စိတ္ပ်က္စရာေကာင္းတဲ႔အေျခအေနမွာေတာင္ ယူတတ္ရင္ဒီသင္ခန္းစာေတြရပါတယ္ 🌻

ကုိယ္တုိ႔ေတြရဲ ႔ဘ၀မွာ စိတ္ပ်က္လက္ပ်က္ျဖစ္ရတဲ႔အခိုက္အတန္႔ေတြအမ်ားၾကီးၾကံဳခဲ႔ဖူးပါတယ္။ကုိယ္ျဖစ္ခ်င္တာေတြျဖစ္မလာတဲ႔အခါ၊ကုိယ္ေမ်ွာ္လင့္ထားတာနဲ႔လြဲေခ်ာ္သြားတဲ႔အခါ စိတ္ပ်က္မိတတ္ၾကပါတယ္။ဒါေပမဲ႔ ဒီစိတ္ပ်က္စရာ၊စိတ္ပ်က္မႈေတြက ဘ၀ရဲ ႔တစ္စိတ္တစ္ပိုင္းျဖစ္ျပီး ဘ၀ရဲ႔ သင္ခန္းစာေတြကုိသင္ေပးခဲ႔တာပါ။ကုိယ့္ကုိယ့္ကုိယ္အသံုးမက်လိုက္တာလို႔အျပစ္တင္ေနမယ့္အစား ဒီစိတ္ပ်က္စရာေတြကေန ကုိယ္တုိ႔ေတြ ဘာသင္ခန္းစာေတြရယူနုိင္ခဲ႔လဲဆုိတာေသခ်ာဆန္းစစ္ၾကည့္ဖုိ႔လိုပါတယ္။စိတ္ပ်က္စရာေတြကေန ေပးတဲ႔ဘ၀သင္ခန္းစာဆုိတာ…

*ဘ၀မွာဘယ္အရာမွပံုေသတြက္ထားလုိ႔မရဘူးဆုိတာသင္ေပးတယ္
ကုိယ္စီစဥ္ထားတဲ႔အစီအစဥ္တစ္ခုလြဲေခ်ာ္သြားတဲ႔အခါ၊ကုိယ္ခန္႔မွန္းထားတဲ႔အတုိင္း
ျဖစ္မလာတဲ႔အခါမ်ိဳးမွာ ဘ၀မွာ ဘယ္အရာကုိမွပံုေသတြက္ထားလုိ႔မရဘူးဆုိတဲ႔သင္ခန္းစာရလာပါတယ္။ဒီေန႔ဘာဆက္ျဖစ္မလဲ မေသခ်ာသလိုမနက္ျဖန္ဘာဆက္ျဖစ္မလဲမသိတဲ႔ဘ၀ၾကီးမွာ အခုလက္ရွိအခ်ိန္ကိုပဲ အေကာင္းဆံုးျဖတ္သန္းဖုိ႔ပဲလုိပါတယ္။

*ကုိယ့္ကုိယ့္ကုိယ္ပုိသိလာတယ္
ကုိယ့္ကုိယ့္ကိုယ္အမွန္မျမင္ပဲ အေကာင္းခ်ည္းပဲျမင္ေနမယ္ဆုိရင္မျဖစ္ေသးဘူးေနာ္။အဆင္မေျပတာေတြျဖစ္လာတဲ႔အခါက်မွ ေအာ္ ငါဒီထက္ပုိၾကိဳးစားရဦးမယ္။ပုိျပီးတိက်ေအာင္လုပ္ရဦးမယ္။အေတြ႔အၾကံဳေတြအမ်ားၾကီးလုိေနေသးတယ္ဆုိတာ ပုိသိလာပါတယ္။ကုိုယ့္ကုိယ့္ကုိယ္ေတာ္တယ္၊တတ္တယ္ထင္ထားေပမဲ႔အေရးၾကံဳလာတဲ႔အခါ ဘာမွေသခ်ာမသိေသးတာကုိ ျပန္ျမင္မိပါလိမ့္မယ္။ဒါကလည္း ဘ၀သင္ခန္းစာတစ္ခုပါပဲ။

