Bully လုပ္ခံရသူေတြအတြက္ Super Junior အဖြဲ႔၀င္ Siwon ဘယ္လိုေျပာခဲ႔လဲဆုိေတာ့…

Super Junior အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔ Siwon ဟာ အေလွာင္ေျပာင္ခံ၊သေရာ္ခံရတဲ႔သူေတြအတြက္ သူနားလည္လက္ခံထားတဲ႔အၾကံဥာဏ္တစ္ခ်ိဳ႔ကုိျပန္ျပီးမ်ွေ၀ေပးခဲ႔ပါတယ္။လူတစ္ဖက္သားအေပၚမွာကုိယ္ခ်င္းစာစိတ္အျပည့္ရွိတဲ႔ Choi Siwon က National Kindness Week Campaign ဆိုတဲ႔အစီအစဥ္မွာ Bully အလုပ္ခံရတဲ႔သူေတြအတြက္ အားေပးစကား၊ေႏြးေထြးႏွစ္သိမ့္မႈစကား ဘယ္လိုေတြေျပာခဲ႔တာလဲဆုိေတာ့…

Image result for Super Junior’s Siwon Gives The Perfect Advice To Victims Of Bullying

ပထမဆံုး bully လုပ္ခံရတဲ႔သူေတြကုိ ကုိယ္ခ်င္းစာနာစကားေျပာၾကားခဲ႔ျပီး ဘယ္ေတာ့မွလက္မေလွ်ာ့ဖို႔၊အားမငယ္ဖုိ႔ အားေပးစကားေျပာခဲ႔ပါတယ္။သူေျပာခဲ႔တာေတြကေတာ့”တစ္ခါတစ္ေလ စိတ္ပ်က္အားငယ္ၾကမယ္ဆုိတာသိပါတယ္။ဒါေပမဲ႔ ကြ်န္ေတာ္ေျပာခ်င္တာက ဘယ္ေတာ့မွအရွံဳးမေပးပါနဲ႔။လက္မေလ်ွာ့ပါနဲ႔။အေရးမပါတာေတြအတြက္ အခိ်န္ေတြမျဖဳန္းပါနဲ႔။ျပီးေတာ့ ဘ၀ကုိလည္း အလဟႆအျဖစ္မခံပါနဲ႔။ဘ၀က တုိတုိေလးမို႔လို႔ အေရးမပါတာေတြလုပ္ေနဖုိ႔ အခ်ိန္မရွိပါဘူး။ဆုိျပီး ခြန္အားေပးစကားေျပာခဲ႔ပါတယ္။

ျပီးေတာ့ Bully လုပ္ဖုိ႔ အမ်ိဳးမ်ိဳးရွာေဖြေနၾကတဲ႔သူေတြကုိလည္း အဲ႔ဒီလုိမလုပ္ၾကဖုိ႔၊ေသးငယ္တဲ႔အျပဳအမူတစ္ခုေလးကေတာင္ ဘ၀တစ္ခုလံုးကုိေျပာင္းလဲသြားေစႏုိင္တဲ႔အထိသက္ေရာက္မႈရွိေၾကာင္းေျပာခဲ႔ပါတယ္။”တကယ္လို ့ ခင္ဗ်ားတုိ႔ရဲ႔ အကူအညီလုိေနတဲ႔သူငယ္ခ်င္းေတြရွိတဲ႔အခါ၊သူေျပာတာကုိနားေထာင္ေပးဖုိ႔ခင္ဗ်ားတုိ႔ကုိလိုအပ္ေနတဲ႔အခါ သူတုိ႔ကုိအားေပးကူညီေပးပါ။သူတုိ႔က ခင္ဗ်ားတုိ႔ရဲ႔အကူအညီကုိဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး”လူတုိင္းရဲ႔ ဘ၀က အခ်ိန္ျဖဳန္းဖုိ႔မတန္ေလာက္ေအာင္ တန္ဖုိးရွိပါတယ္။ဘ၀က တန္ဖုိးရွိသလို ခင္ဗ်ားတုိ႔ကလည္း တန္ဖိုးရွိတဲ႔လူသားတစ္ေယာက္ပါ”လုိ႔ေျပာခဲ႔ပါေသးတယ္။

