တိုေတာင္းလွတဲ႔လူ႕ဘ၀ထဲမယ္ ဒါမ်ိဳးေလးေတြနဲ႔ေပ်ာ္ေအာင္ေနပါ…💛😉

ကၽြန္ေတာ္တို႕ခင္ဗ်ားတို႕သိတဲ႔အတိုင္းပဲ ေလာကျကီးမွာလူတစ္ေယာက္ရဲ႕သက္တမ္းက ခဏေလးပါ။ ဒီလိုသက္တမ္းကခဏေလးပင္မဲ႔ လုပ္စရာကိုင္စရာအလုပ္ေတြကေတာ႔မ်ားသားဗ်…ဒီလုိအလုပ္ေတြကို လုပ္ကိုင္ရင္းပူေလာင္တဲ႔ အခိုက္တန္႕ေတြ ေပ်ာ္ရမဲ႔ အခိုက္တန္႕ေတြ အမ်ားျကီးကို အမ်ိဳးမ်ိဳးျဖတ္ေက်ာ္ခဲ႔ရမွာပါ။ ဒီလုိ အခ်ိန္သိပ္မရွိလွတဲ႔လူ႕ဘ၀ထဲမွာလူျဖစ္လာရတုန္းကာလအတြင္းဒါမ်ိဳးေလးေတြနဲ႕သာ သင္ေနနိုင္မယ္ဆိုရင္ ခဏေလးေနရလည္းဘ၀ျကီးကေနေပ်ာ္စရာျကီးျဖစ္ေနမွာအေသခ်ာပါပဲ…ဒီေတာ႔ ဘယ္လုိေနပါ ဘယ္လုိထိုင္ပါလို႕ေတာ႔ဆရာျကီးလုပ္တာမဟုတ္ပင္မဲ႔ လူတိုင္းလိုခ်င္တဲ႔ စိတ္ခ်မ္းသာစရာေကာင္းတဲ႔ ဘ၀ထဲမွာ လူျဖစ္ရတုန္းေလးေနထုိင္ခ်င္တယ္ဆိုရင္ေတာ႔ ဒါေလးေတြနဲ႕ေနထိုင္ပါ….
(၁) ျကိုးစားမႈနဲ႕ေနထိုင္ပါ
ျကိုးစားတဲ႔လူတိုင္းနဲ႕ထုိက္တန္တဲ႔အရာဆိုတာရွိပါတယ္။ ေသရင္ကိုယ္႔ေနာက္မပါဘူးဆိုပင္မဲ႔မေသခင္စား၀တ္ေနေရးအတြက္ ရုန္းကန္လုပ္ရွားရအံုးမွာပဲမလား။ ဆုိေတာ႔ ကၽြန္ေတ္ာတို႕ဘ၀မွာ ရိုးရိုးသားသားနဲ႕တစ္ခုခုကို ျကိုးစားလုပ္ကိုင္ေနရတဲ႔အခ်ိန္ဟာ သိပ္ကိုအဓိပၸါယ္ရွိျပီးေနေပ်ာ္စရာအခ်ိန္တစ္ခုပါပဲ။
(၂) ရိုးသားမႈနဲ႕ေနထုိင္ပါ
ရိုးသားမႈနဲ႕ေနထုိင္ပါ။ ဘာလုပ္လုပ္ရိုးရိုးသားသားလုပ္ပါ။ ဘာေျပာေျပာ ျဖစ္နုိင္ရင္ရိုးရိုးသားသားေျပာပါ(ကိုယ္႔ရိုးသားမႈက ဘယ္သူ႕ကိုမွမထိခိုက္ရင္ေပါ႔) ဒီလိုရိုးသားမႈေတြေျကာင္႔ သင္လူ၀င္ဆန္႕လာျပီးစိတ္ရင္းမွန္ေပါင္းသင္းတဲ႔သူေတြနဲ႕သာသင္ျကံုေတြ႕ရပါလိမ္႔မယ္။ ရိုးသားရင္ စိတ္မလံုစရာစိတ္ညစ္စရာကိစၥဆိုတာသင္႔မွာမရွိေတာ႔တာမလို႕ ဘ၀ျကီးကေနေပ်ာ္စရာျကီးျဖစ္ေနပါလိမ္႔မယ္။
(၃) သိတတ္စိတ္နဲ႕ေနထိုင္ပါ
တာ၀န္ယူစိတ္နဲ႕သိတတ္စိတ္ရွိပါေစ။ ကိုယ္႔အလုပ္ကိုယ္သိျပီးကိုယ္တာ၀န္ယူရမဲ႔အရာကို ေသေသခ်ာခ်ာတာ၀န္ယူတတ္တဲ႔သူျဖစ္ပါေစ။ ဒါဆုိရင္ေတာ႔သင္႔ဘ၀မွာ ေအာင္ျမင္လြန္းတဲ႔သူမျဖစ္ရင္ေတာင္အျပစ္ကင္းတဲ႔လူတစ္ေယာက္အျဖစ္ေအးေအးလူလူေနထိုင္နိုင္မွာပါ။
(၄) သည္းခံစိတ္နဲ႕ေနထိုင္ပါ
သိပ္ကိုခက္ခဲတဲ႔စိတ္ဓာတ္ျကီးပါပဲ။ တကယ္လုပ္မယ္ဆိုရင္ေတာ႔လြယ္ပါတယ္။ တုိေတာင္းလွတဲ႔လူ႕ဘ၀ထဲမွာ ေဒါသေတြ အမုန္းတရားေတြတတ္နိုင္သမ်ွေလ်ာ႕ခ်ျပီးူ အတတ္နုိင္ဆံုးအတိုင္းတာတစ္ခုထိသည္းခံတတ္တဲ႔သူတစ္ေယာက္ျဖစ္ပါေစ။ဒါဆိုရင္ေတာ႔သင္ ပူေလာင္မႈေနကင္းေ၀းသြားမွာပါ။
(၅) ေရာင္႔ရဲစိတ္နဲ႕ေနထုိင္ပါ
တတ္နိင္သေလာက္ျကိုးစားပါ။ ျဖစ္လာသမ်ွေကာင္းေမြဆုိးေမြကို ေရာင္႔ရဲတတ္ပါေစ။ မျကိုးစားပဲ ေရာင္႔ရဲခိုင္းတာမ်ိဳးမဟုတ္ပဲ ျကိုးစားရင္းနဲ႕ကို ကိုယ္႔ရလဒ္မွန္သမွ် ကိုယ္ ေရာင္႔ရဲနိုင္ပါေစ။

