K-drama ခ်စ္သူေတြသာ နားလည္ႏုိင္မယ့္ အေၾကာင္းအရာေလးေတြ…😍

သင္က K-Dramas ခ်စ္သူတစ္ေယာက္ဆုိရင္ ဒီအရာေတြကို ၁၀၀ရာခုိင္ႏႈန္းနားလည္ႏုိင္မွာအေသအခ်ာပါပဲ။

ကုိယ္ၾကည့္ခ်င္တဲ႔အပုိင္းကထြက္ေနေသာ္လည္း စာတန္းထုိးထြက္တာေစာင့္ေနရတဲ႔စိတ္မရွည္မႈ…
ဇာတ္ကားကထြက္ေနျပီ။စာတန္းထိုးကမထြက္ေသးဘူး။ေတာ္ရုံစိတ္မရွည္တဲ႔ပရိသတ္ေတြကေတာ့စာတန္းမထုိးပဲလည္းၾကည့္မယ္ဆုိတာခ်ည္း။စာတန္းထုိးထြက္လည္း ထပ္ၾကည့္တာပါပဲ။တစ္ရက္ပဲၾကာတာေတာင္ မေစာင့္ႏုိင္တာ K-drama ခ်စ္သူေတြအခ်င္းခ်င္းသာနားလည္ႏုိင္ပါတယ္။

ၾကည့္ေနရင္းတန္းလန္းတစ္ခုခုထလုပ္လိုက္ရတာမ်ိဳးဆုိ စိတ္ထဲတႏုံ႔ႏံု႔ျဖစ္လို႔မဆံုး…
ဟုတ္တယ္ဟုတ္? ကုိယ္က ဒီမွာေကာင္းခန္းေရာက္ေနျပီ။အေမကေခၚလိုက္၊အေဖကေခၚလိုက္၊ဖုန္းေတြလာလုိက္နဲ႔ ကုိယ္မလုပ္ရင္မျဖစ္တဲ႔အရာတစ္ခုထလုပ္လိုက္ရနဲ႔ အဲ႔ဒီလုိအခိုက္အတန္႔မ်ိဳးၾကံဳရလို႔ကေတာ့ ဇာတ္လမ္းျပန္ၾကည့္ေနရရင္ေတာင္ တႏံု႔ႏုံ႔နဲ႔ျဖစ္ေနတတ္ပါတယ္။ရုပ္ရွင္ၾကည့္တဲ႔အခ်ိန္ဆုိ လာေႏွာင့္ယွက္သူ ရန္သူပဲ 😛 ေကာင္းခန္းေရာက္မွ စာတန္းထုိးတာမပါလာရင္လည္း ဘာကိုေဒါသထြက္လုိ႔ထြက္ရမွန္းမသိ 😑

ဒုတိယမင္းသားရွိဖုိ႔ အျမဲဆုေတာင္းမိ
ဇာတ္လမ္းတြဲတစ္တြဲၾကည့္ျပီဆုိ မ်ားေသာအားျဖင့္ ဒုတိယမင္းသားေခ်ာေခ်ာေလးလည္းပါတတ္တယ္ေလ။အထူးသျဖင့္ ကုိယ့္မင္းသမီးကုိ ေခါင္းေဆာင္မင္းသားက တအားေတြေခ်၊တအားေတြရက္စက္ေနျပီဆုိ စိတ္ထဲက အလိုလို ဒုတိယမင္းသားေပၚလာပါေစဆုိျပီးၾကိတ္ျပီးဆုေတာင္းမိတတ္ၾကပါတယ္။ေခါင္းေဆာင္မင္းသားက မင္းသမီးအတြက္ဆုိ ဒုတိယမင္းသားက ကိုယ့္အတြက္ဆုိျပီး စိတ္ကူးကလည္းယဥ္မိေသး 😛

