဲ့ relationship တစ်ခုဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို အများကြီး တက်စေသလို စိတ်အင်အားကိုလည်း တိုးတက်စေပါတယ်။ ပုံမှန်လူသားတွေထက် ဘဝမှာအချိန်ကြာကြာအသက်ရှည် ကျန်းမာစွာနေနိုင်ပါတယ်။

စိတ်ဖိအားတွေကို ခံနိုင်ရည်ရှိသူ

Man-floating-in-the-water
လောကကြီးက မင်းဘယ်လောက် ခံနိုင်ရည်ရှိလဲဆိုတာ စမ်းသပ်တတ်ပါတယ်။ အလုပ်တစ်ခုရဲ့ဖိအား ၊ မိသားစုရဲ့ဖိအားနဲ့ နေထိုင်ရာ ပတ်ဝန်းကျင်က လူတွေရဲ့ဖိစီးမှုတွေဟာ မင်းကို လောကကြီးက ဘယ်လောက်သည်းခံနိုင်လဲလို့ စမ်းသပ်နေတာပါပဲ။ ဒီအရာတွေအပေါ် မင်းရဲ့တုံ့ပြန်မှုက ကောင်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရလာတဲ့အကျိုးဆက်က မင်းအပေါ်ပဲသက်ရောက်မှု ပြန်ကျမှာပါ။ ဒီလို ဖိစီးမှုဒဏ်တွေကို ခံနိုင်လေ ၊ ကျော်လွှားနိုင်လေ ဘ၀ကြီးဟာ နေပျော်စရာတစ်ခုလိုဖြစ်လာပါလိမ့်မယ်။

ပြောသွားတဲ့အချက်လေးတွေ မင်းမှာပိုင်ဆိုင်နေပြီဆိုရင်တော့ အပြာရောင် ကမ္ဘာလေးထဲကနေ ကြိုဆိုလိုက်ပါတယ်နော် ။

108 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.