ဒီလိုအခ်က္ေလးေတြသာ ကၽြန္ေတာ္တို႕ေတြေနထုိင္မယ္ဆုိရင္ လူ႕ဘ၀ျကီးမွာခံစားရမဲ႔ နာက်င္မႈေတြ ပင္ပန္းမႈဒဏ္ေတြ စိတ္ဆင္းရဲစရာေတြကို အနည္းနဲ႕မ်ားေတာ႔ ေျဖေလ်ာ႔နုိင္မွာ
အေသခ်ာပါပဲ…လူတိုင္းလူတိုင္း ေပ်ာ္ရႊင္တဲ႔ လူ႕ဘ၀ျကီးရဖို႕ ၊ ေလာကျကီးမွာေနေပ်ာ္ဖို႕ ကိုယ္ကိုယ္တိုင္ဖန္တီးယူမွသာ ရနုိင္တယ္ဆိုတာ နွလံုးသြင္းထားနုိင္ရင္ အားလံုးအိုေကပါတယ္ဗ်ာ…😉

Unicode

ကျွန်တော်တို့ခင်ဗျားတို့သိတဲ့အတိုင်းပဲ လောကကြီးမှာလူတစ်ယောက်ရဲ့သက်တမ်းက ခဏလေးပါ။ ဒီလိုသက်တမ်းကခဏလေးပင်မဲ့ လုပ်စရာကိုင်စရာအလုပ်တွေကတော့များသားဗျ…ဒီလိုအလုပ်တွေကို လုပ်ကိုင်ရင်းပူလောင်တဲ့ အခိုက်တန့်တွေ ပျော်ရမဲ့ အခိုက်တန့်တွေ အများကြီးကို အမျိုးမျိုးဖြတ်ကျော်ခဲ့ရမှာပါ။ ဒီလို အချိန်သိပ်မရှိလှတဲ့လူ့ဘဝထဲမှာလူဖြစ်လာရတုန်းကာလအတွင်းဒါမျိုးလေးတွေနဲ့သာ သင်နေနိုင်မယ်ဆိုရင် ခဏလေးနေရလည်းဘဝကြီးကနေပျော်စရာကြီးဖြစ်နေမှာအသေချာပါပဲ…ဒီတော့ ဘယ်လိုနေပါ ဘယ်လိုထိုင်ပါလို့တော့ဆရာကြီးလုပ်တာမဟုတ်ပင်မဲ့ လူတိုင်းလိုချင်တဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝထဲမှာ လူဖြစ်ရတုန်းလေးနေထိုင်ချင်တယ်ဆိုရင်တော့ ဒါလေးတွေနဲ့နေထိုင်ပါ….
(၁) ကြိုးစားမှုနဲ့နေထိုင်ပါ
ကြိုးစားတဲ့လူတိုင်းနဲ့ထိုက်တန်တဲ့အရာဆိုတာရှိပါတယ်။ သေရင်ကိုယ့်နောက်မပါဘူးဆိုပင်မဲ့မသေခင်စားဝတ်နေရေးအတွက် ရုန်းကန်လုပ်ရှားရအုံးမှာပဲမလား။ ဆိုတော့ ကျွန်တေ်ာတို့ဘဝမှာ ရိုးရိုးသားသားနဲ့တစ်ခုခုကို ကြိုးစားလုပ်ကိုင်နေရတဲ့အချိန်ဟာ သိပ်ကိုအဓိပ္ပါယ်ရှိပြီးနေပျော်စရာအချိန်တစ်ခုပါပဲ။
(၂) ရိုးသားမှုနဲ့နေထိုင်ပါ
