ဒါေတြေၾကာင့္ ႐ုတ္တရက္မင္းအေပၚ တစံုတေယာက္က ေၾကြသြားႏုိင္ပါတယ္..

ကိုယ္ဟာ ဘယ္လိုေနထုိင္ရင္ တစ္စံုတစ္ေယာက္က စိတ္ဝင္စားမလဲဆုိတာကို သိခ်င္ၾကမယ္ထင္ပါတယ္။ တစ္ခါတစ္ေလ ကိုယ္တုိင္ေတာင္ သတိမထားမိတဲ့ အျပဳမူ ေနထိုင္မႈေတြက တစ္ဖက္လူအတြက္ သေဘာက်စရာလည္းျဖစ္ခ်င္ ျဖစ္ေနတတ္ပါတယ္။ အခ်စ္မွာ ထူးဆန္းမႈေတြ၊ ႐ႈပ္ေထြးမႈေတြနဲ႔ အျမဲေရာေထြးေနတတ္ပါတယ္။

စိတ္ပညာ႐ွင္ေတြ ေလ့လာေတြ႔႐ွိထားတဲ့ လူတစ္ေယာက္ကို တစ္စံုတစ္ေယာက္က သေဘာက်သြားရတဲ့အေၾကာင္းရင္းဟာ ဒါေတြေၾကာင့္ျဖစ္ႏုိင္ပါတယ္။

People fall in love for mysterious reasons – Jeff Bridges

မယံုႏုိင္ေလာက္ေအာင္ တူညီေနတဲ့အရာေတြ႐ွိေနျခင္း

Related image

တစ္ေယာက္နဲ႔ တစ္ေယာက္ အမွတ္မထင္ ေတြ႔ဆံုၾကတဲ့အခါ မယံုႏုိင္ေလာင္ေအာင္ တူညီေနတဲ့အရာေတြမင္းမွာ ႐ွိေနတဲ့အခါ မင္းအေပၚ သူ႔ရဲ႕စိတ္ဝင္စားမႈက ပုိျပီးၾကီးမားလာတတ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္မွာ တူညီတဲ့အရာေတြမ်ားေတာ့ နားလည္မႈေပးႏုိင္သလို ၊ စိတ္ခ်င္းဆက္သြယ္ႏုိင္မႈမွာလည္း ထူးျခားေနတယ္လို႔ ခံစားရပါတယ္။ ဥပမာ – အၾကိဳက္တူေနတာမ်ဳိး ၊ စကားလံုး ေရြးခ်ယ္တာျခင္းတူသြားတာမ်ဳိး ၊ မထင္မွတ္ထားတဲ့ အျပဳမူေတြ တိုက္ဆိုင္သြားမ်ဳိးေပါ့။

တစ္ဖက္သားရဲ႕မ်က္လံုးကို အခ်ိန္ၾကာၾကာစိုက္ၾကည့္တတ္ျခင္း

Related image
မ်က္လံုးျခင္းဆံုျပီး အခ်ိန္ၾကာၾကာ စိုက္ၾကည့္တတ္တဲ့အက်င့္မ်ဳိး မင္းမွာ႐ွိတယ္ဆုိရင္ တစ္စံုတစ္ေယာက္ကို ဆဲြေဆာင္ႏုိင္ဖုိ႔ လြယ္ကူပါတယ္။ ဘာရယ္ေတာ့မဟုတ္ဘူး။ တစ္ဖက္လူက စကားေျပာေနရင္ မ်က္လံုးကို မိနစ္အၾကာၾကီး စိုက္ၾကည့္ေနတတ္တာမ်ဳိးက မ်က္လံုးခ်င္းဆက္သြယ္မႈကို ပုိထိေရာက္ေစသလို မ်က္လံုးကတစ္ဆင့္ မင္းရဲ႕ပံုရိပ္က သူ႔ရင္ထဲကိုထိုးေဖာက္သြားႏုိင္ပါတယ္။ အခ်စ္ရဲ႕အစ မ်က္ဝန္းကလို႔ ေျပာရမွာေပါ့။ မ်က္လံုးခ်င္း စကားေျပာျပီးမွ လႈပ္႐ွားၾကတာေတြမွ အမ်ားၾကီးေနာ့။

ပတ္ဝန္းက်င္ကို ဂ႐ုစိုက္တတ္သူ

Related image
ပတ္ဝန္းက်င္ကို အေလးထား ၊ ဂ႐ုစိုက္တတ္သူေတြဟာ သာမန္လူေတြထက္ ပုိျပီးဆဲြေဆာင္မႈရွိပါတယ္။ ကိစၥတစ္ခုဆိုလည္း ဝန္မေလးပဲ ကူညီေပးလုိက္တာပဲ။ ဘယ္သူနဲ႔မဆို ရင္းႏွီးလြယ္တဲ့ မင္းရဲ႕ပံုစံက သူ႔အတြက္ ေဖာ္ေရြေနပါလိမ့္မယ္။ သေဘာေကာင္းတဲ့မင္းကို သူ႔အေနနဲ႔ နီးစပ္ဖို႔ ၾကိဳးစားခ်င္စိတ္ေတြ ေ႐ွ႔တိုးလာပါလိမ့္မယ္။ ရယ္စရာဟာသေလးေတြေျပာျပီး လြတ္လပ္စြာ ေအာ္ရယ္တတ္တဲ့ပံုစံေလးက သူ႔မ်က္လံုးထဲ ၾကည့္ေကာင္းရင္ ေကာင္းေနမွာပါပဲ။

