ခြင့္မလႊတ္ႏုိင္တဲ႔အမွားက်ဴးလြန္ခဲ႔ရင္ေတာင္ ဘာလုိ႔သူတုိ႔ကုိဒုတိယအခြင့္အေရးေပးသင့္တာလဲ?

တစ္ေယာက္ေယာက္က သစၥာေဖာက္သြားလို႔ နာက်င္ရတဲ႔အခါ သူ႔ကုိခြင့္လႊတ္လိုက္ဖုိ႔၊ေနာက္ထပ္အခြင့္အေရးေပးလုိက္ဖုိ႔ဆုိတဲ႔အေတြးေတြက အေတြးနဲ႔တင္ နာက်င္ခက္ခဲရပါတယ္။ဒါေပမဲ႔ သူတုိ႔မွားခဲ႔တဲ႔အမွားေတြကို ျပန္ျပင္ဆင္ဖုိ႔ သူတုိ႔ကုိ ဒုတိယအခြင့္အေရးေပးလိုက္တာက သင့္အတြက္နာက်င္မႈကုိလည္းေလ်ာ့ေစသလို သူတုိ႔ရဲ ႔ေနာင္တစိတ္ကုိလည္းေျပေလ်ာ့ေစပါတယ္တဲ့။ျပီးေတာ့
ကိုယ့္အေပၚမွားခဲ႔တဲ႔လူတစ္ေယာက္၊သစၥာေဖာက္သြားတဲ႔သူတစ္ေယာက္ကုိ ဒုတိယအခြင့္အေရးေပးမယ္ဆုိရင္ သင့္အတြက္ ဒီအက်ိဳးေက်းဇူးေတြရလာေစမွာပါ။

*သူတု႔ိကုိ ဒုတိယအခြင့္အေရးေပးလုိက္တဲ႔အခါ သင့္စိတ္က အရင္ကေလာက္နာက်င္ေနေတာ့မွာမဟုတ္ပဲတစ္ခုခုကုိထမ္းပိုးထားရာကေန လြတ္ေျမာက္သြားသလို ေပ်ာ္ရႊင္မႈမ်ိဳးခံစားလိုက္ရပါလိမ့္မယ္။ကုိယ့္ရဲ ႔ေပ်ာ္ရႊင္မႈကို ကုိယ္ကုိယ္တုိင္ပဲဖန္တီးရမွာပါ။လူတစ္ေယာက္ကုိမုန္းေနေလ၊စိတ္ဆုိးေနေလ ကိုယ္လည္း ဆတူစိတ္ပင္ပန္းရေလပါ။

*ကုိယ့္အမွားကုိယ္တကယ္သိတဲ႔သူဟာ အမွားျပင္ဆင္ဖုိ႔ၾကိဳးစားမွာအေသအခ်ာပါပဲ။ဒါဆုိ သူတုိ႔ကုိ ဘာလို႔ အမွားျပင္ဆင္ခြင့္မေပးပဲေနရမွာလဲ?လူေတြက အမွားေတြကေနပဲ အမွန္ေတြကုိသင္ယူရတာပါ။အဲ႔ဒါေၾကာင့္ သင္ေပးလုိက္တဲ႔ဒုတိယအခြင့္အေရးက သူတုိ႔အတြက္တစ္ဘ၀စာ တန္ဖုိးရွိသြားႏုိင္ပါတယ္။လူေတြက ေျပာင္းလဲႏုိင္ပါတယ္။