*ကုိယ့္မွာရွိတဲ႔အရာေတြကုိ ပုိျပီးတန္ဖုိးထားတတ္လာတယ္
စိတ္ပ်က္စရာေတြၾကံဳရလို႔ စိတ္ညစ္ေနတဲ႔အခ်ိန္မ်ိဳးမွာ ဒီလုိစိတ္ပ်က္စရာေတြ တစ္ျခားသူေတြလည္းၾကံဳခဲ႔ရဖူးတယ္ဆုိတာ အရင္ဆံုးသတိရပါ။မေသခ်ာတဲ႔အရာတစ္ခုမွာေငြေတြပံုအပ္လိုက္မိလို႔ဆံုးရွံဳးသြားရတဲ႔အခါမ်ိဳးမွာ ငါအသံုးမက်လိုက္တာလို႔အျပစ္တင္ေနမယ့္အစား ေနာက္တစ္ခါ
ဒီလုိအမွားမ်ိဳးမလုပ္မိဖုိ႔၊ကုိယ့္မွာရွိတဲ႔ေငြေတြကုိ ပုိျပီးတန္ဖုိးထားစိစစ္တတ္ဖုိ႔သင္ခန္းစာရလိုက္တယ္လို႔သေဘာထားပါ။

*ပုိျပီးစိတ္ရွည္တတ္လာတယ္
ဒီတစ္ခါလုပ္လိုက္လို႔တလြဲျဖစ္သြားရင္ေနာက္တစ္ခါ ဒီထက္ပုိေကာင္းေအာင္ၾကိဳးစားရတယ္မဟုတ္လား။ဘယ္ေလာက္ပဲတလြဲေတြျဖစ္ျဖစ္၊ကိုယ့္ရလဒ္က ဘယ္ေလာက္ပဲဆုိးဆုိး လက္မေလ်ွာ့ပဲဆက္လုပ္ေနသေရြ႔ သင္မက်ရွံဳးေသးပါဘူး။အားလံုးျပီးျပည့္စံုတဲ႔အထိျပန္ၾကိဳးစားရတဲ႔အခါ
ေအာင္ျမင္မႈနဲ႔အတူ ဘယ္အရာမဆုိစိတ္ရွည္သည္းခံမွရမယ္ဆုိတဲ႔ အေတြးေကာင္းတစ္ခုကုိပါ ပုိင္ဆုိင္လာရမွာပါ။စိတ္ရွည္လက္ရွည္နဲ႔ၾကိဳးစားမႈေၾကာင့္ ရလာတဲ႔ဆုလာဘ္က ပိုုျပီးခ်ိဳျမိန္ပါတယ္။

*ကုိယ့္ကုိယ့္ကုိယ္ပုိျပီးခ်စ္တတ္လာတယ္
ဘ၀မွာၾကံဳေတြ႔လာရတဲ႔စိတ္ပ်က္စရာေတြမ်ားလာေလေလ ကုိယ့္ကုိယ့္ကုိယ္ပုိျပီးၾကံ႔ခိုင္ေလေစပါ။ဒီအဆင္မေျပျဖစ္ရတဲ႔အေျခအေနကုိ ျပန္တည့္မတ္ဖုိ႔ ခြန္အားေတြ၊ဥာဏ္အားေတြသံုးရတယ္။ကုိယ့္ရဲ႔ ခ်ိဳ႔ယြင္းခ်က္ေတြကုိလည္းလက္ခံျပီး ျပန္ျပင္ဆင္ရတယ္။အဆင္မေျပမႈေတြ၊စိတ္ပ်က္စရာအေျခအေန ေတြျပီးဆံုးသြားတဲ႔အခါမွာေတာ့ သင္က ဘယ္လိုစိတ္ပ်က္စရာမ်ိဳးပဲလာလာ အဲ႔ဒီကေနသင္ခန္းစာရေအာင္ယူျပီးထုိးထြက္ႏုိင္တဲ႔သူတစ္ေယာက္ျဖစ္လာမွာပါပဲ။အဲ႔ဒီအခါက်ေတာ့ ကုိယ့္ကုိယ့္ကုိယ္ပုိျပီးတန္ဖုိးထားခ်စ္တတ္လာပါလိမ့္မယ္။

