လူတစ်ယောက်တကယ်ကြီးရင့်ကျက်သွားတဲ့အခါ…
Unicode
လူတစ်ယောက်ဟာ ရင့်ကျက်သွားတဲ့အခါ အရင်နဲ့မတူပဲကြောက်စရာကောင်းလှအောင်ပြောင်းလဲသွားတတ်ကြပါတယ်။ ရင့်ကျက်တယ်ဆိုတဲ့စကားကပြောရတာသာလွယ်ပင်မဲ့ဒီလိုရင့်ကျက်လာဖို့
ရင်းနှီးခဲ့ ခံစားခဲ့ရတဲ့အရာတွေက အများကြီးရှိတယ်ဆိုတာ လူတွေမေ့နေကြတတ်ပါတယ်…လူတစ်ယောက်တကယ်ကြီးရင့်ကျက်သွားတယ်ဆိုတာ အသက်ရွယ်ကြောင့်များလား ဆိုတော့လည်းမဟုတ်ပါဘူး။ရင့်ကျက်တယ်ဆိုတာ အရွယ်တွေ အသက်တွေထက် အတွေ့ကြုံဆိုတဲ့အရာတွေပေါ်မှာသာမူနေတတ်တာမျိ်ုးပါ…ဆိုတော့လူတစ်ယောက် ရင့်ကျက်သွားတဲ့အခါ…
(၁) ပြဿနာဖြစ်လာရင်အရင်တုန်းကလိုထူပူနေတာမျိုးမရှိတော့ဘူး
(၂) ရန်ကိုရန်နဲ့တုံ့ပြန်ဖို့စိတ်မရှိတော့ဘူး
(၃) ဆိုးတာတွေဖြစ်လာလည်းမတုန်လှုပ်တော့သလို ကောင်းမွန်တဲ့ပျော်စရာကိစ္စတွေဖြစ်လာရင်လည်း တရားလွန်ပျော်မနေတတ်တော့ဘူး
(၄) တစ်ယောက်တည်းနေလာရတာကို အထီးကျန်တယ်လို့မခံစားရတော့ဘူး၊ တစ်စုံတစ်ယောက်ရှိမှဖြစ်မယ်ဆိုတာမျိုးမရှိတော့ဘူး
(၅) စကားတွေနဲ့အလုပ်မလုပ်တတ်ပဲ လက်တွေ့တွေပဲပိုပြီးလုပ်ဆောင်လာတတ်တယ်
(၆) ကိုယ်မဟုတ်တဲ့ကိစ္စတွေကို လာစွပ်စွဲတဲ့အခါ သိပ်ပြီးအသည်းသန်ရှင်းပြမနေတတ်တော့ဘူး
(၇) ပိုင်ဆိုင်လိုစိတ်ဆိုတာဘာမှန်းမသိတော့ရလောက်အောင်အေးချမ်းလာတတ်တယ်( လုယူချင်စိတ်တွေ ရယူလိုစိတ်တွေ နည်းပါးလာတယ်)
သေချာပါပြီ အပေါ်ကအချက်တွေကသင်နဲ့ထပ်တူကြနေပြီဆိုရင်တော့ သင်တော်တော်ကို ရင့်ကျက်နေပါပြီ…
990 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.