*တစ္ခါသစၥာေဖာက္ခံရဖူးရင္ တစ္ခါအေတြးအေခၚေတြရင့္က်က္လာသလို ဒုတိယအခြင့္အေရးေပးလုိက္လို႔ ေနာက္ထပ္လွည့္စားခံရမွာ၊သိသိရက္နဲ႔ခံလိုက္ရမွာကုိမစိုးရိမ္ပါနဲ႔။မေၾကာက္ပါနဲ႔။သူတုိ႔ကုိဒုတိယအခြင့္အေရးမေပးလိုက္မိလုိ႔ သင့္စိတ္မွာေနာင္တရေနတာ၊တႏုံ့ႏံု႔ျဖစ္ေနတာထက္စာရင္ ကုိယ္ကအခြင့္အေရးေပးရဲ႕သားနဲ႔ သူတုိ႔က အမွားမျပင္ဆင္ဘူးဆုိ ကုိယ္က လူေတြရဲ ႔အေၾကာင္းကုိ ပုိျပီးေတာ့ေတာင္နားလည္လာပါလိမ့္မယ္။ကုိယ္က သူ႔ကုိဆက္ျပီးယုံသင့္လား၊မယံုသင့္ေတာ့ဘူးလားဆုိတာ သူတု႔ိကပဲသက္ေသျပသြားမွာပါ။

*ကုိယ့္အေပၚအမွားလုပ္ခဲ႔တဲ႔သူကုိ ဒုတိယအခြင့္အေရးမေပးသင့္ဘူး၊ေပးသင့္တယ္ဆုိတာထက္ အရင္ဆံုးကုိယ့္စိတ္ေပ်ာ္ရႊင္ဖုိ႔ကိုဦးစားေပးရမွာပါ။သူတုိ႔ကို ခြင့္မလႊတ္ႏုိင္ဘူးလို႔ေျပာလိုက္ရင္၊တစ္သက္လံုးခြင့္မလႊတ္ႏုိင္ဘူးလို႔ေျပာလိုက္ရင္ သင္ကိုယ္တုိင္ေရာ တကယ္ပဲေပ်ာ္ရႊင္ပါ့မလား။သူတုိ႔ကုိ နာက်င္ေစလုိစိတ္နဲ႔ေျပာလိုက္ေပမဲ႔ သင္ကပုိနာက်င္ေနရတယ္ဆုိ ဘယ္တန္ပါ့မလဲ။သူတုိ႔ကိုခြင့္မလႊတ္ႏုိင္ဘူးလို႔ေတြးေနသေရြ႔ သူတုိ႔ကိုယ့္အေပၚလုပ္ခဲ႔တဲ႔အမွားေတြက အျမဲတမ္းကုိယ့္ေခါင္းထဲမွာ ျပန္ျပန္ေပၚေနတာပါ။တစ္ႏွစ္ၾကာလည္းမေပ်ာက္ေသး၊ႏွစ္ႏွစ္ၾကာလည္းမေမ့ေသးဘူးဆုိရင္ သင့္စိတ္ကုိသင္ပင္ပန္းေအာင္လုပ္ေနတာကလြဲလို႔ သင့္မွာဘာအက်ိဳးမ်ားရွိခဲ႔မွာလဲ။သူတုိ႔ကလည္း  သူတုိ႔အမွားသိျပီးေတာင္းပန္တယ္ဆုိရင္ သူတုိ႔ကုိ ဒုတိယအခြင့္အေရးေပးလိုက္ပါ။

ဘ၀က တုိတုိေလးပါ။မုန္းေနဖုိ႔၊စိတ္ဆုိးေနဖို႔၊ေဒါသထြက္ေနဖုိ႔၊လက္တံု႔ျပန္ဖုိ႔အတြက္ အခ်ိန္ေတြက သိပ္ကုိရွားပါးပါတယ္။ကုိယ့္အတြက္ကုိယ္ေတာင္မေလာက္တဲ႔ဟာကို ဘာလို႔ တစ္ျခားသူေတြအေပၚထားတဲ႔ခံစားခ်က္ေတြနဲ႔ ကုိယ့္ကုိယ့္ကုိယ္စိတ္ပင္ပန္းေအာင္မလုပ္ပါနဲ႔။သူတုိ႔ကုိေခါင္းထဲထည့္ထားတာကသူတုိ႔ကုိ အခ်ိန္ေပးေနတာနဲ႔အတူတူပါပဲ။အဲ႔ဒါေၾကာင့္ ကုိယ့္အေပၚမွားခဲ႔တဲ႔သူေတြလာေတာင္းပန္တဲ႔အခါ သူတုိ႔ကုိ ဒုတိယအခြင့္အေရးေပးလုိက္ပါ။ဒုတိယအခြင့္အေရးေပးလုိ႔မွ ဒီတုိင္းက ဒီတုိင္းပဲဆုိရင္ ဥေပကၡာသာျပဳလိုက္ပါ။တန္ဖုိးမရွိတဲ႔အရာေတြ၊အေရးမပါတဲ႔အရာေတြအတြက္ သင့္ရဲ႔အခ်ိန္ေတြကုိမျဖဳန္းပါနဲ႔။