(Unicode) 

ကိုယ်ဟာ ဘယ်လိုနေထိုင်ရင် တစ်စုံတစ်ယောက်က စိတ်ဝင်စားမလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အပြုမူ နေထိုင်မှုတွေက တစ်ဖက်လူအတွက် သဘောကျစရာလည်းဖြစ်ချင် ဖြစ်နေတတ်ပါတယ်။ အချစ်မှာ ထူးဆန်းမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ အမြဲရောထွေးနေတတ်ပါတယ်။

စိတ်ပညာရှင်တွေ လေ့လာတွေ့ရှိထားတဲ့ လူတစ်ယောက်ကို တစ်စုံတစ်ယောက်က သဘောကျသွားရတဲ့အကြောင်းရင်းဟာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။

People fall in love for mysterious reasons – Jeff Bridges

မယုံနိုင်လောက်အောင် တူညီနေတဲ့အရာတွေရှိနေခြင်း

တစ်ယောက်နဲ့ တစ်ယောက် အမှတ်မထင် တွေ့ဆုံကြတဲ့အခါ မယုံနိုင်လောင်အောင် တူညီနေတဲ့အရာတွေမင်းမှာ ရှိနေတဲ့အခါ မင်းအပေါ် သူ့ရဲ့စိတ်ဝင်စားမှုက ပိုပြီးကြီးမားလာတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာ တူညီတဲ့အရာတွေများတော့ နားလည်မှုပေးနိုင်သလို ၊ စိတ်ချင်းဆက်သွယ်နိုင်မှုမှာလည်း ထူးခြားနေတယ်လို့ ခံစားရပါတယ်။ ဥပမာ – အကြိုက်တူနေတာမျိုး ၊ စကားလုံး ရွေးချယ်တာခြင်းတူသွားတာမျိုး ၊ မထင်မှတ်ထားတဲ့ အပြုမူတွေ တိုက်ဆိုင်သွားမျိုးပေါ့။

တစ်ဖက်သားရဲ့မျက်လုံးကို အချိန်ကြာကြာစိုက်ကြည့်တတ်ခြင်း

မျက်လုံးခြင်းဆုံပြီး အချိန်ကြာကြာ စိုက်ကြည့်တတ်တဲ့အကျင့်မျိုး မင်းမှာရှိတယ်ဆိုရင် တစ်စုံတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ လွယ်ကူပါတယ်။ ဘာရယ်တော့မဟုတ်ဘူး။ တစ်ဖက်လူက စကားပြောနေရင် မျက်လုံးကို မိနစ်အကြာကြီး စိုက်ကြည့်နေတတ်တာမျိုးက မျက်လုံးချင်းဆက်သွယ်မှုကို ပိုထိရောက်စေသလို မျက်လုံးကတစ်ဆင့် မင်းရဲ့ပုံရိပ်က သူ့ရင်ထဲကိုထိုးဖောက်သွားနိုင်ပါတယ်။ အချစ်ရဲ့အစ မျက်ဝန်းကလို့ ပြောရမှာပေါ့။ မျက်လုံးချင်း စကားပြောပြီးမှ လှုပ်ရှားကြတာတွေမှ အများကြီးနော့။

ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်သူ

ပတ်ဝန်းကျင်ကို အလေးထား ၊ ဂရုစိုက်တတ်သူတွေဟာ သာမန်လူတွေထက် ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ကိစ္စတစ်ခုဆိုလည်း ဝန်မလေးပဲ ကူညီပေးလိုက်တာပဲ။ ဘယ်သူနဲ့မဆို ရင်းနှီးလွယ်တဲ့ မင်းရဲ့ပုံစံက သူ့အတွက် ဖော်ရွေနေပါလိမ့်မယ်။ သဘောကောင်းတဲ့မင်းကို သူ့အနေနဲ့ နီးစပ်ဖို့ ကြိုးစားချင်စိတ်တွေ ရှေ့တိုးလာပါလိမ့်မယ်။ ရယ်စရာဟာသလေးတွေပြောပြီး လွတ်လပ်စွာ အော်ရယ်တတ်တဲ့ပုံစံလေးက သူ့မျက်လုံးထဲ ကြည့်ကောင်းရင် ကောင်းနေမှာပါပဲ။

743 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.