မသိဘူး ေခါင္းေဆာင္မင္းသားကုိလည္းခ်စ္တယ္ 😍
ဘယ္ေလာက္ပဲဒုတိယမင္းသားေပၚလာဖုိ႔ဆုေတာင္းဆုေတာင္း၊ေခါင္းေဆာင္မင္းသားကုိလည္း သေဘာမက်ပဲမေနႏုိင္တာ ကုိယ္ေတြ K-drama ပရိသတ္ေတြပါပဲ။ဒါေပမဲ႔တစ္ေယာက္ကုိေရြးပါဆုိရင္္ေတာ့ ေခါင္းစားရတယ္။ႏွစ္ေယာက္လံုးကုိၾကိဳက္တာကုိးး🤭

ဘာဆက္ျဖစ္မလဲ ခန္႔မွန္းေနတတ္တာမ်ိဳး
အပုိင္းတစ္ပုိင္းျပီးသြားရင္ အဆံုးမွာေနာက္တစ္ပုိင္းအတြက္ တစ္ခန္းႏွစ္ခန္းျပတတ္တယ္မဟုတ္လား။ဒီတစ္ပတ္ကို အပိုင္း ၂ပုိင္းပဲထြက္တယ္ဆုိရင္ကုိယ္ေတြမွာ ေနာက္တစ္ပတ္အတြက္ၾကိဳျပီးခန္႔မွန္းရ၊ေစာင့္ရနဲ႔ အလုပ္ေတြကုိရႈပ္ေနေတာ့တာပါပဲ။ကုိရီးယားကားမွန္သမ်ွ မလြတ္တမ္းအားေပးသူဆုိရင္တစ္ခ်ိဳ႔ဇာတ္လမ္းတြဲေတြ ေနာက္အပုိင္းဘာျဖစ္မလဲဆုိတာ ၾကိဳသိေနတတ္ပါ့။

အိပ္တာထက္ပုိျပီး အေရးၾကီးတယ္
တစ္ပုိင္းၾကည့္ျပီး ေနာက္တစ္ပုိင္းဆက္မၾကည့္ဖို႔ကုိ ဘယ္လုိမွစိတ္မႏုိင္ၾကပါဘူး။အဲ႔ဒါေၾကာင့္ ဘယ္ေလာက္ပဲ ညဘက္ေနာက္က်ေနပါေစ။ကုိယ္ၾကည့္ခ်င္တဲ႔အပုိင္းကုိဆက္ၾကည့္တတ္တာ ကိုယ္ေတြလိုရုပ္ရွင္ခ်စ္ပရိသတ္ေတြပါပဲ။အေမက အိပ္လို႔ေျပာရင္ ေစာင္ျခံဳျပီးဖုန္းဖြင့္ဆက္ၾကည့္ေနၾက 😛

ကုိယ္ေတြ သေဘာတူတဲ႔မင္းသား၊မင္းသမီးစျပီးက်ီစယ္ေနၾကျပီဆုိ ကုိုယ္ေတြပါးစပ္က ပိတ္လို႔မရတာမ်ိဳး…😍
မင္းသားနဲ႔မင္းသမီးတစ္ေယာက္ကုိတစ္ေယာက္က်ီစယ္ၾကတယ္။သ၀န္တုိၾကတယ္ဆုိရင္ကုိ ၾကည့္ရတဲ႔ပရိသတ္ေတြကပါ လိုက္ျပီးၾကည္ႏူးေနတတ္။

ဇာတ္လမ္းတြဲျပီးသြားလည္း ကုိယ္ေတြကေနာက္ထပ္အပိုင္းတြဲထပ္ထြက္ေစခ်င္ေသးတာမ်ိဳး…
ဒါကေတာ့ ေကဒရာမာခ်စ္သူတုိင္းရဲ႔ဆႏၵျဖစ္မယ္ထင္ပါတယ္။ကုိယ္ေတြသေဘာက်ရတဲ႔မင္းသားမင္းသမီးေတြကုိ ထပ္ျပီး ေတြ႔ခ်င္ေသးတာေၾကာင့္ ဇာတ္လမ္းက ေပ်ာ္စရာဇာတ္သိမ္းခန္းေလးျဖစ္သြားရင္ေတာင္ ေနာက္ထပ္ဇာတ္၀င္ခန္းေတြနဲ႔ အပုိင္းတြဲထပ္ထြက္ဖုိ႔ေမ်ွာ္လင့္ေနတတ္ၾကပါတယ္။

