မင်းအပေါ်ဝေဖန်ကဲ့ရဲ့တဲ့သူတွေဟာတစ်နေ့မင်းဘ၀ရဲ့ကျေးဇူးရှင်တွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်
(၃) အားအဖြစ်မွေးယူပါ
Unicode
ယူတတ်ရင် ဘယ်အရာမဆို ကိုယ့်အတွက်ကြီးပါပဲ။ လူရယ်လို့ဖြစ်လာကတည်းကချီးကျူးသံတွေ ကဲ့ရဲ့သံတွေကြား ပေါက်ဖွားလာခဲ့ကြတာပါပဲ။ဒါကြောင့် ယူတတ်ရင် သင်ခန်းစာရတယ်ဆိုသလို စိတ်တိုဝမ်းနည်းနေမဲ့အစား သူတို့ကဲ့ရဲ့မှုတွေဟာ ယူတို့အတွက်ခွန်အားတွေ ဖြစ်လာနနိုင်ပါတယ်။ဆိုတော့ ကိုယ့်ဘဝမှာရရှိခဲ့တဲ့ ကဲ့ရဲ့မှုတွေ ဝေဖန်မှုတွေကို ဘယ်လိုတွေအားယူသင့်သလဲဆိုတာ…
(၁) ကဲ့ရဲ့မှုတွေကို အကောင်းဘက်ကမြင်ပါ
ဝေဖန်မှုတွေကဲ့ရဲ့မှုတွေကို အကောင်းဘက်ကပဲမြင်ပြီး တွေးလိုက်ပါ။ဒါဆိုရင် ပိုပြီးစိတ်သက်သာရာရပါလိမ့်မယ်။ ကို်ယ့်စိတ်က ဒီဝေဖန်မှုတွေကို စိတ်တိုဒေါသဖြစ်နေတဲ့အခါ
ပိုပြီးပင်ပန်းနိုင်တာမလို့ ကဲ့ရဲ့တာပဲဖြစ်ဖြစ် ဝေဖန်တာပဲဖြစ်ဖြစ် ကိုယ့်အတွက်ကောင်းအောင်ပြောတယ်မှတ်ပြီးပြင်သင့်တာကို ပြင်လိုက်ပါ။
(၂) ရန်နဲ့မတုံ့ပြန်မိပါစေနဲ့
ရန်ဖြစ်တယ်အငြင်းပွားတယ် စကားများတယ်ဆိုတာ တွေကသိပ်ကိုအာရုံနောက်လွန်းအားကြီးပါတယ်။ ဒါကြောင့်
ပြောသမျှအရာတိုင်း ကို အသေးစိတ်လိုက်လံရှင်းပြနေတာမျိုး၊ ကဲ့ရဲ့မှုတိုင်းကို ပြန်ဖြေရှင်းရင်းရန်ဖြစ်ရတာမျိုးတွေမလုပ်ပါနဲ့။ အချိန်တန်ရင်အမှန်တရားဆိုတာပေါ်လာပါလိမ့်မယ်။ ကိုယ့်ဘက်ကသာ အနေမှန်ပါစေ။
(၃) အားအဖြစ်မွေးယူပါ
လူဆိုတာကတော့ပြောချင်ကြတဲ့အမျိုးတွေကြီးပါပဲ။ ကိုယ်ကိုယ်တိုင်တောင်တစ်ခါတစ်လေစိတ်လွတ်ပြီးသူများကိုကဲ့ရဲ့ဝေဖန်မိတတ်ကြသေးတာ အနည်းနဲ့ အများပါပဲမလား။
ဆိုတော့ ပြောသမျှကို စိတ်ပင်ပန်းမခံပဲ လူတွေကဲ့ရဲ့နေကြတဲ့ကိုယ့်ရဲ့အားနည်းချက်ကဘာလဲ ။ ဒီလိုစကားသံတွေနည်းပါးသွားအောင်ကိုယ်ဘယ်လို ကြိုးစားနေထိုင်မလဲဆိုတာပဲတွေးပါ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းအပေါ်ကဲ့ရဲ့ခဲ့သူတွေက မင်းအတွက်ကျေးဇူးရှင်ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။မင်းအောင်မြင်တိုးတတ်လာတဲ့တစ်နေ့ မင်းအတွက်တကယ့်ကျေးဇူးရှင်တွေက မင်းအပေါ်ဝေဖန်သူတွေပါပဲ…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.