Unicode

တစ်ယောက်ယောက်က သစ္စာဖောက်သွားလို့ နာကျင်ရတဲ့အခါ သူ့ကိုခွင့်လွှတ်လိုက်ဖို့၊နောက်ထပ်အခွင့်အရေးပေးလိုက်ဖို့ဆိုတဲ့အတွေးတွေက အတွေးနဲ့တင် နာကျင်ခက်ခဲရပါတယ်။ဒါပေမဲ့ သူတို့မှားခဲ့တဲ့အမှားတွေကို ပြန်ပြင်ဆင်ဖို့ သူတို့ကို ဒုတိယအခွင့်အရေးပေးလိုက်တာက သင့်အတွက်နာကျင်မှုကိုလည်းလျော့စေသလို သူတို့ရဲ ့နောင်တစိတ်ကိုလည်းပြေလျော့စေပါတယ်တဲ့။ပြီးတော့
ကိုယ့်အပေါ်မှားခဲ့တဲ့လူတစ်ယောက်၊သစ္စာဖောက်သွားတဲ့သူတစ်ယောက်ကို ဒုတိယအခွင့်အရေးပေးမယ်ဆိုရင် သင့်အတွက် ဒီအကျိုးကျေးဇူးတွေရလာစေမှာပါ။

*သူတို့ကို ဒုတိယအခွင့်အရေးပေးလိုက်တဲ့အခါ သင့်စိတ်က အရင်ကလောက်နာကျင်နေတော့မှာမဟုတ်ပဲတစ်ခုခုကိုထမ်းပိုးထားရာကနေ လွတ်မြောက်သွားသလို ပျော်ရွှင်မှုမျိုးခံစားလိုက်ရပါလိမ့်မယ်။ကိုယ့်ရဲ ့ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင်ပဲဖန်တီးရမှာပါ။လူတစ်ယောက်ကိုမုန်းနေလေ၊စိတ်ဆိုးနေလေ ကိုယ်လည်း ဆတူစိတ်ပင်ပန်းရလေပါ။

*ကိုယ့်အမှားကိုယ်တကယ်သိတဲ့သူဟာ အမှားပြင်ဆင်ဖို့ကြိုးစားမှာအသေအချာပါပဲ။ဒါဆို သူတို့ကို ဘာလို့ အမှားပြင်ဆင်ခွင့်မပေးပဲနေရမှာလဲ?လူတွေက အမှားတွေကနေပဲ အမှန်တွေကိုသင်ယူရတာပါ။အဲ့ဒါကြောင့် သင်ပေးလိုက်တဲ့ဒုတိယအခွင့်အရေးက သူတို့အတွက်တစ်ဘဝစာ တန်ဖိုးရှိသွားနိုင်ပါတယ်။လူတွေက ပြောင်းလဲနိုင်ပါတယ်။

*တစ်ခါသစ္စာဖောက်ခံရဖူးရင် တစ်ခါအတွေးအခေါ်တွေရင့်ကျက်လာသလို ဒုတိယအခွင့်အရေးပေးလိုက်လို့ နောက်ထပ်လှည့်စားခံရမှာ၊သိသိရက်နဲ့ခံလိုက်ရမှာကိုမစိုးရိမ်ပါနဲ့။မကြောက်ပါနဲ့။သူတို့ကိုဒုတိယအခွင့်အရေးမပေးလိုက်မိလို့ သင့်စိတ်မှာနောင်တရနေတာ၊တနုံ့နုံ့ဖြစ်နေတာထက်စာရင် ကိုယ်ကအခွင့်အရေးပေးရဲ့သားနဲ့ သူတို့က အမှားမပြင်ဆင်ဘူးဆို ကိုယ်က လူတွေရဲ ့အကြောင်းကို ပိုပြီးတော့တောင်နားလည်လာပါလိမ့်မယ်။ကိုယ်က သူ့ကိုဆက်ပြီးယုံသင့်လား၊မယုံသင့်တော့ဘူးလားဆိုတာ သူတို့ကပဲသက်သေပြသွားမှာပါ။