ကဲ ဟုတ္ရဲ႔လား K-drama Fan ေလးတုိ႔ 😍တစ္ျခားအေၾကာင္းအရာေလးေတြရွိခဲ႔ရင္ မ်ွေ၀ခဲ႔ဦးေနာ္

Unicode

သင်က K-Dramas ချစ်သူတစ်ယောက်ဆိုရင် ဒီအရာတွေကို ၁ဝဝရာခိုင်နှုန်းနားလည်နိုင်မှာအသေအချာပါပဲ။

ကိုယ်ကြည့်ချင်တဲ့အပိုင်းကထွက်နေသော်လည်း စာတန်းထိုးထွက်တာစောင့်နေရတဲ့စိတ်မရှည်မှု…
ဇာတ်ကားကထွက်နေပြီ။စာတန်းထိုးကမထွက်သေးဘူး။တော်ရုံစိတ်မရှည်တဲ့ပရိသတ်တွေကတော့စာတန်းမထိုးပဲလည်းကြည့်မယ်ဆိုတာချည်း။စာတန်းထိုးထွက်လည်း ထပ်ကြည့်တာပါပဲ။တစ်ရက်ပဲကြာတာတောင် မစောင့်နိုင်တာ K-drama ချစ်သူတွေအချင်းချင်းသာနားလည်နိုင်ပါတယ်။

ကြည့်နေရင်းတန်းလန်းတစ်ခုခုထလုပ်လိုက်ရတာမျိုးဆို စိတ်ထဲတနုံ့နုံ့ဖြစ်လို့မဆုံး…
ဟုတ်တယ်ဟုတ်? ကိုယ်က ဒီမှာကောင်းခန်းရောက်နေပြီ။အမေကခေါ်လိုက်၊အဖေကခေါ်လိုက်၊ဖုန်းတွေလာလိုက်နဲ့ ကိုယ်မလုပ်ရင်မဖြစ်တဲ့အရာတစ်ခုထလုပ်လိုက်ရနဲ့ အဲ့ဒီလိုအခိုက်အတန့်မျိုးကြုံရလို့ကတော့ ဇာတ်လမ်းပြန်ကြည့်နေရရင်တောင် တနုံ့နုံ့နဲ့ဖြစ်နေတတ်ပါတယ်။ရုပ်ရှင်ကြည့်တဲ့အချိန်ဆို လာနှောင့်ယှက်သူ ရန်သူပဲ  ကောင်းခန်းရောက်မှ စာတန်းထိုးတာမပါလာရင်လည်း ဘာကိုဒေါသထွက်လို့ထွက်ရမှန်းမသိ

ဒုတိယမင်းသားရှိဖို့ အမြဲဆုတောင်းမိဇာတ်လမ်းတွဲတစ်တွဲကြည့်ပြီဆို များသောအားဖြင့် ဒုတိယမင်းသားချောချောလေးလည်းပါတတ်တယ်လေ။အထူးသဖြင့် ကိုယ့်မင်းသမီးကို ခေါင်းဆောင်မင်းသားက တအားတွေချေ၊တအားတွေရက်စက်နေပြီဆို စိတ်ထဲက အလိုလို ဒုတိယမင်းသားပေါ်လာပါစေဆိုပြီးကြိတ်ပြီးဆုတောင်းမိတတ်ကြပါတယ်။ခေါင်းဆောင်မင်းသားက မင်းသမီးအတွက်ဆို ဒုတိယမင်းသားက ကိုယ့်အတွက်ဆိုပြီး စိတ်ကူးကလည်းယဉ်မိသေး