စိတ္ပ်က္စရာအေျခအေနနဲ႔ၾကံဳလာရလို႔ လက္ေလ်ွာ့လိုက္မယ္ဆုိရင္ အဲ႔ဒီေနရာမွာပဲ တ၀ဲလည္လည္ျဖစ္ေနမွာပါ။ေရွ႔လည္းဆက္မသြားႏုိင္၊ေနာက္လည္းျပန္မဆုတ္ႏုိင္နဲ႔ေပါ့။ဘ၀ကို အဲ႔ဒီလုိမိ်ဳး သင္မျဖတ္သန္းခ်င္ဘူးဆုိတာ ယံုပါတယ္။စာဖတ္သူေတြအားလံုး စိတ္ပ်က္လိုက္တာဆုိျပီးေရရြတ္ရေလာက္တဲ႔အေျခအေနမ်ိဳးၾကံဳေတြ႔လာရတဲ႔အခါ စိတ္ပ်က္စရာေတြကေန အေကာင္းဆံုးသင္ခန္းစာယူနုိင္ပါေစလုိ႔ ေမ်ွာ္လင့္ပါတယ္။

*သင္က ဒီထက္ပုိေကာင္းတဲ႔အရာေတြနဲ႔ထုိက္တန္ပါတယ္*

Unicode

ကိုယ်တို့တွေရဲ ့ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့အခိုက်အတန့်တွေအများကြီးကြုံခဲ့ဖူးပါတယ်။ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ၊ကိုယ်မျှော်လင့်ထားတာနဲ့လွဲချော်သွားတဲ့အခါ စိတ်ပျက်မိကြတယ်။ဒါပေမဲ့ ဒီစိတ်ပျက်စရာ၊စိတ်ပျက်မှုတွေက ဘဝရဲ ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘဝရဲ့ သင်ခန်းစာတွေကိုသင်ပေးခဲ့တာပါ။ကိုယ့်ကိုယ့်ကိုယ်အသုံးမကျလိုက်တာလို့အပြစ်တင်နေမယ့်အစား ဒီစိတ်ပျက်စရာတွေကနေ ကိုယ်တို့တွေ ဘာသင်ခန်းစာတွေရယူနိုင်ခဲ့လဲဆိုတာသေချာဆန်းစစ်ကြည့်ဖို့လိုပါတယ်။စိတ်ပျက်စရာတွေကနေ ပေးတဲ့ဘဝသင်ခန်းစာဆိုတာ…

*ဘဝမှာဘယ်အရာမှပုံသေတွက်ထားလို့မရဘူးဆိုတာသင်ပေးတယ်
ကိုယ်စီစဉ်ထားတဲ့အစီအစဉ်တစ်ခုလွဲချော်သွားတဲ့အခါ၊ကိုယ်ခန့်မှန်းထားတဲ့အတိုင်း
ဖြစ်မလာတဲ့အခါမျိုးမှာ ဘဝမှာ ဘယ်အရာကိုမှပုံသေတွက်ထားလို့မရဘူးဆိုတဲ့သင်ခန်းစာရလာပါတယ်။ဒီနေ့ဘာဆက်ဖြစ်မလဲ မသေချာသလိုမနက်ဖြန်ဘာဆက်ဖြစ်မလဲမသိတဲ့ဘဝကြီးမှာ အခုလက်ရှိအချိန်ကိုပဲ အကောင်းဆုံးဖြတ်သန်းဖို့ပဲလိုပါတယ်။

*ကိုယ့်ကိုယ့်ကိုယ်ပိုသိလာတယ်
ကိုယ့်ကိုယ့်ကိုယ်အမှန်မမြင်ပဲ အကောင်းချည်းပဲမြင်နေမယ်ဆိုရင်မဖြစ်သေးဘူးနော်။အဆင်မပြေတာတွေဖြစ်လာတဲ့အခါကျမှ အော် ငါဒီထက်ပိုကြိုးစားရဦးမယ်။ပိုပြီးတိကျအောင်လုပ်ရဦးမယ်။အတွေ့အကြုံတွေအများကြီးလိုနေသေးတယ်ဆိုတာ ပိုသိလာပါတယ်။ကိုုယ့်ကိုယ့်ကိုယ်တော်တယ်၊တတ်တယ်ထင်ထားပေမဲ့အရေးကြုံလာတဲ့အခါ ဘာမှသေချာမသိသေးတာကို ပြန်မြင်မိပါလိမ့်မယ်။ဒါကလည်း ဘဝသင်ခန်းစာတစ်ခုပါပဲ။