ရိုးသားမှုနဲ့နေထိုင်ပါ။ ဘာလုပ်လုပ်ရိုးရိုးသားသားလုပ်ပါ။ ဘာပြောပြော ဖြစ်နိုင်ရင်ရိုးရိုးသားသားပြောပါ(ကိုယ့်ရိုးသားမှုက ဘယ်သူ့ကိုမှမထိခိုက်ရင်ပေါ့) ဒီလိုရိုးသားမှုတွေကြောင့် သင်လူဝင်ဆန့်လာပြီးစိတ်ရင်းမှန်ပေါင်းသင်းတဲ့သူတွေနဲ့သာသင်ကြုံတွေ့ရပါလိမ့်မယ်။ ရိုးသားရင် စိတ်မလုံစရာစိတ်ညစ်စရာကိစ္စဆိုတာသင့်မှာမရှိတော့တာမလို့ ဘဝကြီးကနေပျော်စရာကြီးဖြစ်နေပါလိမ့်မယ်။
(၃) သိတတ်စိတ်နဲ့နေထိုင်ပါ
တာဝန်ယူစိတ်နဲ့သိတတ်စိတ်ရှိပါစေ။ ကိုယ့်အလုပ်ကိုယ်သိပြီးကိုယ်တာဝန်ယူရမဲ့အရာကို သေသေချာချာတာဝန်ယူတတ်တဲ့သူဖြစ်ပါစေ။ ဒါဆိုရင်တော့သင့်ဘဝမှာ အောင်မြင်လွန်းတဲ့သူမဖြစ်ရင်တောင်အပြစ်ကင်းတဲ့လူတစ်ယောက်အဖြစ်အေးအေးလူလူနေထိုင်နိုင်မှာပါ။
(၄) သည်းခံစိတ်နဲ့နေထိုင်ပါ
သိပ်ကိုခက်ခဲတဲ့စိတ်ဓာတ်ကြီးပါပဲ။ တကယ်လုပ်မယ်ဆိုရင်တော့လွယ်ပါတယ်။ တိုတောင်းလှတဲ့လူ့ဘဝထဲမှာ ဒေါသတွေ အမုန်းတရားတွေတတ်နိုင်သမျှလျော့ချပြီးူ အတတ်နိုင်ဆုံးအတိုင်းတာတစ်ခုထိသည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေ။ဒါဆိုရင်တော့သင် ပူလောင်မှုနေကင်းဝေးသွားမှာပါ။
(၅) ရောင့်ရဲစိတ်နဲ့နေထိုင်ပါ
တတ်နိင်သလောက်ကြိုးစားပါ။ ဖြစ်လာသမျှကောင်းမွေဆိုးမွေကို ရောင့်ရဲတတ်ပါစေ။ မကြိုးစားပဲ ရောင့်ရဲခိုင်းတာမျိုးမဟုတ်ပဲ ကြိုးစားရင်းနဲ့ကို ကိုယ့်ရလဒ်မှန်သမျှ ကိုယ် ရောင့်ရဲနိုင်ပါစေ။

ဒီလိုအချက်လေးတွေသာ ကျွန်တော်တို့တွေနေထိုင်မယ်ဆိုရင် လူ့ဘဝကြီးမှာခံစားရမဲ့ နာကျင်မှုတွေ ပင်ပန်းမှုဒဏ်တွေ စိတ်ဆင်းရဲစရာတွေကို အနည်းနဲ့များတော့ ဖြေလျော့နိုင်မှာ
အသေချာပါပဲ…လူတိုင်းလူတိုင်း ပျော်ရွှင်တဲ့ လူ့ဘဝကြီးရဖို့ ၊ လောကကြီးမှာနေပျော်ဖို့ ကိုယ်ကိုယ်တိုင်ဖန်တီးယူမှသာ ရနိုင်တယ်ဆိုတာ နှလုံးသွင်းထားနိုင်ရင် အားလုံးအိုကေပါတယ်ဗျာ…

245 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.