*ကိုယ့်အပေါ်အမှားလုပ်ခဲ့တဲ့သူကို ဒုတိယအခွင့်အရေးမပေးသင့်ဘူး၊ပေးသင့်တယ်ဆိုတာထက် အရင်ဆုံးကိုယ့်စိတ်ပျော်ရွှင်ဖို့ကိုဦးစားပေးရမှာပါ။သူတို့ကို ခွင့်မလွှတ်နိုင်ဘူးလို့ပြောလိုက်ရင်၊တစ်သက်လုံးခွင့်မလွှတ်နိုင်ဘူးလို့ပြောလိုက်ရင် သင်ကိုယ်တိုင်ရော တကယ်ပဲပျော်ရွှင်ပါ့မလား။သူတို့ကို နာကျင်စေလိုစိတ်နဲ့ပြောလိုက်ပေမဲ့ သင်ကပိုနာကျင်နေရတယ်ဆို ဘယ်တန်ပါ့မလဲ။သူတို့ကိုခွင့်မလွှတ်နိုင်ဘူးလို့တွေးနေသရွေ့ သူတို့ကိုယ့်အပေါ်လုပ်ခဲ့တဲ့အမှားတွေက အမြဲတမ်းကိုယ့်ခေါင်းထဲမှာ ပြန်ပြန်ပေါ်နေတာပါ။တစ်နှစ်ကြာလည်းမပျောက်သေး၊နှစ်နှစ်ကြာလည်းမမေ့သေးဘူးဆိုရင် သင့်စိတ်ကိုသင်ပင်ပန်းအောင်လုပ်နေတာကလွဲလို့ သင့်မှာဘာအကျိုးများရှိခဲ့မှာလဲ။သူတို့ကလည်း  သူတို့အမှားသိပြီးတောင်းပန်တယ်ဆိုရင် သူတို့ကို ဒုတိယအခွင့်အရေးပေးလိုက်ပါ။

ဘဝက တိုတိုလေးပါ။မုန်းနေဖို့၊စိတ်ဆိုးနေဖို့၊ဒေါသထွက်နေဖို့၊လက်တုံ့ပြန်ဖို့အတွက် အချိန်တွေက သိပ်ကိုရှားပါးပါတယ်။ကိုယ့်အတွက်ကိုယ်တောင်မလောက်တဲ့ဟာကို ဘာလို့ တစ်ခြားသူတွေအပေါ်ထားတဲ့ခံစားချက်တွေနဲ့ ကိုယ့်ကိုယ့်ကိုယ်စိတ်ပင်ပန်းအောင်မလုပ်ပါနဲ့။သူတို့ကိုခေါင်းထဲထည့်ထားတာကသူတို့ကို အချိန်ပေးနေတာနဲ့အတူတူပါပဲ။အဲ့ဒါကြောင့် ကိုယ့်အပေါ်မှားခဲ့တဲ့သူတွေလာတောင်းပန်တဲ့အခါ သူတို့ကို ဒုတိယအခွင့်အရေးပေးလိုက်ပါ။ဒုတိယအခွင့်အရေးပေးလို့မှ ဒီတိုင်းက ဒီတိုင်းပဲဆိုရင် ဥပေက္ခာသာပြုလိုက်ပါ။တန်ဖိုးမရှိတဲ့အရာတွေ၊အရေးမပါတဲ့အရာတွေအတွက် သင့်ရဲ့အချိန်တွေကိုမဖြုန်းပါနဲ့။

679 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.