*ကိုယ့်မှာရှိတဲ့အရာတွေကို ပိုပြီးတန်ဖိုးထားတတ်လာတယ်
စိတ်ပျက်စရာတွေကြုံရလို့ စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ဒီလိုစိတ်ပျက်စရာတွေ တစ်ခြားသူတွေလည်းကြုံခဲ့ရဖူးတယ်ဆိုတာ အရင်ဆုံးသတိရပါ။မသေချာတဲ့အရာတစ်ခုမှာငွေတွေပုံအပ်လိုက်မိလို့ဆုံးရှုံးသွားရတဲ့အခါမျိုးမှာ ငါအသုံးမကျလိုက်တာလို့အပြစ်တင်နေမယ့်အစား နောက်တစ်ခါ
ဒီလိုအမှားမျိုးမလုပ်မိဖို့၊ကိုယ့်မှာရှိတဲ့ငွေတွေကို ပိုပြီးတန်ဖိုးထားစိစစ်တတ်ဖို့သင်ခန်းစာရလိုက်တယ်လို့သဘောထားပါ။

*ပိုပြီးစိတ်ရှည်တတ်လာတယ်
ဒီတစ်ခါလုပ်လိုက်လို့တလွဲဖြစ်သွားရင်နောက်တစ်ခါ ဒီထက်ပိုကောင်းအောင်ကြိုးစားရတယ်မဟုတ်လား။ဘယ်လောက်ပဲတလွဲတွေဖြစ်ဖြစ်၊ကိုယ့်ရလဒ်က ဘယ်လောက်ပဲဆိုးဆိုး လက်မလျှော့ပဲဆက်လုပ်နေသရွေ့ သင်မကျရှုံးသေးပါဘူး။အားလုံးပြီးပြည့်စုံတဲ့အထိပြန်ကြိုးစားရတဲ့အခါ
အောင်မြင်မှုနဲ့အတူ ဘယ်အရာမဆိုစိတ်ရှည်သည်းခံမှရမယ်ဆိုတဲ့ အတွေးကောင်းတစ်ခုကိုပါ ပိုင်ဆိုင်လာရမှာပါ။စိတ်ရှည်လက်ရှည်နဲ့ကြိုးစားမှုကြောင့် ရလာတဲ့ဆုလာဘ်က ပိုုပြီးချိုမြိန်ပါတယ်။

*ကိုယ့်ကိုယ့်ကိုယ်ပိုပြီးချစ်တတ်လာတယ်
ဘဝမှာကြုံတွေ့လာရတဲ့စိတ်ပျက်စရာတွေများလာလေလေ ကိုယ့်ကိုယ့်ကိုယ်ပိုပြီးကြံ့ခိုင်လေစေပါ။ဒီအဆင်မပြေဖြစ်ရတဲ့အခြေအနေကို ပြန်တည့်မတ်ဖို့ ခွန်အားတွေ၊ဉာဏ်အားတွေသုံးရတယ်။ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကိုလည်းလက်ခံပြီး ပြန်ပြင်ဆင်ရတယ်။အဆင်မပြေမှုတွေ၊စိတ်ပျက်စရာအခြေအနေ တွေပြီးဆုံးသွားတဲ့အခါမှာတော့ သင်က ဘယ်လိုစိတ်ပျက်စရာမျိုးပဲလာလာ အဲ့ဒီကနေသင်ခန်းစာရအောင်ယူပြီးထိုးထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါပဲ။အဲ့ဒီအခါကျတော့ ကိုယ့်ကိုယ့်ကိုယ်ပိုပြီးတန်ဖိုးထားချစ်တတ်လာပါလိမ့်မယ်။

စိတ်ပျက်စရာအခြေအနေနဲ့ကြုံလာရလို့ လက်လျှော့လိုက်မယ်ဆိုရင် အဲ့ဒီနေရာမှာပဲ တဝဲလည်လည်ဖြစ်နေမှာပါ။ရှေ့လည်းဆက်မသွားနိုင်၊နောက်လည်းပြန်မဆုတ်နိုင်နဲ့ပေါ့။ဘဝကို အဲ့ဒီလိုမျိုး သင်မဖြတ်သန်းချင်ဘူးဆိုတာ ယုံပါတယ်။စာဖတ်သူတွေအားလုံး စိတ်ပျက်လိုက်တာဆိုပြီးရေရွတ်ရလောက်တဲ့အခြေအနေမျိုးကြုံတွေ့လာရတဲ့အခါ စိတ်ပျက်စရာတွေကနေ အကောင်းဆုံးသင်ခန်းစာယူနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

*သင်က ဒီထက်ပိုကောင်းတဲ့အရာတွေနဲ့ထိုက်တန်ပါတယ်*

373 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.