Related image

လူတုိင္းကုိလည္း ဒီလုိမ်ိဳးအေလွာင္ေျပာင္ခံေနရတာေတြ ေတ႔ြတ႔ဲအခါ အားေပးႏွစ္သိမ့္ေပးေစခ်င္ၾကပံုပါပဲ။Siwon က “#StandTogether” ၊“Be together and walk together” ဆုိျပီး အားလံုးအတူတူ Bully တုိက္ခိုက္ျခင္းကုိ တြန္းလွန္ၾကဖုိ႔ အားေပးတုိက္တြန္းခဲ႔ပါတယ္။

Unicode

Super Junior အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Siwon ဟာ အလှောင်ပြောင်ခံ၊သရော်ခံရတဲ့သူတွေအတွက် သူနားလည်လက်ခံထားတဲ့အကြံဉာဏ်တစ်ချို့ကိုပြန်ပြီးမျှဝေပေးခဲ့ပါတယ်။လူတစ်ဖက်သားအပေါ်မှာကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့ Choi Siwon က National Kindness Week Campaign ဆိုတဲ့အစီအစဉ်မှာ Bully အလုပ်ခံရတဲ့သူတွေအတွက် အားပေးစကား၊နွေးထွေးနှစ်သိမ့်မှုစကား ဘယ်လိုတွေပြောခဲ့တာလဲဆိုတော့…

ပထမဆုံး bully လုပ်ခံရတဲ့သူတွေကို ကိုယ်ချင်းစာနာစကားပြောကြားခဲ့ပြီး ဘယ်တော့မှလက်မလျှော့ဖို့၊အားမငယ်ဖို့ အားပေးစကားပြောခဲ့ပါတယ်။သူပြောခဲ့တာတွေကတော့”တစ်ခါတစ်လေ စိတ်ပျက်အားငယ်ကြမယ်ဆိုတာသိပါတယ်။ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ဘယ်တော့မှအရှုံးမပေးပါနဲ့။လက်မလျှော့ပါနဲ့။အရေးမပါတာတွေအတွက် အချိန်တွေမဖြုန်းပါနဲ့။ပြီးတော့ ဘဝကိုလည်း အလဟဿအဖြစ်မခံပါနဲ့။ဘဝက တိုတိုလေးမို့လို့ အရေးမပါတာတွေလုပ်နေဖို့ အချိန်မရှိပါဘူး။ဆိုပြီး ခွန်အားပေးစကားပြောခဲ့ပါတယ်။

ပြီးတော့ Bully လုပ်ဖို့ အမျိုးမျိုးရှာဖွေနေကြတဲ့သူတွေကိုလည်း အဲ့ဒီလိုမလုပ်ကြဖို့၊သေးငယ်တဲ့အပြုအမူတစ်ခုလေးကတောင် ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တဲ့အထိသက်ရောက်မှုရှိကြောင်းပြောခဲ့ပါတယ်။”တကယ်လို ့ ခင်ဗျားတို့ရဲ့ အကူအညီလိုနေတဲ့သူငယ်ချင်းတွေရှိတဲ့အခါ၊သူပြောတာကိုနားထောင်ပေးဖို့ခင်ဗျားတို့ကိုလိုအပ်နေတဲ့အခါ သူတို့ကိုအားပေးကူညီပေးပါ။သူတို့က ခင်ဗျားတို့ရဲ့အကူအညီကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး”လူတိုင်းရဲ့ ဘဝက အချိန်ဖြုန်းဖို့မတန်လောက်အောင် တန်ဖိုးရှိပါတယ်။ဘဝက တန်ဖိုးရှိသလို ခင်ဗျားတို့ကလည်းတန်ဖိုးရှိတဲ့လူသားတစ်ယောက်ပါ”လို့ပြောခဲ့ပါသေးတယ်။

လူတိုင်းကိုလည်း ဒီလိုမျိုးအလှောင်ပြောင်ခံနေရတာတွေ တွေ့တဲ့အခါ အားပေးနှစ်သိမ့်ပေးစေချင်ကြပုံပါပဲ။Siwon က “#StandTogether” ၊“Be together and walk together” ဆိုပြီး အားလုံးအတူတူ Bully တိုက်ခိုက်ခြင်းကို တွန်းလှန်ကြဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။

69 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.