ထင်ထားတာထက် မင်းဟာ ပိုသန်မာပါတယ်..

ကိုယ့်ကိုကိုယ် မစမ်းသပ်ပဲနဲ့တော့ မင်းဘယ်လောက်ထိ သန်မာတယ်ဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။ လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိကြတယ်။ ဒီအိပ်မက်တွေပြည့်ဝအောင်လုပ်ဖို့ ဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲ ?တကယ်တမ်း အခက်ခဲကြုံလာမှ ကိုယ့်ရဲ့ငုံ့ကွယ်နေတဲ့ အရည်ချင်းတွေက ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ဘယ်လို လက္ခဏာမျိုးတွေကြည့်ပြီး မင်းဟာ သန်မာတယ်ဆိုတာ သိနိုင်မလဲ ?

စိတ်ရှည်၊ သည်းခံ
သည်းခံနိုင်အောင်ခြင်းဟာ အောင်မြင်ခြင်းရဲ့အစိတ်ပိုင်းတစ်ခုပါပဲ။ စိတ်ရှည်လေ မင်းရဲ့အကျိုးရှိတဲ့
စွမ်းရည်တွေက ပိုထွက်လေပါ။ သည်းခံခြင်းက ကိုယ့်ရဲ့သွင်ပြင်ကိုလည်း သင့်တယ်စေတယ်။ တုံ့ပြန်မှုတိုင်းမှာလည်း အမှားနည်းစေပါတယ်။ မင်းဟာ စိတ်ရှည်သည်းခံတတ်တဲ့အကျင့်ရှိတယ်ဆို ဒါဟာ ဝမ်းသာစရာ လက္ခဏာရပ်လေးတစ်ခုပါပဲ

ကိုယ့်အားနည်းချက်ကိုယ်သိသူ
လူအများစုဟာ ကိုယ့်အားနည်းချက်က ဘာမှန်းသေချာမသိကြဘူး။ အဓိကကတော့ သေချာ သတိမထားမိလို့ပါ။ ဒါပေမယ့် ကိုယ့်အားနည်းချက် ကိုယ်မသိဘူးဆိုရင် အမှားတွေကို ဆက်တိုက် မင်းလုပ်နေမိဦးမှာပါပဲ။ ကိုယ်တိုင်သိမှ ကိုယ့်အားနည်းချက် ကိုယ်ပြင်ပြီး ယုံကြည်ချက်ရှိရှိ နေနိုင်မှာပါ။

ရှုံးနိမ့်ရမှာကို မကြောက်သူ
ရှုံးနိမ့်ဖူးမှ ကိုယ်ဘယ်လောက်သန်မာတယ်ဆိုတာကို သိနိုင်မှာပါ။ အရှုံးဒဏ် ၊ ဘေးလူတွေရဲ့ရိုက်ခက်မှုတွေကို ကြံကြံခံ ၊ သည်းခံနိုင်မှ မင်းဟာ ဘယ်လောက်သန်မာတယ်ဆိုတာသိနိုင်မှာဖြစ်ပါတယ်။ သူများတွေရဲ့အမြင်ကို မင်းဂရုမစိုက်နိုင်မှ သန်မာတယ်လို့ ပြောလို့ရမှာပါ။ မင်းရဲ့စိတ်ထွက်ပေါက်မှာ အခြားသူတွေရဲ့ဝေဖန်မှုတွေ ၊ ထိုးနှက်မှုတွေနဲ့ ပိတ်နေဦးမယ်ဆိုရင် လုံလောက်တဲ့ သတ္တိမရှိဘူးလို့ ပြောရပါမယ်။

ဘာပဲဖြစ်ဖြစ် နှလုံးသားနဲ့ ဦးနှောက်ရဲ့ချင့်ချိန်စဉ်းစား ဆုံးဖြတ်မှုနောက်လိုက်ပြီး ကိုယ်ယုံကြည်ရာကို လုပ်ပါ။ သတ္တိရှိရှိ ရှင်သန် နေထိုင်ပါ။ ဖြစ်သမျှအကုန်လက်ခံနိုင်တဲ့ တစ်နေ့ မင်းဟာ ထင်ထားတာထက်စိတ်စွမ်းအား ကြံ့ခိုင် သန်မာတဲ့လူတစ်ယောက်ဖြစ်ပါပြီ။

145 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.