မသိဘူး ခေါင်းဆောင်မင်းသားကိုလည်းချစ်တယ်
ဘယ်လောက်ပဲဒုတိယမင်းသားပေါ်လာဖို့ဆုတောင်းဆုတောင်း၊ခေါင်းဆောင်မင်းသားကိုလည်း သဘောမကျပဲမနေနိုင်တာ ကိုယ်တွေ K-drama ပရိသတ်တွေပါပဲ။ဒါပေမဲ့တစ်ယောက်ကိုရွေးပါဆိုရင််တော့ ခေါင်းစားရတယ်။နှစ်ယောက်လုံးကိုကြိုက်တာကိုးး

ဘာဆက်ဖြစ်မလဲ ခန့်မှန်းနေတတ်တာမျိုး
အပိုင်းတစ်ပိုင်းပြီးသွားရင် အဆုံးမှာနောက်တစ်ပိုင်းအတွက် တစ်ခန်းနှစ်ခန်းပြတတ်တယ်မဟုတ်လား။ဒီတစ်ပတ်ကို အပိုင်း ၂ပိုင်းပဲထွက်တယ်ဆိုရင်ကိုယ်တွေမှာ နောက်တစ်ပတ်အတွက်ကြိုပြီးခန့်မှန်းရ၊စောင့်ရနဲ့ အလုပ်တွေကိုရှုပ်နေတော့တာပါပဲ။ကိုရီးယားကားမှန်သမျှ မလွတ်တမ်းအားပေးသူဆိုရင်တစ်ချို့ဇာတ်လမ်းတွဲတွေ နောက်အပိုင်းဘာဖြစ်မလဲဆိုတာ ကြိုသိနေတတ်ပါ့။

အိပ်တာထက်ပိုပြီး အရေးကြီးတယ်
တစ်ပိုင်းကြည့်ပြီး နောက်တစ်ပိုင်းဆက်မကြည့်ဖို့ကို ဘယ်လိုမှစိတ်မနိုင်ကြပါဘူး။အဲ့ဒါကြောင့် ဘယ်လောက်ပဲ ညဘက်နောက်ကျနေပါစေ။ကိုယ်ကြည့်ချင်တဲ့အပိုင်းကိုဆက်ကြည့်တတ်တာ ကိုယ်တွေလိုရုပ်ရှင်ချစ်ပရိသတ်တွေပါပဲ။အမေက အိပ်လို့ပြောရင် စောင်ခြုံပြီးဖုန်းဖွင့်ဆက်ကြည့်နေကြ

ကိုယ်တွေ သဘောတူတဲ့မင်းသား၊မင်းသမီးစပြီးကျီစယ်နေကြပြီဆို ကိုုယ်တွေပါးစပ်က ပိတ်လို့မရတာမျိုး…
မင်းသားနဲ့မင်းသမီးတစ်ယောက်ကိုတစ်ယောက်ကျီစယ်ကြတယ်။သဝန်တိုကြတယ်ဆိုရင်ကို ကြည့်ရတဲ့ပရိသတ်တွေကပါ လိုက်ပြီးကြည်နူးနေတတ်။

ဇာတ်လမ်းတွဲပြီးသွားလည်း ကိုယ်တွေကနောက်ထပ်အပိုင်းတွဲထပ်ထွက်စေချင်သေးတာမျိုး…
ဒါကတော့ ကေဒရာမာချစ်သူတိုင်းရဲ့ဆန္ဒဖြစ်မယ်ထင်ပါတယ်။ကိုယ်တွေသဘောကျရတဲ့မင်းသားမင်းသမီးတွေကို ထပ်ပြီး တွေ့ချင်သေးတာကြောင့် ဇာတ်လမ်းက ပျော်စရာဇာတ်သိမ်းခန်းလေးဖြစ်သွားရင်တောင် နောက်ထပ်ဇာတ်ဝင်ခန်းတွေနဲ့ အပိုင်းတွဲထပ်ထွက်ဖို့မျှော်လင့်နေတတ်ကြပါတယ်။

ကဲ ဟုတ်ရဲ့လား K-drama Fan လေးတို့ ။တစ်ခြားအကြောင်းအရာလေးတွေရှိခဲ့ရင် မျှဝေခဲ့ဦးနော်

83 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.