နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသား Kang Ha Neul အကြောင်း

Midnight Runner , New Trail , Like for Likes စတဲ့ ဇာတ်ကားတွေနဲ့ ပရိတ်သတ်တွေရင်းနှီးလာပြီဖြစ်တဲ့ မင်းသားချော Kang Ha Neul ကတော့ အခု အသက် ၂၈နှစ်ရှိပြီဖြစ်ပြီး မွေးနေ့က ဖေဖော်ဝါရီ၂၁ရက်နေ့ဖြစ်ပါတယ်။ ရာသီခွင်က မိန်ရာသီဖြစ်ပြီး အရပ်က ၆ပေ ၊ အလေးချိန် – ၁၅၄ ၊ အသွေးအမျိုးစားကတော့ A ဖြစ်ပါတယ်။

kang ha-neul

သူအသက် ၁၆နှစ်မှာ the musical The Celestial Witch နဲ့စပြီး ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကောင်းလွန်းတဲ့အသံကြောင့် လူအများစုသတိထားမိစပြုလာချိန်မှာ Running Man အစီစဉ်မှာ သီချင်းဆိုပေးဖို့ ဖိတ်ကြားခံရတယ်။ အဲ့ဒီမှာ လူတွေရဲ့စိတ်ဝင်စားမှုကို ပိုရရှိခဲ့တယ်ဆို ပိုမှန်ပါတယ်။

Image result for Kang Ha-Neul

Kang က ကိုယ့်ကိုကိုယ်အမြဲတမ်း နှိမ့်ချတယ်။ ကောင်းကောင်းလည်း မကတတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲဝန်ခံခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက ဝတုတ်လေးဖြစ်ခဲ့လို့ လှောင်ပြောင်လည်းခံရဖူးတယ်တဲ့။ အခုတော့ သူ့ရဲ့လက်ရှိဖြစ်တည်မှုအတွက် အရမ်းဂုဏ်ယူမိပါတယ်။ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့မှာ စစ်မှုထမ်းစာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။

Related image

Kang နှစ်သက်တဲ့ပုံစံမျိုးက ပျော်ပျော်နေတတ်ပြီး အလုပ်ကိုတန်ဖိုးထားတဲ့သူ ၊ ရည်မှန်းချက်ကြီးတဲ့သူမျိုးပါ။အခုလောလောဆယ်တော့ ချစ်သူမရှိသေးပါဘူး။ သူ့ရဲ့အလုပ်ပေါ်အာရုံစိုက်ချင်သေးလို့ပါတဲ့။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေကတော့
Monstar, The Heris, Incomplete Life , Moon Lover တို့ပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေ ဘယ်ဇာတ်ကားကိုအကြိုက်ဆုံးလဲဆိုတာလည်း ပြောပြပေးခဲ့ဦးနော်..

202 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.